❝ OS အသစ်တွေနဲ့ WWDC25..❞

❝ OS အသစ်တွေနဲ့ WWDC25..❞
.
ညကပြုလုပ်သွားပြီးခဲ့တဲ့ WWDC25 မှာတော့ -
- iOS 26
- macOS 26
- iPadOS 26
- watchOS 26
- visionOS 26
- tvOS 26
.
ဆိုပြီး မိတ်ဆက်ပေးသွားခဲ့ပါပြီ။ ဒီ OS အသစ်တွေမှာ ဘာတွေပြောင်းလဲသွားလဲ၊ ဘယ်အချက်တွေက လူတွေအကြိုက်ကို ဖမ်းစားနိုင်ဦးမလဲဆိုတာ အောက်ကပုံတွေတစ်ပုံချင်းစီမှာ အကျဉ်းချုံးပြောပြပေးထားပါတယ်။
.
**(Pics credit to : CNET)
iOS 26
========
UI Design မှာ Liquid Glass ဆိုပြီး iPhone တွေရော Apple Devices တွေမှာပါ ပြောင်းလဲလိုက်ပါပြီ။ မြင်သာအောင်ပြောရရင် ပစ္စည်းတစ်ခုခုကို Glass အုပ်လိုက်တဲ့အခါ မြင်ရမဲ့ပုံမျိုးပါ။ Background ပေါ်မူတည်ပြီး ပြောင်းလဲနေမဲ့ 3D-Design မျိုးဆိုတော့ တော်တော်လေးလှပါတယ်။ Lock Screen ရဲ့နာရီကလည်း Wallpaper ပေါ်မူတည်ပြီး ပြောင်းလဲနေမှာပါ။
.
နောက် iMessage မှာဆိုရင်လည်း Background ပုံတွေပြောင်းလို့ရလာပြီ။ Group Chat တွေမှာလည်း Poll System နဲ့မဲခွဲလို့ရမဲ့ feature လေးပါလာပါတယ်။ နောက် Live Translation ကို iMessage, FaceTime နဲ့ Phone ထဲမှာထည့်သွင်းပေးထားပါတယ်။ Apple Music နားထောင်တဲ့အခါ Lock Screen မှာလည်း Video အနေနဲ့ Full Screen ပြပေးမှာဖြစ်ပါတယ်။ Phone App မှာလည်း Call Screening နဲ့ Hold Assist လို Feature တွေလည်း ထည့်ပေးထားပါသေးတယ်။
.
macOS 26
========
iPhone Mirroring နဲ့ Live Activity တချို့လုပ်လို့ရလာမယ်၊ Voicemail တွေ၊ Contact တွေကို Access လုပ်လို့ရလာပြီး ဖုန်းလာရင်လည်း mac OS ကနေပြီးကိုင်လို့ရပါပြီ။ Menu Bar, Apps နဲ့ Widget Designs တွေကိုလည်း Liquid Design နဲ့လုပ်ပေးထားပါတယ်။
.
iPadOS 26
========
ဖွင့်ထားတဲ့ Apps တွေရဲ့ Size ကိုစိတ်ကြိုက်ထိန်းညှိလို့ရလာမယ်၊ App တစ်ခုနဲ့တစ်ခု ရွှေ့ရပြုရတာတွေ ပိုချောမွေ့လာတယ်၊ ပိုပြီး Responsive ဖြစ်လာတာမို့ Multitasking လုပ်ရတာတွေ ပိုကောင်းလာပါမယ်။ အဲ့တော့ အလုပ်လုပ်ရတာ အရင်ထက်ပိုပြီးတွင်လာမှာပါ။ နောက် mac OS အတိုင်း (Close, Minimize နဲ့ Maximize) လုပ်လို့ရမဲ့ Window Bar လေးပါလာပါဦးမယ်။
.
watchOS 26
========
ကျန်းမာရေးနဲ့ Workout အတွက် ပိုပြီးအသုံးတည့်တဲ့ Feature တွေပါလာပါပြီ။ Smart Stack ဆိုတဲ့ Widget ကနေပြီး Gym သွားတဲ့အခါဖြစ်ဖြစ် ကိုယ့်အတွက် အသုံးတည့်မဲ့ ဒေတာတွေကိုပြောပြပေးမှာပါ။ နောက် Notifications တွေဝင်လာရင်လည်း Ambient Noise အနေနဲ့ Alert လုပ်ပေးမဲ့ Function လေးလည်းပါလာပါတယ်။
.
tvOS 26
========
Apple TV မှာ ဇာတ်လမ်း၊ ရုပ်ရှင်တွေကြည့်ရင်းနဲ့ Playback Control လုပ်ရတဲ့အပိုင်းတွေပိုမိုက်လာတယ်။ နောက် ပိုပြီး Cinematic ဆန်လာတဲ့ ရုပ်ရှင်ပိုစတာတွေကြောင့် ဇာတ်လမ်းတွေရွေးရတာ၊ Browsing လုပ်ရတဲ့ ဖီလင်ကလည်း တော်တော်လေး အရသာပိုရှိလာမှာပါ။
.
visionOS 26
========
Spatial Experiences တွေ၊ App အသစ်တွေနဲ့ Customize လုပ်လို့ရတဲ့ Widget တွေအများကြီးထည့်ပေးထားတယ်။ ဥပမာ - တိုင်ကပ်နာရီအတိုင်း နာရီလက်တံတွေကို သေချာမြင်နေရသလို ခံစားရစေမဲ့ Widget မျိုး၊ နောက် Calendar ဆိုရင်လည်းး ကိုယ်သုံးချင်တဲ့ Frame, Color အတိုင်း စိတ်တိုင်းကျလုပ်ပြီး သုံးလို့ရလာမယ်။ Personas တွေကလည်း ပိုပြီး Realistic ဆန်လာသလို ခံစားရမှာပါ။
.