❝ မြန်မာငွေကျပ် သိန်း (၁၂၀) ကျော် ခန့်မှန်းတန်ဖိုးရှိနိုင်တဲ့ Vision Pro အပါအဝင် တခြားစိတ်ဝင်စားစရာတွေနဲ့ WWDC 2023 ❞

Date: 06/06/2023

❝ မြန်မာငွေကျပ် သိန်း (၁၂၀) ကျော် ခန့်မှန်းတန်ဖိုးရှိနိုင်တဲ့ Vision Pro အပါအဝင် တခြားစိတ်ဝင်စားစရာတွေနဲ့ WWDC 2023 ❞

.

တစ်နှစ်တစ်ခါ အသစ်အဆန်းတွေကိုချပြနေတဲ့ Apple ဟာ ဒီနှစ်မှာလည်း အားလုံးမထင်မှတ်ထားလောက်တဲ့ စိတ်ဝင်စားစရာ အမိုက်စားတွေနဲ့အတူ WWDC 2023 ပွဲကြီးကို ကျင်းပခဲ့ပါပြီ။ ဘာတွေမိတ်ဆက်ခဲ့လဲ၊ ဘယ်အချက်တွေကတော့ လူတွေစိတ်အဝင်စားဆုံးဖြစ်လာနိုင်မလဲဆိုတာကို ဒီ Post ကနေ အကျဉ်းချုံးပြောပြသွားမှာဖြစ်ပါတယ်။

.

.

Apple Vision Pro
========
WWDC 2023 မှာ လူတွေရဲ့ အာရုံကိုဖမ်းစားသွားတာကတော့ Vision Pro ပဲဖြစ်ပါတယ်။ ကိုယ့်ကို Virtual World တစ်ခုဆီ အမှန်တကယ်ရောက်သွားတယ်ဆိုတဲ့ဖီလင်မျိုးရအောင် လုပ်ပေးနိုင်တဲ့ XR Headset ဖြစ်ပြီးတော့ လက်ရှိအချိန်မြန်မာငွေပေါက်ဈေး၊ Tax တွေ Transportation Charges တွေနဲ့ တခြားအကြောင်းအရာတွေ (ဥပမာ - Supply/ Demand) နဲ့ ခန့်မှန်းတန်ဖိုးတွက်မယ်ဆိုရင် ကျပ်သိန်း (၁၂၀) လောက်အထိတောင် ရှိနိုင်ပါတယ်။ ကမ္ဘာ့ပထမဦးဆုံး Spatial Operating System ဖြစ်တဲ့ visionOS ကို သုံးပေးထားတယ်။ Apps တွေကိုလည်း Users ရဲ့ မျက်လုံး၊ လက်နဲ့ အသံကနေ သဘာဝကျကျ Control လုပ်နိုင်မယ်ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း တကယ်ကိုစိတ်ဝင်စားနေတဲ့ Apple Product အသစ်တစ်မျိုးပဲဖြစ်ပါတယ်။
.
US မှာတော့ လာမဲ့ 2024 ခုနှစ်အစပိုင်းလောက်မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို 2024 နှစ်ကုန်ပိုင်းလောက်မှာ စတင်ဖြန့်မယ်လို့သိရပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်ထိကိုတော့ ကျွန်တော်တို့အားလုံး ရင်ခုန်စွာနဲ့ စောင့်ရမှာပါ။ ဈေးနှုန်းတွေကလည်း လက်ရှိပြောထားတာတွေက (ခန့်မှန်း) တွေသာဖြစ်တာမို့လို့ ဒီဈေးဖြစ်ပါတယ်လို့ အတိအကျပြောတာမျိုးတော့ မဟုတ်ပါဘူး။
.
.

MacBook Air 15-inch
==========
ကမ္ဘာ့အကောင်းဆုံးနဲ့ အပါးဆုံး 15-inch Laptop လို့တောင် Apple က တင်စားသွားတဲ့ MacBook Air 15-inch ပဲဖြစ်ပါတယ်။ Performance ပိုင်းမှာကြမ်းပါတယ်လို့ အားလုံးလက်ခံထားကြတဲ့ M2 Chip ကို သုံးပေးထားပြီးတော့ (၁၈) နာရီအထိတောင် ဘက်ထရီခံမှာပါတဲ့ဗျာ။ 15.3-inch Liquid Retina Display | Six Speaker Sound System တို့လည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Starlight | Space Grey | Silver | Midnight စတဲ့ အရောင်လေးရောင်ရမှာဖြစ်ပြီး ပစ္စည်းကတော့ မြန်မာနိုင်ငံဘက်ကို ဇူလိုင်လလောက်မှာ ရောက်မယ်လို့ခန့်မှန်းထားပြီး လက်ရှိအချိန်မှာတော့ ဈေးနှုန်းအတိအကျကို မသိရသေးပါဘူး။ ပစ္စည်းရောက်လာတဲ့အချိန်ကျရင် ဈေးနှုန်းနဲ့တကွ Post တင်ပေးသွားပါမယ်ခင်ဗျာ။
.
.

Mac Studio & Mac Pro
===========
Mac Studio အသစ်မှာတော့ M2 Max နဲ့အတူ WWDC 2023 မှာပဲ မိတ်ဆက်သွားတဲ့ M2 Ultra ကိုပေါင်းသုံးထားပါတယ်။ ဒါကြောင့် အရင်ထွက်ခဲ့တဲ့ Mac Studio တွေနဲ့ယှဉ်ရင် Powerful အဖြစ်ဆုံးနေရာကို ရောက်လာတဲ့အပြင် Performance Powerhouse လို့တောင် တင်စားထားပါတယ်။ ဒီတော့ After Effects ကိုသုံးတဲ့ Motion Graphics Designers တွေအတွက် အမိုက်ဆုံးအချက်တစ်ချက်က Render ချတဲ့နေရာမှာ အချိန်ထက်ဝက်နီးပါးလောက် ပိုမြန်လာမှာပါတဲ့ခင်ဗျာ...။
.
PCIe Expansion နဲ့အတူ Powerful ဖြစ်တဲ့ M2 Ultra တို့ ပေါင်းသုံးထားတဲ့ Mac Pro အသစ်ကတော့ Art Creators တွေအတွက်တော့ လုံးဝအမိုက်စားဖြစ်မှာပါ။ အရင်ထွက်ခဲ့တဲ့ Intel-based Mac Pro နဲ့ယှဉ်မယ်ဆိုရင်တော့ Video Transcoding တို့ 3D Simulations ပိုင်းတွေက (၃) ဆပိုမြန်ပြီး run နိုင်မှာဖြစ်ပါတယ်။
.
.

iOS 17
===
iOS 17 မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား Features အသစ်တွေကို Upgrade လုပ်ထားပါတယ်။ အဓိကအားဖြင့် ကိုယ်က ဖုန်းခေါ်တဲ့အခါမှာ တစ်ဖက်မှာမြင်နိုင်မဲ့ ပုံတွေကို စိတ်ကြိုက် Customize လုပ်ထားလို့ရမယ်။ Voice Mail ပို့ရင်လည်း အော်တို Transcript လုပ်ပေးတဲ့ Features တွေလည်း ပါလာမယ်။ ကိုယ့် ပို့ခဲ့တဲ့ Messages တွေကို Search Filters ကနေ Key Words ရိုက်ထည့်ပြီးတော့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ရှာလို့ရလာမယ်။
.
iMessage မှာလည်း Live Stickers | emoji | Memoji နဲ့ တခြား Stickers တွေကို တစ်နေရာထဲမှာပဲ သုံးလို့ရလာမဲ့အပြင် ကိုယ့်ရိုက်ထားတဲ့ပုံတွေကိုလည်း Live Sticker အနေနဲ့ပြောင်းပြီး ပို့လို့ရတော့မှာဖြစ်ပါတယ်။ FaceTime က Video နဲ့ Audio Message တွေကို Auto Record လုပ်လို့ရလာမှာဖြစ်ပြီးတော့ Apple TV မှာလည်း FaceTime ကို သုံးလို့ရမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် “Hey Siri” လို့ခေါ်မှ ထူးတဲ့ Siri ကိုတော့ Hey ဖျောက်ပြီး Siri တစ်လုံးထဲခေါ်ရုံနဲ့ရပါပြီတဲ့ဗျာ။ ဒီလိုမျိုး အမိုက်စား Features အသစ်တွေအပြင် တခြားအလန်းစား Features အသစ်တွေကိုလည်း iOS 17 မှာ ရလာတော့မှာပါ။
.
.

iPadOS 17
=======
iPadOS 17 မှာတော့ Lock Screen ကို ဒီဇိုင်းပြန်ဆွဲထားပြီး ကိုယ့်စိတ်ကြိုက် Wallpaper တွေ၊ Widget တွေကို ကိုယ့်စိတ်ကြိုက်ထားလို့ရတော့မှာ ဖြစ်ပါတယ်။ Notes App သုံးတဲ့သူတွေအတွက်ကိုလည်း စာဖတ်ရင်အဆင်ပြေအောင်၊ Page တစ်ခုနဲ့တစ်ခုကိုပြောင်းတာကအစ၊ ရေးစရာမှတ်စရာတွေရှိလာရင် Apple Pencil နဲ့ တစ်ခါတည်းရေးမှတ်လို့ရတာအဆုံး သေချာလေး Redesign လုပ်ပေးထားတာဖြစ်ပါတယ်။
.
.

watchOS 10
======
watchOS 10 မှာ အဓိက redesign လုပ်ထားတာကတော့ Smart Stack ပါပဲ။ ကိုယ်လိုချင်တဲ့ Widgets တွေကို Apple Watch Display ကနေပဲ မြန်မြန်ဆန်ဆန်နဲ့ကြည့်လို့ရလာမယ်။ Palette နဲ့ Snoopy ဆိုတဲ့ အမိုက်စား Watch Faces နှစ်မျိုးကိုပါ ရလာမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် Cycling နဲ့ Hiking တို့အတွက် Features အသစ်တွေပါလာမှာဖြစ်ပါတယ်။
.
.

macOS Sonoma
======
macOS Sonoma မှာတော့ ကိုယ့်ရဲ့ screen ပေါ်မှာ widgets တွေကို ထည့်လို့ရလာမယ်။ Screen Savers မှာဆိုရင်လည်း ကမ္ဘာ့နိုင်ငံတချို့ရဲ့ အမိုက်စား View တွေကို Slow Motion Video တွေနဲ့ပြပေးထားတဲ့အတွက် တော်တော်လေး Attractive ဖြစ်လာတယ်။ အဲ့ဒါအပြင် Mac Users တွေရဲ့ Privacy ကို ထိန်းပေးလာနိုင်တဲ့အချက်ကိုတော့ Safari ရဲ့ Private Browsing မှာတွေ့ရမှာဖြစ်ပါတယ်။ Advanced Tracking နဲ့ Fingerprint Protection ကိုထည့်ပေးလိုက်တဲ့အတွက် ဝက်ဘ်ဆိုဒ်တွေကနေတစ်ဆင့် Users တွေကို track လုပ်နေတာမျိုးကနေ ကာကွယ်ပေးတယ်။ Video Conferencing App တွေမှာလည်း video effect အသစ်တွေပါလာမှာမို့ စိတ်ဝင်စားစရာကောင်းတဲ့ Presentation တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။
.
.

tvOS 17
====
tvOS 17 မှာရလာမဲ့ Main Features ကတော့ Apple TV 4K မှာ FaceTime ကို ပထမဦးဆုံး သုံးလို့ရတော့မှာဖြစ်ပါတယ်။
.
.

■ WMW HOTLINE - 09 885 900 800, 09 443 222 888, 09 785 222 888

.

Win Mobile World (Myaynikone Branch)

**********************

09 885 900 100

09 783 400 700

.

Win Mobile World (Myanmar Plaza Branch)

***********************

09 885 900 200

09 45 222 888 6

09 45 222 888 7

.

Win Mobile World (City Mall Branch)

************************

09 885 900 300

09 969 796 021

09 969 796 022

.

Win Mobile World (Terminal-M Branch)

***********************

09 885 900 400

09 784 500 800

.

Win Mobile World (Times City Branch)

************************

09 885 900 500

09 783 700 500

.

Win Mobile World (Citymall | Shwe Pinlon)

****************************************

09 885 900 600

09 963 200 600

.
Win Mobile World Service Centre

************************

09 787 222 888

09 965 400 500

.

.

Top