သင့်ခန္ဓာကိုယ်က တကယ်ရောပုံမှန်ဟုတ်ရဲ့လား...

Date: 28/01/2023

အပြင်ပိုင်းကြည့်ပြီး ပုံမှန်ပဲလို့ထင်ထားတဲ့ခန္ဓာကိုယ်က တကယ်တမ်းပုံမှန်မဟုတ်ရင် ဘာတွေဆက်ဖြစ်မှာလဲ။ စားတာကတော့ ဆီဥထောပတ်၊ အကောင်းမှန်သမျှ အကုန်ကြိုက် အကုန်စားပေမဲ့ Calorie Burn အောင် ဘာလေ့ကျင့်ခန်းမှမလုပ်ဖြစ်ဘူးဆိုရင်တော့ သေချာတယ်... အဝလွန်ပြီး နှလုံး၊ အသည်းအဆီဖုံးတာ၊ ဆီးချို၊ သွေးချိုတွေဖြစ်တာ၊ နှလုံးသွေးကြောကျဉ်းတာတွေ စတဲ့ Side Effect တွေက မဖိတ်ခေါ်ပဲရောက်လာတော့မှာ။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်ဟာ ပုံမှန်ဟုတ်မဟုတ်ဆိုတာကို အကြမ်းဖျင်းသိနိုင်မဲ့ အချက် (၃) ချက်ကို ဒီနေ့ Post ကနေ ရှင်းပြပေးသွားမှာပါ။

.

၁။ Body Mass Index (BMI)

============

BMI လို့အလွယ်သိကြတဲ့ Body Mass Index ကနေ ကိုယ့်ရဲ့ကိုယ်အလေးချိန်က ပုံမှန်ထက်များနေလား၊ နည်းနေလားဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။ BMI တန်ဖိုးကို ဘယ်လိုသိနိုင်မလဲဆိုရင် ကိုယ့်ရဲ့လက်ရှိကိုယ်အလေးချိန် ကီလိုဂရမ်ကိုတည်၊ ကိုယ့်ရဲ့အရပ် မီတာကို နှစ်ထပ်တင်ပြီးစားရင် ရလာတဲ့ တန်ဖိုးက BMI ပါပဲ။

.

ဥပမာ - ကိုယ်အလေးချိန်က 80kg, အရပ်က 1.8m ဆိုပါစို့...

ဒါဆိုရင် 80kg ကိုတည်၊ 1.8m ကိုနှစ်ထပ်တင်ထားတဲ့ 3.24 sq.m နဲ့စား

အဲ့တော့ BMI = 80kg/3.24sq.m = 24.69 ရမှာဖြစ်ပါတယ်။

.

အရွယ်ရောက်ပြီးသားသူတစ်ယောက်မှာ 18.5 နဲ့ 24.9 ကြားရှိရင် Normal Weight (or) Healthy Weight လို့ သတ်မှတ်နိုင်ပါတယ်။ အဲ့ထက် နည်းတာ၊ များတာဆိုရင်တော့ ပိန်လွန်း၊ ဝလွန်းနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဆို အပေါ်မှာရခဲ့တဲ့ 24.69 ဆိုရင် Normal Weight ထဲဝင်နေပြီး နည်းနည်းလေး ဝိတ်တက်လိုက်တာနဲ့ အဝလွန်တဲ့ထဲပါတော့မယ်ဆိုတာ ကြိုတင်ယူဆထားလို့ရပါတယ်။

.

၂။ Visceral Fat or Hidden Fat

==========

ခန္ဓာကိုယ်မှာ အဆီနဲ့ပတ်သက်လို့ ပုံမှန်အားဖြင့် Subcutaneous Fat နဲ့ Visceral Fat ဆိုပြီး နှစ်မျိုးရှိပါတယ်။ Subcutaneous Fat က အရေပြားအောက်မှာရှိတဲ့ အဆီတွေကိုပြောတာဖြစ်ပါတယ်။ ဥပမာ - ဗိုက်ခေါက်ထွက်တာ၊ ပေါင်မှာ အဆီတွေစုနေတာ စသဖြင့်ပေါ့။ သူတို့တွေက ထင်သာမြင်သာရှိကြတယ်။ အဲ့ဒါတွေကလွဲလို့ ကိုယ်တွင်းအင်္ဂါမှာစုနေတဲ့ အဆီတွေ၊ ဥပမာ - နှလုံးတို့၊ ဝမ်းဗိုက်တို့၊ အူနံရံတို့။ အဲ့လိုနေမျိုးတွေမှာ ရှိတတ်တဲ့ အဆီတွေကိုကြတော့ Visceral Fat or Hidden Fat လို့ခေါ်ပါတယ်။ ဒါတွေက အစားအသောက်များများစားပြီး စားသလောက် Calorie လောင်ကျွမ်းအောင် မလုပ်နိုင်ဘူးဆိုရင် အဲ့ဒီအဆီတွေက ပိုများလာတတ်ပါတယ်။

.

Visceral Fat က ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Chemicals တွေ၊ Hormones တွေကို ထုတ်ပေးပြီးတော့ Subcutaneous Fat ထက်စာရင် ပိုပြီးအန္တရာယ်များပါတယ်။ ဒီ Visceral Fat တွေက ပိန်တာဝတာနဲ့လည်း မဆိုင်သလို ပိန်တဲ့သူတွေမှာလည်း Visceral Fat မများဘူးလို့ မပြောနိုင်ပါဘူး။

.

၃။ Body Fat Percentage

=============

Body Fat Percentage ကလည်း BMI လိုပါပဲ။ Percentage သာ အရမ်းများသွားမယ်ဆိုရင် ဆီးချိုရောဂါဖြစ်မယ်၊ နှလုံးသွေးကြောကျဉ်းတာနဲ့ တခြား Health Problems တွေဖြစ်လာတော့မှာပါ။

.

Body Fat Percentage က ပုံမှန်ဟုတ်မဟုတ်ဆိုတာ Gender နဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပါသေးတယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ 14% နဲ့ 17.4% ကြားရှိရင် ကောင်းတယ်လို့သတ်မှတ်လို့ရပြီး သက်လတ်ပိုင်းအမျိုးသားတွေမှာကြတော့ 8% နဲ့ 14.5% ကြားရှိမှ ကောင်းတယ်လို့သတ်မှတ်နိုင်မှာပါ။ တစ်ခုရှိတာက Body Fat Percentage ကိုတွက်ထုတ်လို့ရမဲ့ Formula တော့ သီးသန့်မရှိပါဘူး။ စက်ပစ္စည်းတွေနဲ့ တိုင်းတာမှပဲရမှာဖြစ်ပါတယ်။

.

ဒါဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်ဟာ အဝလွန်နေလား၊ ပိန်နေလား သေချာစစ်ဆေးပြီးတော့ အဆီလျှော့စားသင့်ရင်စားရမယ်။ အားကစားလုပ်သင့်ရင်လုပ်ရမယ်။ ဒါမှလည်း Healthy Life ကို ရမှာဖြစ်ပါတယ်။

.

ခန္ဓာကိုယ်အတွက်သိရမဲ့ အခြေခံကျတဲ့အချက် (၃) ချက်ထဲမှာ BMI က တွက်ထုတ်လို့ရပေမဲ့ Visceral Fat နဲ့ Body Fat Percentage ကိုတော့ ကိုယ်တိုင်တွက်ထုတ်လို့မရပါဘူး။ ဒါပေမဲ့ ဒီ Data တွေကို အကြမ်းဖျင်းသိချင်တယ်ဆိုရင်တော့ အိမ်မှာတင် ကိုယ်တိုင်တိုင်းတာလို့ရမဲ့ ပေါင်ချိန်စက်တွေရှိပါတယ်ခင်ဗျာ။ သူက Body Composition အတွက် သိသင့်တဲ့ Data တွေကို ပြပေးမှာမို့ ဝယ်ထားချင်တယ်ဆိုရင်တော့ “Gadget Store by Win Mobile World” ကိုသာ လာခဲ့လိုက်ပါခင်ဗျာ။

.

■ Gadget Store by Win Mobile World

===========================

#02-01 (IT Zone), Level 2, City Mall St. John, No. (6-B), Conor of Pyi Road and Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

09783400300, 09424500300

.

.


Top