ကိုယ်နဲ့အသုံးတည့်မဲ့ Vacuum Cleaner ကို ဘယ်လိုရွေးဝယ်ကြမလဲ...

Date: 27/01/2023

ဖုန်စုပ်စက်ဝယ်တိုင်း ဈေးကြည့်ပြီးဝယ်မယ်ဆိုရင် အဲ့ဒီဖုန်စုပ်စက်က ကိုယ့်အတွက်မထိရောက်ဘဲ မလွှင့်ပစ်ရုံတမယ် အလကားဖြစ်သွားတတ်တယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဖုန်စုပ်မဲ့နေရာချင်း တူမှမတူကြတာ။ တချို့က အမွေးပွကော်ဇောတွေအတွက် သုံးဖို့ဝယ်ချင်တယ်။ တချို့က ကားထဲမှာ ဖုန်စုပ်ဖို့လိုချင်တယ်။ တချို့က အိပ်ရာတို့၊ ဆိုဖာခုံတွေမှာသုံးဖို့ ဝယ်ကြတယ်။ ဒီလိုမျိုး သုံးမဲ့ရည်ရွယ်ချက်ချင်း မတူကြတဲ့အတွက် ဝယ်ရမဲ့ ဖုန်စုပ်စက်တွေလည်း အတူတူလိုက်ဝယ်လို့မရပါဘူး။ ဒါဆို ကိုယ်သုံးမဲ့နေရာတွေအတွက် ထိထိရောက်ရောက်နဲ့ ဖုန်စုပ်လို့ရအောင် သိထားသင့်တဲ့ အချက် (၄) ချက်ကို ဒီ Post မှာ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။



.

 

Motor Power နဲ့ Vacuum Power

===============

Motor တစ်လုံးရဲ့ Power ကို Watt (W) နဲ့ ပြပြီးတော့ ဖုန်စုပ်ယူနိုင်တဲ့အား Vacuum Power (Vacuum Pressure) ကိုတော့ Pascal (Pa) နဲ့ပြပါတယ်။ ဒီတော့ Watt များပြီး Pa တန်ဖိုးများတဲ့ ဖုန်စုပ်စက်တွေက စုပ်ယူမှုအားကောင်းပြီးတော့ အမှိုက်အစအနတွေ၊ ဖုန်တွေ၊ အမွေးအမျှင်တွေကို ထိထိရောက်ရောက် စုပ်ယူပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ - ကားထဲမှာသုံးဖို့ ဖုန်စုပ်စက်အသေးလေးတွေဝယ်မယ်ဆိုရင်တော့ 6000-7000Pa ဝန်းကျင်လောက်နဲ့ အဆင်ပြေပါတယ်။ အိမ်အတွင်း ကြမ်းပြင်ဖုန်စုပ်ဖို့၊ အမွေးအမျှင်တွေစုပ်ဖို့၊ အမှိုက်အစအတွေပါ စုပ်ချင်တာဆိုရင်တော့ 15,000-20,000Pa လောက်ရှိရင် ပိုကောင်းပါတယ်။

.

Design & Structure

============

သန့်ရှင်းရေးလုပ်မှာဖြစ်တဲ့အတွက် Weight က စကားပြောပါတယ်။ Weight လေးနေရင် ကိုယ်ပဲပင်ပန်းပါတယ်။ ပြီးရင် တချို့ဖုန်စုပ်စက်တွေက ကြမ်းပြင်အတွက်၊ ချောင်ကြိုချောင်ကြားနေရာတွေအတွက် အဖြုတ်အတပ်လုပ်လို့ရတဲ့ ခေါင်းအပိုလေးတွေပါတတ်ပါတယ်။ ကိုယ်သုံးဖို့ လိုအပ်တာ၊ မလိုအပ်တာတွေ ပေါ်မှာမူတည်ပြီး ဒါတွေကို ကြည့်ဝယ်လို့ရမယ်။ ပြီးရင် ကိုယ်က Battery ပါတဲ့ Cordless ကိုဝယ်မှာလား၊ ကြိုးထိုးသုံးရမဲ့ Vacuum Cleaner ကို ဝယ်မှာလားဆိုတာကတော့ ကိုယ့်စိတ်ကြိုက်ရွေးနိုင်ပါတယ်။

.
.

.

Filtration System

==============

ဖုန်စုပ်စက်တစ်လုံးမှာ သုံးထားတဲ့ Filter တွေကလည်း အရေးကြီးပါတယ်။ Filter မကောင်းရင် ဖုန်စုပ်တဲ့နေရာမှာ လေသတ်သတ်၊ ဖုန်သတ်သတ်ခွဲမထုတ်ပေးနိုင်မျိုးတွေ ရှိလာမယ်။ စုပ်ထားတဲ့ဖုန်တွေက အပြင်ကို ပြန်လွင့်တာမျိုးတွေဖြစ်လာမယ်။ Filter ထဲမှာဆိုရင် HEPA Filter က ကောင်းတယ်လို့ပြောရမယ်။ သူက ဖုန်တွေနဲ့ အရမ်းသေးတဲ့အမှုန်လေးတွေကအစ စစ်ထုတ်ပေးနိုင်တယ်။ ဒါကြောင့် ဖုန်စုပ်စက်တစ်လုံးဝယ်ရင် ဘယ်လို Filter မျိုးတွေသုံးထားလည်း၊ Filter ဘယ်နှမျိုးသုံးထားလည်းဆိုတာ သိဖို့လိုပါတယ်။

.

Noise Level

=======

ဖုန်စုပ်လို့ အသံဆူရင် ကိုယ်အပါအဝင် ဘေးလူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်စုပ်စက်ဝယ်မယ်ဆိုရင် Noise Level (dB) ကို ဘယ်လောက်ထိလျှော့ချပေးထားလဲဆိုတာ သိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ dB တန်ဖိုးများလေလေ၊ အသံပိုဆူလေလေမလို့ပါ။

.

ဒီအချက်တွေကို သေချာသိပြီးမှ ဈေးကိုချိန်ပြီး ဖုန်စုပ်စက်တစ်လုံးကို ဝယ်ယူပါ။ ဒါဆိုရင် ကိုယ့်အတွက် အသုံးတည့်တဲ့၊ ဖုန်စုပ်ရင်ထိရောက်တဲ့ Vacuum Cleaner ကို ရွေးဝယ်နိုင်မှာဖြစ်ပြီး ကိုယ်လည်းငွေကုန်ရကျိုးနပ်မှာဖြစ်ပါတယ်။

.

Vacuum Cleaner ကောင်းကောင်းတစ်လုံးလိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ “Gadget Store by Win Mobile World” မှာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ အိမ်တွင်းဖုန်စုပ်ဖို့၊ ဒါမှမဟုတ် အိပ်ရာထဲဖုန်စုပ်ဖို့ အဆင်ပြေတဲ့ ဖုန်စုပ်စက်တွေကို စိတ်ကြိုက်ရွေးဝယ်နိုင်ပါတယ်။ ရနိုင်တဲ့ပစ္စည်းနဲ့ဈေးကိုတော့ ကျွန်တော်တို့ရဲ့ Chat Box ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

.
 

Top