Oven သုံးရင် မဖြစ်မနေသိရမဲ့ အချက် (၄) ချက်

Date: 27/01/2023

အခုနောက်ပိုင်း မီးဖိုချောင်တွေမှာ Kitchen Product တွေကို တော်တော်များများသုံးလာကြတယ်။ ဥပမာ - Microwave, Oven, Air Fryer စသဖြင့်ပေါ့…။ အဓိကက အသုံးတည့်တာရယ်၊ အချိန်ကုန် လူပင်ပန်းသက်သာတာရယ်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း Kitchen Product တွေရဲ့ Demand ဟာ အခုနောက်ပိုင်းမှာ ပိုတက်လာတယ်။

.

ဒီလိုမျိုး Customers တွေရဲ့ လိုအပ်ချက်ကိုသိလို့ ကျွန်တော်တို့ “Gadget Store by Win Mobile World” ကနေ ကွာလတီကောင်း၊ ပစ္စည်းကောင်းတဲ့ Kitchen Product တွေကိုလည်း မိတ်ဆက်ပေးလေ့ရှိပါတယ်။ အဲ့ဒါအပြင် ဒီ Product တွေနဲ့ပတ်သက်နဲ့ User Guide တွေ၊ အသုံးပြုတဲ့အခါ သိထားသင့်တဲ့အချက်တွေကိုလည်း အလျဉ်းသင့်သလို ဝေမျှပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ Electric Oven သုံးတဲ့အခါ သိထားသင်တဲ့ မဖြစ်မနေသိသင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးသွားမှာပါ။

.

ဒါကို မပြောခင်မှာ အရင်ဦးဆုံး Electric Oven တွေ ဘယ်လိုအလုပ်လုပ်သလဲပြောပြပေးပါ့မယ်။ Oven တွေမှာ အပေါ်မီး၊ အောက်မီးပါတဲ့အတွက် အစားအစာတွေရဲ့အပေါ်ဘက်ကိုပဲ အပူရောက်တာမျိုးမဟုတ်ဘဲ မျက်နှာပြင်ပတ်ပတ်လည်ကို အပူပေးတာဖြစ်ပါတယ်။ ဒီလိုမျိုး အပေါ်ယံမျက်နှာပြင်ကနေတစ်ဆင့် အတွင်းဘက်ကိုတစ်ဆင့်ချင်းစီ အပူကူးပြီး အစားအစာတွေကို ကျက်စေတာဖြစ်ပါတယ်။ ဒါကြောင့် Oven ဟာ မုန့်ဖုတ်ဖို့၊ အသား ငါးကင်ဖို့ အဓိကထားသုံးကြပါတယ်။ ဒါဆိုရင် ဘာတွေ

.

.
Plastic ပစ္စည်းတွေ ထည့်သုံးလို့မရပါဘူး...

============

Microwave တွေမှာတော့ Microwave Safe ဖြစ်တဲ့ Plastic တွေကို သုံးလို့ရပေမဲ့ Oven မှာတော့ Plastic ကို လုံးဝထည့်သုံးလို့မရပါဘူး။ အပေါ်မှာပြောခဲ့သလို အပေါ်မီး၊ အောက်မီးနဲ့ဖြစ်တဲ့အတွက် အပူချိန်ပြင်းပြီး ပလတ်စတစ်ကို အရည်ပျော်စေတာမျိုးတွေ၊ မီးထလောင်တာမျိုးတွေဖြစ်တတ်ပါတယ်။ အန္တရာယ်ရှိတဲ့အတွက် Oven ထဲကို Plastic လုံးဝ(လုံးဝ) ထည့်မသုံးသင့်ပါဘူး။

.
.

.

အပူချိန်အရမ်းမြင့်တဲ့အချိန်မှာ Wax Paper တွေကို ထည့်မသုံးသင့်ပါဘူး...

==============

ဒါကတော့ မုန့်ကို Oven နဲ့ အခုမှစမ်းဖုတ်ကြည့်မဲ့သူတွေ မေးတတ်တဲ့မေးခွန်းပါ။ မုန့်ဖုတ်ရင် သုံးတတ်ကြတဲ့ Wax Paper တွေက Moisture-resistant ဖြစ်တယ်ဆိုပေမဲ့ Heat Resistant မဖြစ်ပါဘူး။ ဒါကြောင့် Oven ထဲ အပူချိန်ပြင်းပြင်းသုံးတည့်အချိန် မီးထလောင်တတ်ပါတယ်။

.
.

.

ဖန်ပန်းကန်တွေ၊ ဖန်ခွက်တွေ ထည့်သုံးမယ်ဆိုရင် သတိထားဖို့လိုပါမယ်...

==============

Oven နဲ့သုံးချင်တယ်ဆိုရင် Thermal Shock Resistant ဖြစ်တဲ့၊ ဒါမှမဟုတ် Oven Safe ဖြစ်တဲ့ ဖန်ပန်းကန်တွေ၊ ဖန်ခွက်တွေကို ရွေးဝယ်ပြီးသုံးမှ ရပါလိမ့်မယ်။ မဟုတ်ရင် Thermal Shock ဖြစ်ပြီး ကွဲတတ်လို့ပါ။ ဒီအချက်ကလည်း အင်မတန် အန္တရာယ်များတဲ့အချက်မို့ သတိထားသင့်ပါတယ်ထင်ဗျာ။

.
.

.

အတွင်းပိုင်း သန့်ရှင်းရေးကို လုပ်ပေးရမယ်...

==============

အသား၊ ငါးကင်ရင် အထဲမှာ ဆီပေါက်တာ၊ အစအနတွေကျန်ခဲ့တာတွေရှိတတ်လို့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့လိုမယ်။ သုံးတော့မယ်ဆိုရင်လည်း အတွင်းဘက်မှာ အစအနတွေကျန်နေလား… သေချာကြည့်ဖို့လိုပါတယ်။ မဟုတ်ရင် ကျန်ခဲ့တဲ့ အဲ့ဒီအစအနတွေက တူးပြီး ညှော်နံ့ပိုထွက်တတ်လို့ပါ။

.

ဒါဆိုရင်တော့ Oven သုံးတဲ့အခါ မဖြစ်မနေသိထားသင့်တဲ့အချက်တွေကို သိသွားပြီလို့ ယူဆပါတယ်။ ဒီအချက်တွေကိုသာ လိုက်နာမယ်ဆိုရင် Electric Oven တစ်လုံးကို အဆင်ပြေပြေသုံးနိုင်မှာပါ။ ဒီလိုမျိုး Kitchen Product တွေကို လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ “Gadget Store by Win Mobile World” မှာ ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်း...

.

ချစ်ခင်လေးစားစွာဖြင့် -

Gadget Store by Win Mobile World

===========================

#02-01 (IT Zone), Level 2, City Mall St. John, No. (6-B), Conor of Pyi Road and Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

09783400300, 09424500300

.

Top