ဒီအချက် (၄) ချက်မှမသိရင် Hair Dryer မဝယ်နဲ့...

Date: 27/01/2023

ဈေးနဲ့ ဒီဇိုင်းလောက်ပဲကြည့်ပြီးဝယ်လိုက်တဲ့ Hair Dryer တွေက ကိုယ့်ဆံသားပျက်စီးရေးကို အားပေးနေတယ်ဆိုတာ ဘယ်သူသိနိုင်မလဲ...။ ခေါင်းလျှော်ပြီးတိုင်း ဆံပင်ရေမြန်မြန်ခြောက်သွားရင် ပြီးရောဆိုတဲ့ အယူအဆမှာကတည်းကိုက စမှားနေပြီ။ ဒီလိုပဲ ဆက်တွေးပြီး Hair Dryer တွေကို ဝယ်မယ်၊ သုံးနေမယ်ဆိုရင် သေချာတာတစ်ခုကတော့ ဆံပင်တွေပျက်စီးဖို့ အခြေအနေများလာပါပြီ။ ဒီတော့ ကိုယ့်ရဲ့ ဆံပင်အထူအပါး၊ အကောက်အဖြောင့်ပေါ်မှာမူတည်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Hair Dryer ကို ဘယ်လိုရွေးဝယ်ရမလဲဆိုတာ ဒီနေ့ Post ကနေ လေ့လာကြည့်ရအောင်...။ အသေးစိတ်ကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ဖတ်ပေးပါခင်ဗျာ။

.

;.
(၁)။ Rated Power ကို သိဖို့လိုမယ်...
================
Hair Dryer ရဲ့ Power (Wattage) က များလေလေ... အပူပိုထုတ်ပေးလေလေ... ဆံပင်ရေခြောက်တာ မြန်လေလေ။ ဆံပင်ညှပ်ဆိုင်တွေမှာသုံးတဲ့ Professional သုံး Hair Dryer တွေဆိုရင် 3600W အထိရှိတယ်ဆိုပေမဲ့ နားလည်တတ်ကျွမ်းတဲ့သူတွေကတော့ ပုံမှန်အိမ်သုံးအတွက်ပဲဆိုရင် 1800W လောက်ပဲ သုံးဖို့ အကြံပြုထားပါတယ်။ ဆံပင်ပါးတဲ့သူတွေ၊ ဆံပင်ရေခြောက်ရုံသုံးဖို့သူတွေက 1800W ဝန်းကျင်လောက်ရှိတဲ့ Hair Dryer တွေကို သုံးလို့ရပါတယ်။ အဲ့လိုမှမဟုတ်ဘဲ မွေးရာပါ ဆံပင်ကောက်ပြီး အုံအရမ်းထူတဲ့သူတွေဆိုရင်တော့ အဲ့ထက်များတဲ့ Wattage ရှိတဲ့ Hair Dryer တွေကို ရွေးဝယ်နိုင်ပါတယ်။
.


.
(၂)။ Hair Dryer အမျိုးအစားကို သိအောင်လုပ်ပါ...
=================
Hair Dryer မှာသုံးထားတဲ့ Technology ပေါ်မူတည်ပြီး အခြေခံအားဖြင့် အမျိုးအစား (၄) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ - Ceramic, Titanium, Tourmaline နဲ့ Ionic Hair Dryer တို့ပဲဖြစ်ပါတယ်။ Ceramic Hair Dryer တွေက ဆံပင်ကို အပူညီညီမျှမျှပေးပြီး ဆံသားမပျက်စီးအောင်ကာကွယ်ပေးတယ်။ သူ့ကိုကြတော့ ဆံသားပျက်စီးတဲ့သူတွေ၊ Hair Dryer ကို ပုံမှန်ထက်ပိုပြီးသုံးဖို့လိုတဲ့သူတွေ ရွေးလို့ရပါတယ်။ Titanium Hair Dryer တွေက ဆံပင်ကို ညီညီမျှမျှအပူပေးနိုင်တဲ့အပြင် Ceramic Hair Dryer တွေထက်ပိုပေါ့သလို အပူလည်းပိုထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သူ့ကိုကြတော့ Hair Dryer ကို ပုံမှန်သုံးမယ်၊ ဆံသားကို ချောမွတ်တောက်ပြောင်အောင် အားဖြည့်ချင်တယ်ဆိုရင် သုံးလို့ရပါတယ်။
.
Ionic Hair Dryer တွေက များသောအားဖြင့် Built-in Negative Generators တွေ ပါပါတယ်။ ဒီတော့ Negative Ions ကို ထုတ်ပေးပြီး ဆံပင်မှာစိုနေတဲ့ ရေက Positive Ions နဲ့ ဓာတ်ပြုစေတဲ့အတွက် ဆံသားရေခြောက်တာပိုမြန်တယ်။ ပြီးရင် ဆံသားကို နူးညံ့ပျော့ပျောင်းအောင် လုပ်ပေးနိုင်တာဆိုတော့ ဒီ့အတွက် သုံးချင်တယ်ဆိုရင် Ionic Hair Dryer တွေကို ရွေးလို့ရတယ်။
.
Tourmaline Hair Dryer တွေက Infrared Heat နဲ့ Negative Ions ကို ထုတ်ပေးတယ်။ သူ့မှာတစ်ခုအားသာသွားတာက Infrared Heat ထုတ်ပေးတဲ့အတွက် Cuticle Layer ကို ချောမွတ်နေအောင် ပိတ်ချလိုက်ပြီး ဆံသားကောက်တာတွေမဖြစ်အောင် ကူညီပေးတယ်။ ဆံသားတောက်ပြောင်လာအောင် အားဖြည့်ပေးတယ်။ ဒီလိုအချက်တွေကို လိုချင်တယ်ဆိုရင်တော့ Tourmaline Hair Dryer က သင့်တော်ပါတယ်။

.
.

.
(၃)။ လေပူ၊ လေအေး နှစ်မျိုးလုံးရလား ကြည့်ပါ...
==============
ဆံပင်ရေခြောက်ဖို့ဆိုရင် လေပူလိုတယ်။ ဆံပင်ပုံဖော်ဖို့လောက်ပဲဆိုရင်တော့ လေအေးနဲ့တင်ရတယ်။ ကိုယ့်ဆံပင်က ရေခြောက်ရဲ့သားနဲ့ ဆံပင်ပုံဖော်ဖို့ လေပူပဲမှုတ်နေရမယ်ဆိုရင် ဆံသားကို ပျက်စီးစေရာရောက်ပါတယ်။ ဒါကြောင့် Hair Dryer ရွေးဝယ်တိုင်း လေပူ၊ လေအေးနှစ်မျိုးလုံးရလား ကြည့်ပြီးမှဝယ်ပါ။
.
.

.
(၄)။ အပူနဲ့ပတ်သက်ပြီး Safe ဖြစ်တဲ့ Hair Dryer ကို ရွေးဝယ်ပါ...
==============
တချို့က လေပူတွေကို အချိန်ကြာကြာမှုတ်တော့ စက်ကပူပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါကြောင့် EHD Technology ကို သုံးထားတဲ့ Hair Dryer တွေကို ရွေးဝယ်ပါ။ အဲ့လို Hair Dryer တွေမှာက Temperature Sensor ပါတတ်တော့ အပူချိန်အရမ်းလွန်ကဲလာပြီဆိုရင် စက်ကိုအော်တိုပိတ်ချလိုက်တယ်။ ဒီတော့ ကိုယ်ကသတိမထားမိဘဲ သုံးနေရင်တောင် သုံးထားတဲ့နည်းပညာက မြင့်တဲ့အတွက် Safe ဖြစ်ပါတယ်။
.
ဒါဆိုရင်တော့ Hair Dryer ဝယ်တဲ့အခါမှာ ဈေးတွေ၊ ဒီဇိုင်းတွေထက် ဘယ်အချက်တွေကို ဦးစားပေးကြည့်ပြီး ရွေးဝယ်ရမလဲဆိုတာ သိသွားပြီလို့ယူဆပါတယ်။ ဒါတွေကိုမသိဘဲ Hair Dryer ဝယ်မယ်ဆိုရင် ဆံသားပျက်စီးအောင် လုပ်ရာရောက်မှာမို့ ဒီအချက် (၄) ချက်ကို အထူးဂရုစိုက်ပေးပါခင်ဗျာ။ ဆံသားထိန်းသိမ်းဖို့ အားဖြည့်ပေးပြီး ကွာလတီကောင်းတဲ့ Hair Dryer တွေကို ဝယ်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ “Gadget Store by Win Mobile World” မှာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
.
.

Top