Robot Vacuum Mop တွေက တကယ်ရောအလုပ်ဖြစ်တယ်လို့ ထင်လား..

Date: 27/01/2023

ဈေးကွက်ထဲ ရောင်းနေကြတဲ့ Robot Vacuum Mop တွေက အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ တကယ်ရောထိရောက်ရဲ့လား၊ ကျွန်တော်တို့ Lifestyle ကို ဘယ်လောက်ထိ Supporting ပေးနေလဲဆိုတာကို အားလုံးသိချင်နေကြမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ “Gadget Store by Win Mobile World” Page ကနေလည်း Xiaomi ကထုတ်တဲ့ Robot Vacuum Mop 2 Pro ကို မနေ့ကမှ လောလောလတ်လတ် Post တင်ထားတာဆိုတော့ ဒါကိုတွေ့ပြီး ဝယ်သင့်၊ မဝယ်သင့် စဉ်းစားနေတဲ့သူတွေအတွက်၊ ဒါမှမဟုတ် Robot Vacuum Mop နဲ့ပတ်သက်ပြီး သိချင်နေကြတဲ့သူတွေအတွက် တချို့အချက်တွေကို ဝေမျှလိုက်ပါတယ်ခင်ဗျာ။

.

အသေးစိတ်ကို‌တော့ ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ကြည့်နိုင်ပါတယ်။

.

.

Robot Vacuum Mop တွေက ဘယ်လိုအလုပ်လုပ်ကြသလဲ...
===================
ဒီ Robot Vacuum Mop တွေက Robot ဆိုတဲ့အတိုင်း System တွေသွင်းပြီးတော့ သူတို့ရဲ့ Memory ကို Control လုပ်ကြပါတယ်။ သူတို့ရဲ့အားသာချက်တစ်ခုက Sensor တွေနဲ့ ကြမ်းတိုက်၊ ဖုန်စုပ်မဲ့နေရာတွေကို Scan ဖတ်ပြီး Mapping လုပ်နိုင်တယ်။ တချို့ပစ္စည်းတွေမှာ LDS Laser Sensor ကိုသုံးတယ်။ တချို့ပစ္စည်းတွေမှာတော့ Camera System Sensor ကို သုံးတယ်။ ဒါကတော့ ကိုယ်ဝယ်တဲ့ Robot Vacuum Mop ပေါ်မှာမူတည်တာပေါ့လေ။ ဒီ Sensor တွေကိုသုံးပြီး ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် သူတို့ဟာသူတို့အလုပ်လုပ်နိုင်တဲ့အတွက် လုံးဝစမတ်ကျတယ်။
.
ဒါဆိုရင် ကြမ်းတိုက်တာ၊ ဖုန်စုပ်တာကရော ထိရောက်ရဲ့လားဆိုတာ မေးစရာရှိလာပြီ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် ကိုယ်ဝယ်တဲ့ Robot Vacuum Mop ပေါ်မှာ မူတည်ပါတယ်။ ဖုန်စုပ်ဖို့အတွက် Suction Power ကိုကြည့်ရသလို၊ ကြမ်းတိုက်ဖို့အတွက် Vibrations/minute ဘယ်လောက်ရှိလဲဆိုတာ သိဖို့လိုပါတယ်။ ဒီတော့ ကိုယ်စဝယ်ပြီဆိုကတည်းက Suction Power (Pa) များများ၊ Vibrations/minute များများကို Support လုပ်ပေးနိုင်တဲ့ Robot Vacuum Mop ကိုဝယ်မှ ပိုပြီးထိရောက်မှာဖြစ်ပါတယ်။
.
.

.
သူတို့ကို ဒီတိုင်းလွှတ်ထားလိုက်လို့ရလား...
==============
Xiaomi ကထုတ်တဲ့ Robot Vacuum Mop တွေဆိုရင် သူတို့ Mapping နဲ့သူတို့ အလုပ်လုပ်တာမို့ ကိုယ့်ဘက်က ကြမ်းတိုက်၊ ဖုန်စုပ်မဲ့နေရာတွေကိုသာ ရွေးပေးလိုက်ရုံပဲ။ ကျန်တာ သူတို့ဟာသူတို့ အလုပ်လုပ်သွားတယ်။ တချို့ Robot Vacuum Mop တွေဆိုရင် အားကုန်သွားရင်တောင် Charging သွင်းမဲ့နေရာကို သူတို့ကိုယ်တိုင်သွားတာမို့ ကိုယ်တောင်မလိုအပ်ဘူး။ ဒီတော့ Robot Vacuum Mop တွေရှိရင် အချိန်ကုန်၊ လူပင်ပန်းသက်သာတယ်။ အိမ်အလုပ်တစ်လုပ်လျော့သွားတဲ့အတွက် အေးအေးဆေးဆေး၊ သက်သောင့်သက်သာနေရုံပဲ။
.
.

.
တံမြတ်စည်းလှည်းတာနဲ့ရော ဘာကွာလဲ...
================
ဟိုး...အရင့်အရင်ကတည်းက ကြမ်းပေါ်ကအမှိုက်တွေ၊ ဖုန်တွေကိုရှင်းဖို့ဆိုရင် တံမြတ်စည်းပဲသုံးကြတာ။ ဒီလိုစက်တွေပေါ်လာမှပဲ ပိုပြီးအဆင်ပြေလို့သီးသန့်ဝယ်သုံးကြတယ်။ ဘာလို့လဲဆိုတော့ တံမြတ်စည်းလှည်းရင် လူကြီးတွေအများစုပြောသလို ဖိပြီးလှည်းရတယ်။ ဒီတိုင်းဖြစ်သလိုလှည်းရင် ကြမ်းကဖုန်တွေကလေထဲကို ပြန်လွင့်တာတယ်။ နေရောင်ခြည်ကျတဲ့နေရာမှာလှည်းရင် ပိုပြီးသိသာတယ်။
.
ဒီလိုမျိုး Robot Vacuum Mop တွေသုံးတာကြတော့ တံမြတ်စည်းလှည်းသလို ဖုန်တွေပြန်လွင့်လာတာမျိုးမရှိတဲ့အတွက် ကိုယ့်အိမ်အတွင်းထဲက Air Quality ကို ပိုပြီးထိန်းပေးနိုင်ပါတယ်။ ကလေး၊ လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း ပိုအဆင်ပြေတာပေါ့။
.
.

.
တကယ်ရော Smart Lifestyle ကို ပေးနိုင်ရဲ့လား...
============
အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့တင် Robot Vacuum Mop တွေက Smart Lifestyle ကိုပေးနိုင်တယ်ဆိုတာ တပ်အပ်ပြောလို့ရတယ်။ အဲ့ဒါအပြင် ပစ္စည်းကိုသက်ဆိုင်ရာ Application တွေနဲ့ချိတ်ပြီး ကိုယ့်ရဲ့ Mobile Phone ကနေ အေးဆေး Control လုပ်ရုံပဲ။
.
ပြီးတော့ Environment အတွက် Safe ဖြစ်တဲ့အချက်တစ်ချက်လည်းရှိတယ်။ Robot Vacuum Mop တွေက Traditional Vacuum Cleaner တွေထက်စာရင် အသံပိုညက်တဲ့အတွက် သူတို့ကိုသုံးရင် ဆူညံသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုးမရှိဘူး။ ပြီးရင် ပတ်ဝန်းကျင်အတွက် Noise Pollution ကိုလည်း လျှော့ချရာရောက်ပါတယ်။
.
ဒါတွေကိုသိပြီဆိုတော့ Robot Vacuum Mop တွေက ကျွန်တော်တို့ရဲ့ Lifestyle ကို အကောင်းဘက်ကနေ ဘယ်လောက်ထိအကျိုးပြုနေလည်းဆိုတာ သိပြီလို့ယူဆပါတယ်။ ကိုယ့်အိမ်မှာသုံးချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ “Gadget Store by Win Mobile World” မှာ ကွာလတီကောင်းပြီး လူကြိုက်များတဲ့ Mi Robot Vacuum Mop တွေကို ဝယ်ယူနိုင်ပါတယ်ခင်ဗျာ..
.
.

Top