Qualcomm တို့ကတော့ ကြမ်းပြီ ..

Date: 27/01/2023

အားလုံးသိကြတဲ့ Qualcomm တို့ကတော့ Iridium ဆိုတဲ့ ဂြိုလ်တုဆက်သွယ်ရေး ကုမ္ပဏီနဲ့ပေါင်းပြီးတော့ satellite-based connectivity ကို နောက်လာမဲ့ premium Android smartphones တွေမှာ သုံးနိုင်ဖို့အတွက် လုပ်ပေးသွားမယ်ဆိုပြီး ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
.
Snapdragon 8 Gen 2 SoC ကို အသုံးပြုလာမဲ့ premium Android smartphones တွေမှာ ဒီ satellite-based connectivity ကို စပြီး အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။
.
Snapdragon Satellite တွေက တစ်ကမ္ဘာလုံးအတွက် global coverage ရနိုင်မှာဖြစ်ပြီးတော့ emergency use တွေအတွက် two-way messaging ဖြစ်တဲ့ စာတိုပို့တာရော လက်ခံတာတွေပါ အသုံးပြနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ SMS အပြင် တခြား messaging applications တွေမှာလည်း အသုံးပြုနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။
.
Smartphones တွေအပြင်ကို တခြား laptops, tablets, vehicles နဲ့ IoT devices တွေမှာပါ အသုံးပြုနိုင်ဖို့အတွက်ကိုလည်း တိုးချဲ့ပေးသွားမယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ အပေါ်မှာ ပြောခဲ့သလိုမျိုး ဒီ Feature ကို 2023 ခုနှစ်ရဲ့နှစ်ကုန်ပိုင်းလောက်မှာ တချို့ region တွေအတွက်ထွက်မဲ့ premium Android smartphones တွေရယ်မှာ စပြီး ရရှိလာမှာ ဖြစ်ပါတယ်။
.
လက်ရှိ satellite-based connectivity ကို smartphone တွေမှာ စသုံးနိုင်အောင်လို့ မိတ်ဆက်ပေးထားတာကတော့ Apple ကဖြစ်ပြီးတော့ iPhone 14 Series တွေမှာ US နဲ့ ဥရောပနိုင်ငံတွေမှာ စပြီး အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ အခုချိန်ကတော့ smartphones တွေအတွက် satellite service တွေက အစောပိုင်းအဆင့်တွေပဲ ဖြစ်နေဦးမှာ ဖြစ်ပြီးတော့ နောက်ပိုင်းတွေမှာတော့ ပိုပိုပြီး တိုးတက်ကောင်းမွန်လာမှာတွေကို မြင်တွေ့ကြရမှာပါ။ Google အနေနဲ့ကလည်း Android for satellites ဆိုတဲ့ feature တွေကို လုပ်ဆောင်နေတာမို့ နောက်ပိုင်းနှစ်တွေမှာ satellite-based connectivity နဲ့ပတ်သက်ပြီး smartphones တော်တော်များများမှာ ပိုပြီးတွေ့မြင်လာကြရဦးမှာ ဖြစ်ပါတယ်။
.
- Source: Qualcomm
- Image via Iridium
.

Top