အသစ်ထွက်လာတဲ့ iOS 16.3 Features တွေ

Date: 27/01/2023

iPhone 14 Series တွေအတွက် Display Errors တွေကို Fix လုပ်ပေးထားတဲ့ iOS 16.3 ကို Update တင်လို့ရနေပါပြီ။ အဲ့ဒါအပြင် iOS 16.3 ရဲ့ တခြား Features လေးတွေကိုလည်း ပုံတစ်ပုံချင်းစီမှာ ပြောပြပေးထားပါတယ်။ Update လုပ်ဖို့အတွက်ဆိုရင် Settings >> General >> Software Update ကို ဝင်ပြီး Download & Install ဆိုတာနှိပ်ပြီး Update လုပ်လို့ရမှာ ဖြစ်ပါတယ်။

.

Security Keys
**************
Device အသစ်တွေမှာ Apple ID ကို Log in ဝင်တဲ့အခါမှာ Apple ID အတွက် Hardware Security Keys တွေကို အသုံးပြုနိုင်အောင် ထည့်ပေးထားတဲ့ option ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Apple ID ကို တခြား Device တစ်ခုမှာ Log in ဝင်တဲ့အခါ Verification Codes တွေကို Apple Device တစ်ခုဆီကို ပို့ပေးတဲ့ နေရာမှာ အစားထိုးဖို့အတွက် Apple က design လုပ်ပေးထားတာဖြစ်ပါတယ်။ ဒီ Security Keys တွေကို အသုံးပြုခြင်းအားဖြင့် ကိုယ့်ရဲ့ Apple ID ကို ပစ်မှတ်ထား တိုက်ခံမှုတွေ၊ Social Engineering လို့ခေါ်တဲ့ အလိမ်အညာတွေကနေ တစ်ဆင့် Apple ID ရယူတာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို အသုံးပြုဖို့အတွက်က Hardware Security Keys တွေ လိုအပ်မှာ ဖြစ်ပါတယ်။ NFC ပါတဲ့ Security Keys တွေနဲ့ USB-C Connet ပါတဲ့ Security Keys တွေက Apple Devices တော်တော်များများနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Third Party Security Keys တွေကို အသုံးပြုမယ်ဆိုရင် ကိုယ့် AppleID ရဲ့ username နဲ့ password ကို တခြားသူ တစ်ယောက်က သိနေခဲ့တယ်ဆိုရင်တောင် ကိုယ့်လက်ထဲမှာ ရှိနေတဲ့ Security Keys မရှိရင် ကိုယ့်ရဲ့ AppleID ကို access လုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်းကြုံနေကြတဲ့ iCloud Phishing လိုမျိုးတွေကိုပါ ကာကွယ်နိုင်မှာပါ။
.


.
Unity Wallpaper
*****************
February လမှာ ကျင်းပကြတဲ့ Black History Month ကို ဂုဏ်ပြုတဲ့အနေနဲ့ Unity Wallpaper ကို ထည့်သွင်း ပေးလာတာ ဖြစ်ပါတယ်။
.
.

.
iPhone 14 Pro Max Display Fix
***************************
iPhone 14 Pro Max သမားတွေ ကြုံနေရတဲ့ screen ကို တစ်ချက် ဖွင့်ဖွင့်ချင်းမှာ ရေပြင်ညီ အစင်းကြောင်း ခဏလေး ပေါ်လာတဲ့ ပြဿနာကို ဒီ iOS 16.3 မှာ fixed လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ iPhone 14 Pro Max သမားတွေကတော့ မဖြစ်မနေကို ဒီ iOS 16.3 ကို တင်ဖို့အတွက် အကြံပြုချင်ပါတယ်။

.

.

- Source: MacRumors

- Image via MacRumors

Top