❝ Xiaomi Smart Gadgets တွေကို Mi Home App နဲ့ ချိတ်ရင် မဖြစ်မနေသိရမဲ့ အချက် (၅) ချက် ❞

Date: 28/10/2022

❝ Xiaomi Smart Gadgets တွေကို Mi Home App နဲ့ ချိတ်ရင်

မဖြစ်မနေသိရမဲ့ အချက် (၅) ချက် ❞

.

Xiaomi ကထုတ်တဲ့ Smart Gadget တွေဆိုရင် Mi Home App နဲ့ချိတ်ပြီး သုံးလို့ရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ Smart Gadget တွေကို အခုမှစသုံးမဲ့သူတွေ၊ Mi Home App နဲ့ မရင်းနီးသေးတဲ့သူတွေဆိုရင်တော့ အောက်မှာပြောပြပေးထားတဲ့ အချက် (၅) ချက်ကို မဖြစ်မနေ သိထားဖို့လိုပါတယ်။

.

Mi Home App မှာ Account ဖွင့်ဖို့လိုမယ်...

===========

Xiaomi Smart Gadget ကို သုံးပြီဆိုကတည်းက မဖြစ်မနေ Mi Home App ကို ဖွင့်ဖို့လိုလာပါပြီ။ Account ဖွင်ဖို့ဆိုရင် Mi Account နဲ့လည်းဖွင့်လို့ရသလို App မှာပဲ Email နဲ့ဖြစ်ဖြစ် Phone Number နဲ့ဖြစ်ဖြစ် Account ဖွင့်လို့ရပါတယ်။

.

ကိုယ်ဝယ်တဲ့ Product က ဘယ် Version လဲသိဖို့လိုမယ်...

===========

Xiaomi Product တွေရဲ့ ထုံးစံအတိုင်း Global Version နဲ့ China Version ဆိုပြီး ထပ်ကွဲသေးတာဆိုတော့ ဒါကို မသိထားဘူးဆိုရင် Mi Home App နဲ့ချိတ်တဲ့အခါ တိုင်ပတ်ပါတယ်။ ဘာလို့လဲဆိုတော့ Mi Home App ကို ဝင်လို့ရပြီဆိုတာနဲ့ သူ့ထဲမှာ Region ရွေးရပါတယ်။ ဥပမာ - ကိုယ့်ရဲ့ Product က China Version ဆိုရင် Region မှာ Mainland (China) ကို ရွေးမှရပါတယ်။ Product က Global Version ဆိုရင်တော့ Myanmar (Burma) ဖြစ်ဖြစ် Singapore ဖြစ်ဖြစ် ရွေးလို့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Product နဲ့ မကိုက်တဲ့ Region ကို ရွေးမိရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး။

.

Product က ဘယ် Wireless Technology နဲ့ ချိတ်ပေးလဲ သိရမယ်...

==============

ကိုယ်ဝယ်ထားတဲ့ ပစ္စည်းက Wi-Fi နဲ့ချိတ်ရမဲ့ ပစ္စည်းလား၊ Bluetooth နဲ့တင် ချိတ်လို့ရတဲ့ ပစ္စည်းလာဆိုတာ သိဖို့လိုပါမယ်။ ဘာနဲ့ပဲချိတ်ချိတ် App မှာ ကိုယ်ချိတ်မဲ့ ပစ္စည်းကို စရှာပြီဆိုတာနဲ့ အရင်ဆုံး Bluetooth ဖွင့်ပြီး Location on ရပါတယ်။ Bluetooth နဲ့ချိတ်ရမဲ့ ပစ္စည်းတွေက ဒီတိုင်းချိတ်သွားလို့ရပေမဲ့ Wi-Fi နဲ့ချိတ်တဲ့ ပစ္စည်းတွေကြတော့ App ထဲမှာ အိမ်က Router နဲ့ ပစ္စည်းနဲ့ကို ထပ်ချိတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် Wi-Fi နဲ့ချိတ်ရမဲ့ ပစ္စည်းတွေဆိုရင်တော့ ကိုယ့်အိမ်မှာ မဖြစ်မနေ Internet ရဖို့လိုပါတယ်။

.

Wi-Fi နဲ့ချိတ်တဲ့ ပစ္စည်း... Bluetooth နဲ့ချိတ်တဲ့ပစ္စည်း... ဘာကွာလဲ...

===============

နှစ်မျိုးက ဘာကွာလဲဆိုရင်တော့ Bluetooth နဲ့ ချိတ်တဲ့ ပစ္စည်းတွေက Bluetooth မိနိုင်တဲ့ ဧရိယာအတွင်းဘဲ Control လုပ်လို့ရမှာဖြစ်ပါတယ်။ ဒီချိတ်ဆက်မှုမှာကြတော့ Control လုပ်မဲ့ဖုန်းမှာပဲ Mi Home App ထဲဝင်ဖို့ Internet လိုပြီး Product က Internet Access မရလည်း ဖြစ်ပါတယ်။ Wi-Fi နဲ့ ချိတ်ရမဲ့ Product တွေကြတော့ ကိုယ်ဘယ်နေရာရောက်ရောက် Control လုပ်နိုင်ဖို့အတွက် ကိုယ့်ဖုန်းမှာရော Product မှာပါ Internet Access ရနေဖို့လိုပါတယ်။

.

ပစ္စည်းတစ်မျိုးတည်းကို Mi Home App မှာ Multi-devices ချိတ်လို့ရလား...

=================

ပစ္စည်းတစ်မျိုးတည်းကို Mi Home App မှာ ဖုန်းတစ်လုံးထက်ပိုပြီး ချိတ်လို့ရပါတယ်။ ဒါပေမဲ့ ပစ္စည်းကို ပထမဆုံးချိတ်တဲ့သူဆီကနေ Permission ရဖို့တော့ လိုအပ်ပါတယ်။

.

Xiaomi Smart Gadgets အစုံအလင်ကို ဘယ်မှာရနိုင်လဲ...

=============

Xiaomi ကထုတ်တဲ့ အိမ်သုံးပစ္စည်းတွေ၊ Electronic ပစ္စည်းတွေနဲ့ တခြား Smart Gadget အစုံအလင်ကို “Gadget Store by Win Mobile World” မှာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

.

■ Gadget Store by Win Mobile World

===========================

#02-01 (IT Zone), Level 2, City Mall St. John, No. (6-B), Conor of Pyi Road and Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

09783400300, 09424500300

.

.

Top