❝ iPhone တွေ အားလုံး Type-C ဖြစ်လာတော့မှာလား ❞

Date: 28/10/2022

❝ iPhone တွေ အားလုံး Type-C ဖြစ်လာတော့မှာလား ❞

.

ဥရောပသမဂ္ဂ (EU) ရဲ့ စည်းကမ်းသတ်မှတ်ချက်ဖြစ်တဲ့ smartphones အားလုံး USB-C Charging ကို မဖြစ်မနေ ပြောင်းရမယ်ဆိုတဲ့ အချက်ကို Apple ကလည်း လိုက်နာဖို့လိုအပ်လိမ့်မယ်ဆိုပြီး Apple ရဲ့ Marketing Chief Greg Joswiak က Bloomberg ကို ပြောသွားတာပါ ..။

.

ဒီပြောကြားချက်က Apple ရဲ့ iPhone တွေမှာ သုံးထားတဲ့ USB-C to Lightning Port ကို ရှေ့လာမဲ့ကာလတွေမှာ ဆက်သုံးဖို့မရှိလောက်ဘူးလို့ (အတိအကျမဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး) confirm ခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ စည်းကမ်းသတ်မှတ်ချက်က 2024 မှ စမယ်ဆိုပေမဲ့လည်း Apple ကတော့ လာမဲ့ iPhone 15 Series ကနေစပြီး USB-C Charging ကို support လုပ်ဖို့ များနေပါတယ်ဆိုပြီး သတင်းတွေလည်းထွက်နေပြန်ပါတယ်။

.

Wall Street Journal နဲ့ ဆွေးနွေးခန်းမှာတော့ Joswiak က ဥရောပသမဂ္ဂရဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို တခြား ဥပဒေတွေလိုပဲ Apple ကနေ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့သလို ဥရောပသမဂ္ဂနဲ့ Apple ရဲ့ကြားက ဆယ်စုနှစ်တွေကြာ ဖြစ်နေခဲ့တဲ့ အားသွင်းခေါင်း/ကြိုး ပြဿနာကိုလည်း ထောက်ပြသွားခဲ့ပါတယ်။ Micro-USB ခေတ်တုန်းကလည်း ဥရောပသမဂ္ဂက Apple ကို Micro-USB ပြောင်းသုံးစေချင်ခဲ့ပြီးတော့ အကယ်၍ အဲ့လိုသာ ပြောင်းသုံးခဲ့မယ်ဆိုရင် Lightning ရော USB-C ပါ တီထွင်ဖန်တီးဖြစ်ခဲ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

.

iPhone တွေမှာ USB-C လိုမျိုး universal port ရလာမယ်ဆိုတာက အရေးကြီးပြီး ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုလည်း ဖြစ်ပါတယ်။ Accessories တွေ၊ အားသွင်းကြိုးတွေ၊ အားသွင်းခေါင်းတွေ ရောင်းချတာကလည်း Apple အတွက် ကြီးမားတဲ့ ဝင်ငွေတစ်ခုလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ USB-C ပြောင်းလဲပြီးထုတ်လာမလား မသေချာသေးတဲ့အပြင် စျေးကွက်တိုင်းအတွက်ကို ထုတ်မလား ဒါမှမဟုတ် ဥရောပစျေးကွက်အတွက်ကိုပဲ သီးသန့်ထုတ်မလားဆိုတာလည်း မသေချာသေးပါဘူး။ ဒါပေမဲ့ နိုင်ငံတော်တော်များများကတော့ စံနှုန်းတစ်ခုအနေနဲ့ပဲ ဖြစ်လာဖို့အတွက် ဖိအားပေးလာခဲ့မယ်ဆိုရင်တော့ စျေးကွက်တိုင်းအတွက်ထုတ်တဲ့ iPhones တွေအကုန်လုံးက USB Type-C နဲ့ ဖြစ်လာတော့မှာပါ …

.

#news #iPhone #Apple #USB_C #winmobileworld #Yangon

.

Ref: Bloomberg, Android Authority

.

■ Telegram Channel >> (t.me/winmobileworld)

■ Instagram >> (instagram.com/winmobileworld)

■ Facebook >> (facebook.com/winmobileworld)

■ Messenger >> (m.me/winmobileworld)

■ Twitter >> (twitter.com/winmobileworld)

■ Youtube >> (YouTube.com/winmobileworldMM)

■ LinkedIn >> (https://www.linkedin.com/company/winmobileworld/)

■ Website >> (eshop.winmobileworld.com)

Top