❝ Router ဝယ်ရင် ငွေကုန်သက်သာစေမဲ့ အဓိကအချက် (၂) ချက်❞

Date: 13/09/2022

❝ Router ဝယ်ရင် ငွေကုန်သက်သာစေမဲ့ အဓိကအချက် (၂) ချက်❞

.

လက်ရှိပစ္စည်းဈေးနှုန်းတွေက အချိန်နဲ့အမျှတက်နေတာဆိုတော့ လိုအပ်တဲ့ပစ္စည်းဆို ဝယ်ချင်ပေမဲ့ အသုံးစရိတ်ကလည်းချုံ့ချင်တယ်။ ကိုယ်နဲ့ကိုက်ညီမဲ့ ပစ္စည်းကိုရွေးဝယ်ဖို့ကြတော့လည်း စဉ်းစားရကြပ်ပါတယ်။ ဒါကြောင့် ဒီနေ့ Post မှာ Router ဝယ်တာနဲ့ ပတ်သက်ပြီး ပိုက်ဆံအပိုမကုန်အောင်၊ ကိုယ့်အိမ်နဲ့ကိုက်ညီတဲ့ Router ကိုလည်း ရွေးဝယ်လို့ရအောင် ဘာတွေစဉ်းစားဖို့လိုလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

.

■ Router ဆိုတာ ထပ်ဝယ်ဖို့ရော တကယ်လိုရဲ့လား..

===========================

အကုန်လုံးက ကိုယ်သုံးမဲ့ Devices တွေနဲ့ချိန်ပြီး Wireless Transmission Rate (Mbps) ကို 15Mbps, 35Mbps, 100Mbps စသဖြင့် ဝယ်သုံးကြတယ်။ ဒါပေမဲ့ Internet Service Provider (ISP) တွေဆီကရတဲ့ Router တွေက ကိုယ်ယူထားတဲ့ Mbps ကို အပြည့်အဝမပေးနိုင်တာမျိုး၊ လိုင်းမိတဲ့ ဧရိယာက ကျယ်ကျယ်ဝန်းဝန်း မရတာမျိုးတွေရှိပါတယ်။ ဒီနေရာမှာ ဝယ်ဖို့ လိုတာမလိုတာထက် “ငါ...ဘာအတွက်သုံးမှာလဲ” ဆိုတာက ပိုအရေးကြီးသွားပါပြီ။

.

တချို့အိမ်တွေက လူနည်းတယ်။ ISP တွေကရထားတဲ့ Router ကလည်း ကိုယ့်အိမ်အကျယ်အဝန်းနဲ့ သုံးမဲ့ Devices တွေအားလုံးကို ကောင်းကောင်း Handle လုပ်ပေးနိုင်တယ်ဆိုရင် Router နောက်တစ်လုံး ထပ်မဝယ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကြတော့ Dual Band (2.4GHz and 5GHz) Router ကို သုံးချင်ကြတယ်။ တချို့က စမတ်ကျကျ AIoT Devices တွေနဲ့ပါ ချိတ်သုံးချင်တာဆိုတော့ ဒါတွေကို ကောင်းကောင်း Support လုပ်ပေးနိုင်တဲ့ Router တစ်လုံးကို ထပ်ဝယ်သုံးဖို့ သေချာပေါက်လိုလာပါပြီ။

.

■ Router ဝယ်ဖို့လိုလာရင် ဘယ်လိုရွေးဝယ်ရမလဲ..

===========================

ဥပမာဆိုပါစို့... ကိုယ့်မိသားစုက (၃)၊ (၄) ယောက်။ လိုင်းဆွဲအားက ကိုယ်သုံးမဲ့ Devices တွေနဲ့ လုံလောက်တယ်။ ဒါပေမဲ့ လိုင်းက အခန်းထဲရောက်လို့မမိတော့ဘူးဆိုရင် တခြားဈေးကြီးတဲ့ Router တွေကို ဝယ်စရာမလိုပါဘူး။ Mi Router 4A တို့ Mi Router 4C တို့လိုမျိုး Router လောက်နဲ့တင် ရပါတယ်။ ဒီ Router တွေဆိုရင် Extender အနေနဲ့ရော Router အနေနဲ့ပါ သုံးလို့ရပြီး ဈေးနှုန်းလည်း သင့်တဲ့အတွက် မိသားစုနည်းတဲ့ အိမ်တွေဆို သုံးလို့အဆင်ပြေမှာပါ။

.

အဲ့လိုမှမဟုတ်ဘူး... ရုံးမှာ၊ ဆိုင်မှာ လူများများအတွက် သုံးချင်လို့၊ မဟုတ်လည်း အိမ်မှာ Online Learning လုပ်နေရလို့ လိုင်းအမြဲကောင်းမှ ဖြစ်မယ်ဆိုရင်တော့ Wi-Fi 6 Router တွေက Efficiency ကောင်းကောင်းနဲ့ အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဘယ်မှာ သွားပြီးသိသာလည်းဆိုရင် Wi-Fi 6 Router တွေမှာသုံးထားတဲ့ Technologies နှစ်မျိုးဖြစ်တဲ့ MU-MIMU နဲ့ OFDMA မှာ ပိုသိသာပါတယ်။ ဒီ Technologies တွေက လိုင်းဆွဲအားငြိမ်အောင်၊ Devices တွေအများကြီးနဲ့ တစ်ချိန်တည်းမှာချိတ်လို့ အဆင်ပြေအောင် ပိုပြီးလုပ်ပေးနိုင်တယ်။ တခြား Router တွေနဲ့ ယှဉ်ရင် Efficiency ပိုင်းမှာ ပိုသာတယ်။

.

နောက်တစ်ခုက Mesh Technology သုံးထားတဲ့ Wi-Fi 6 Router တွေဆိုရင် သူတို့အချင်းချင်း ချိတ်ဆက်လို့ရသေးတာဆိုတော့ လူများများသုံးဖို့၊ လိုင်းဆွဲအား ပိုငြိမ်ဖို့နဲ့ အိမ်ခန်းအကျယ်တွေအတွက် Wi-Fi 6 Router တွေက ပိုသင့်တော်ပါတယ်။ Wi-Fi 6 Router တွေထဲမှာတော့ Mi Router AX6000, Mi Router AX9000 နဲ့ Redmi Router AX6S စသဖြင့် ရှိကြပါတယ်။ ဒီထဲမှာ ကိုယ်အသုံးလိုရင်လိုသလို အကြမ်းစား Router တွေကို ကိုယ့်စိတ်ကြိုက်ဝယ်သုံးလို့ရပါတယ်။

.

Gamers တွေဆိုရင် ကိုယ်က NAS Devices တွေနဲ့ သုံးချင်တယ်။ Heavy Game တွေဆော့ချင်လို့ လိုင်းပိုငြိမ်အောင် Router နဲ့ စက်ကို ကြိုးနဲ့ Join သုံးချင်တယ်ဆိုရင် Gaming Router တွေကို သီးသန့်ဝယ်သုံးလို့ရပါတယ်။ ဥပမာ - Redmi Gaming Router AX5400 ဆိုရင် တခြား Router တွေနဲ့မတူတဲ့အချက်က 2.5GHz LAN Port ပါလာတယ်။ အဲ့တော့ သာမန် Gigabit LAN Port တွေနဲ့ယှဉ်တဲ့အခါ Wired Connection ပိုင်းမှာ တော်တော်လေး အဆင်ပြေတာပါတယ်။

.

ဒီလောက်ဆိုရင် ကိုယ့်အိမ်မှာရော Router ထပ်ဝယ်ဖို့လိုအပ်လား၊ ဘယ်လို Router တွေက ကိုယ်သုံးမဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီလဲဆိုတာ သိသွားလောက်ပြီလို့ယူဆပါတယ်။ Router ဝယ်ဖို့ လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ “Win Mobile World” မှာ Router အမျိုးအစားတွေ အများကြီးရှိတာမို့ စိတ်ကြိုက်လာရောက်ဝယ်ယူနိုင်သလို Chat Box ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

.

■ WMW HOTLINE - 09 885 900 800, 09 443 222 888, 09 785 222 888

.

Win Mobile World (Myaynikone Branch)

**********************

09 885 900 100

09 783 400 700

.

Win Mobile World (Myanmar Plaza Branch)

***********************

09 885 900 200

09 45 222 888 6

09 45 222 888 7

.

Win Mobile World (City Mall Branch)

************************

09 885 900 300

09 969 796 021

09 969 796 022

.

Win Mobile World (Terminal-M Branch)

***********************

09 885 900 400

09 784 500 800

.

Win Mobile World (Times City Branch)

************************

09 885 900 500

09 783 700 500

.

Win Mobile World (Citymall | Shwe Pinlon)

*******************************************

#114 Level (1), No.(2-D), Bayint Naung Road, Pinlon complex, North Dagon Township, Yangon.

09 885 900 600, 09 963 200 600

.

Win Mobile World Service Centre

************************

09 787 222 888

09 965 400 500

.

.

Top