Email Spoofing Prevention Tips and Tricks

Date: 13/09/2022

❝ ဟိုင်း!! မင်းကို ငါစောင့်ကြည့်နေတာ ကြာပြီ၊ မင်းရဲ့စက်ထဲကို trojan (ဗိုင်းရပ်စ်) ထည့်ပြီး မင်းရဲ့ Password တွေနဲ့ မင်းရဲ့စက်တွေကို ငါအကုန် ထိန်းချုပ်ထားလိုက်ပြီ။ မင်း သတိထားမိမှာပါ၊ မင်းကို အခု မင်းရဲ့အကောင့်ကနေ ငါစာပို့တယ်ဆိုတာကို .. ဒါက မင်းရဲ့ အကောင့်ရဲ့ Password ကို ငါရထားတယ်ဆိုတဲ့ သက်သေပဲ .. ❞

.

ကိုယ့် email ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ပို့ထားတဲ့ ဒါမျိုး စာတစ်စောင်စောင် ဝင်ဘူးတာတို့၊ ဝင်ခဲ့လို့ ဘာလုပ်ရမလဲ မသိဘူး ဖြစ်ဘူးကြလား။ တော်တော်များများ ကြုံဘူးကြမှာပါ၊ ကိုယ့်အီးမေးလ် အကောင့်ကပဲ တကယ် အဟက်ခံလိုက်ရပြီလား၊ ကိုယ့်ရဲ့စက်တွေကိုပဲ တကယ် ထိန်းချုပ်ခံလိုက်ရပြီလားလို့လည်း တွေးမိကြမှာပါ ..

.

ဒါမျိုးကို “email spoofing” လို့ခေါ်ပါတယ်။ (ပုံမှာ နမူနာပြထားပါတယ်)

.



 

ဒီလိုမျိုး ကြုံလာခဲ့ရင် လန့်မသွားပါနဲ့၊ လိမ်လည်ပြီး ငွေတောင်းချင်တဲ့သူတွေ၊ လုပ်လေ့ရှိတဲ့ အကွက်တွေ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့တောင်းတဲ့ပိုက်ဆံ (ဒါမှမဟုတ်) crypto currency (eg. Bitcoin) တစ်ခုခုကို မပေးဘူးဆိုရင် ကိုယ့်ရဲ့ videos တွေ၊ ပုံတွေကို အပေါင်းအသင်းတွေ၊ မိသားစုတွေဆီကို ပို့ပေးလိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး ဖြစ်ပါတယ်။

.

📍 “email spoofing” တွေ ကြုံလာရရင် ဘယ်လိုလုပ်ရမလဲ။

********************************

■ ဒီလိုပုံစံမျိုး ကြုံလာခဲ့ရင် လန့်လည်း မလန့်ပါနဲ့၊ ပိုက်ဆံတွေဘာတွေပေးဖို့လည်း မလုပ်ပါနဲ့၊ reply လည်း မပြန်ပါနဲ့၊ နောက်ပြီး attachment တစ်ခုခုကိုလည်း ဖွင့်ဖို့ မလုပ်ပါနဲ့။

.

■ အဲ့ဒီ email ကို လျစ်လျူရှုထားပြီး ဖျက်လိုက်ပါ။ စိတ်ထဲမှာ နေလို့ကောင်းသွားချင်တယ်ဆိုရင်တော့ ကိုယ့်အကောင့် password တွေ ဘာတွေကို ချိန်းပစ်လိုက်ပါ။ 2 Steps Verifications လိုမျိုးတွေ On ထားလိုက်ပါ။

.

📍 “email spoofing” တွေ မကြုံရအောင် ဘယ်လိုလုပ်ရမလဲ။

********************************

■ တချို့ websites တွေမှာ register လုပ်ရတဲ့အခါ အဓိက အီးမေးလ်ကို မသုံးဘဲ လွှင့်ပစ်လိုက်လို့ရတဲ့ သီးသန့် အခြား အီးမေးလ်အကောင့်တစ်ခုကို သုံးပါ။

.

■ email password တွေကိုလည်း လုံခြုံစိတ်ချရပြီး ခိုင်မာ ခက်ခဲတဲ့ password မျိုးတွေကို အသုံးပြုပါ။

.

■ email headers တွေကို စစ်ကြည်ပါ၊ အထူးသဖြင့် တစ်ယောက်ယောက်က ဒီလင့်ခ်တစ်ခုခုကို နှိပ်ကြည့်ဖို့တို့၊ ဝင်ကြည့်ဖို့တို့ ပြောလာတဲ့အခါမှာ သေချာစစ်ကြည့်ပါ။

.

■ Organization emails (ကိုယ့် company email) တွေကို သုံးတဲ့အခါ Google Workspace နဲ့ သုံးတယ်ဆိုရင်လည်း ဒီလိုမျိုး မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို Google ကနေ ထောက်ပံ့ပေးထားပါတယ်။

.

ဒီနည်းလမ်းတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် အပေါ်မှာပြောထားသလိုမျိုး email spoofing တွေကို ကြုံဖို့အတွက် အခွင့်အလမ်းနည်းစေမှာပဲ ဖြစ်ပါတယ် ..။

.

#emailspoofing #prevention #tipsandtricks #winmobileworld

.

■ Telegram Channel >> (t.me/winmobileworld)

■ Instagram >> (instagram.com/winmobileworld)

■ Facebook >> (facebook.com/winmobileworld)

■ Messenger >> (m.me/winmobileworld)

■ Twitter >> (twitter.com/winmobileworld)

■ Youtube >> (YouTube.com/winmobileworldMM)

■ LinkedIn >> (https://www.linkedin.com/company/winmobileworld/)

■ Website >> (eshop.winmobileworld.com)

Top