HUAWEI Nova 5T | Real Hands-on Review

Date: 18/09/2019

အားလုံးပဲ မင်္ဂလာပါခင်ဗျ...

HUAWEI ကနေ ထုတ်လုပ်ထားတဲ့ AI Camera (၅) လုံးထည့်သွင်းအသုံးပြုထားတဲ့ HUAWEI Nova 5T ကို ကျွန်တော်တို့ Win Mobile World မှာ Pre-order Fees - 30,000 Ks နဲ့အတူ 9.9.2019 ကနေ 27.9.2019 အထိ Pre-order လက်ခံနေပြီဖြစ်ပါတယ်ခင်ဗျာ။ Pre-order တင်တဲ့မိတ်ဆွေများအတွက် Stereo Speaker ဖြစ်တဲ့ HUAWEI Mini Speaker ကို Pre-order Gift အဖြစ်ပေးသွားဦးမှာပါ။ ဆိုတော့ Pre-order မတင်ခင် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေနဲ့ Specs တွေနဲ့ ပေးရတဲ့ စျေးနှုန်းနဲ့ကိုက်ညီပါ့မလား၊ အဆင်ပြေပါ့မလား စတဲ့စတဲ့ အတွေးပေါင်းစုံရှိနေမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်ခင်ဗျာ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် (၂) ရက်လောက်စမ်းသုံးကြည့်ပြီး Review လေးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

#Price_Performance

ပထမဦးဆုံး စျေးနှုန်းပါ၊ HUAWEI Nova 5T ရဲ့စျေးနှုန်းက ဒီဘက်ကို Official ဘက်ကသွင်းတာ 8/128GB Variant ကို 599,000 Ks ဖြစ်ပါတယ်။ ဆိုတော့ HiSilicon Kirin 980 Chipset နဲ့ Battery 3750mAh အသုံးပြုထားပြီး Rear Camera (၄) လုံးနဲ့ AI Features တွေရတဲ့ Smartphone တလုံးအတွက် တန်လွန်းနေတယ်လို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ HiSilicon Kirin 980 ဆိုတာ Huawei ရဲ့ တကယ့်အမြင့်ပိုင်းဖုန်းတွေမှာပဲ သုံးတဲ့ Flagship Processor ဖြစ်ပါတယ်။ အဲ့ဒါကို (၆) သိန်းဝန်းကျင် Smartphone တလုံးမှာထည့်အသုံးပြုပေးထားတာကြောင့် သူ့ရဲ့ Performance ပိုင်းက ဘာမှပြောစရာကိုမရှိသလောက်ဖြစ်နေမှာပါ။

ပြီးတော့ Game လည်းဆော့မယ်ဆိုတဲ့ မိတ်ဆွေများအတွက် ဒီဘက်မှာအဆော့များတဲ့ PUBG, Mobile Legends ကို ကျွန်တော်ဆော့ကြည့်ပါတယ်။ ဆော့လို့ကောင်းတယ်၊ လေးတာ ထစ်တာမျိုးမတွေ့ရဘူး။ Graphic လည်းမိုက်တယ်၊ ဆော့ရတာလည်း Smooth ဖြစ်တာတွေ့ရပါတယ်။ WiFi နဲ့ရော Mobile Data နဲ့ရော ဆော့ကြည့်တာ အရမ်းကြာကြာဆော့တာတောင် သိသိသာသာ ပူတာမျိုးမရှိပါဘူး။

#Design_Display

သူ့ရဲ့ ဒီဇိုင်းပိုင်းကိုပြောရရင်လည်း လက်ထဲမှာ ကိုင်ထားရတာ အတော်အဆင်ပြေတဲ့ အနေအထား Back Cover ကလည်း Glass နဲ့ဖြစ်ပြီး Aluminum Frame နဲ့ဖြစ်တာမို့ ကိုင်ရတာ ကျစ်ကျစ်လစ်လစ်ရှိတဲ့ ခံစားမှုမျိုးရပါတယ်။ 6.26" FHD+ Punch FullView Display ဖြစ်ပြီး Resolution ကလည်း 1080p x 2340p ရှိတာကြောင့် YouTube ကြည့်တာ၊ Game ဆော့တာ၊ Video ကြည့်တာတွေ အတွက်လည်း ကောင်းတယ်၊ ဒါပေမယ့် bezel-less full-screen မဟုတ်တာကြောင့် Netflix နဲ့ Video ကြည့်ရင်တော့ အရမ်းကြီး FullView မဖြစ်ဘူးဆိုပေမယ့် အဆင်ပြေပါတယ်ခင်ဗျာ။

#Camera

HUAWEI Nova 5T ရဲ့ Camera ပိုင်းမှာဆိုရင်လည်း Rear Camera က (၄) လုံးတပ်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်။​ 48MP, f/1.8 (wide) Camera + 16MP, f/2.2 (ultrawide) Camera + 2MP, f/2.4 (wide) Dedicated Macro Camera + 2MP, f/2.4, Depth Sensor ဆိုတော့ Phone Camera ကောင်းကောင်းရိုက်တတ်တဲ့သူအတွက် Pro-Camera တလုံးလိုပါပဲ။ Selfie Camera အတွက်လည်း 32MP Camera ကိုတပ်ဆင်ပေးထားတာကြောင့် အတော်လေးအဆင်ပြေတဲ့အပြင် Camera (၅) လုံးစလုံးကို AI Support ဖြစ်တာကြောင့် အတော်လေးမိုက်တဲ့အချက်ပါ။

#Fingerprint

သူ့ရဲ့ Fingerprint ကတော့ Display ထဲမှာလည်းမဟုတ်ဘူး၊ နောက်ဖက်မှာလည်းမဟုတ်ဘူး၊ Power Button မှာဖြစ်ပါတယ်။ Side-mounted Fingerprint Sensor တပ်ဆင်ပေးထားတာဖြစ်တာကြောင့် လက်တဖက်ထဲနဲ့တင် Lock/ Unlock အတော်လေးအဆင်ပြေတာတွ့ရပါတယ်ခင်ဗျာ။

#Battery_Charging

တချို့လည်း ပြောကြမှာပါ 3750mAh Battery ဆိုတော့ မနည်းဘူးလားပေါ့၊ မနည်းပါဘူးခင်ဗျ၊ Display နဲ့ သုံးထားတဲ့ Flagship 7nm Processor ရယ်ကြောင့် ဒီ Battery mAh က မနည်းပါဘူး။ နောက်ပြီး Charging ပိုင်းကိုလည်း 22.5W Fast Charging Support ပေးထားတာကြောင့် အားသွင်းတာကြာမှာလည်း စိတ်မပူရဘူး။ 0% to 50% လောက်ကို နာရီဝက်လောက်နဲ့ အသာလေးသွင်းလို့ရပါတယ်။

#Others

စျေးနှုန်းတွေ၊ Performance တွေ၊ ဒီဇိုင်းတွေ၊ Camera ပိုင်းတွေ၊​ Battery ပိုင်းတွေ ပေးရတဲ့စျေးနဲ့ ရှယ်တန်တယ်၊ ဒါပေမယ့် 3.5mm Headphone Port မပါဘူး၊ ပြီးတော့ Storage Expend ထပ်လုပ်လို့မရပါဘူး။ ဒါပေမယ့် ထည့်တွေးမယ်ဆိုရင်တော့ Headphone အတွက်လည်း Type-C to 3.5mm Adapter တွေရှိသလို Type-C Earphone လည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ Storage ကလည်း 128GB ဖြစ်တာပေမယ့် ဒီလောက် Cloud Storage တွေ အသုံးပြုနေတဲ့ ခေတ်ကြီးထဲမှာ နည်းတဲ့ထဲမပါပါဘူး။ ထပ်လိုအပ်ရင် OTG External တွေနဲ့ အသုံးပြုလို့ရပါတယ်ခင်ဗျာ။

HUAWEI Nova 5T (8/128GB) - 599,000 Ks

• Display: 6.26” FHD+ Punch FullView Display

• Resolution: 1080 x 2340 Pixels

• OS: Android 9.0 (Pie), EMUI 9.1

• Chipset: HiSilicon Kirin 980 (7nm)

• Main Camera: (Quad) 48MP + 16MP + 2MP + 2MP

• Selfie Camera: 32MP AI Selfie

• Features: Fingerprint (side-mounted)

• Battery: Non-removable Li-Po 3750 mAh

• Charging: Fast charging 22.5W (50% in 24 mins)

• USB: 2.0, Type-C 1.0

Top