Mask တပ်ပြီး FaceID ဖွင့်လို့ ရပြီဆိုတော့ လုံခြုံရေးအတွက် စိတ်ချရရဲ့လား၊ သူကရော ဘယ်လို အလုပ်လုပ်တာလဲ ..

Date: 15/03/2022

iPhone/iOS စတာတွေနဲ့ smartphones တွေ၊ နည်းပညာအကြောင်းတွေကို စိတ်ဝင်စားလို့ ကျွန်တော်တို့ Win Mobile World လိုမျိုး Page တွေကို Like & Follow လုပ်ထားတဲ့သူတွေဆိုရင် ဒီနေ့ မနက်ကတည်းကနေစပြီး တစ်နေကုန်မြင်နေရမှာက အခုနောက်ဆုံးထွက်ထားတဲ့ iOS 15.4 မှာ Mask တပ်ထားလည်း iPhone ရဲ့ FaceID က အလုပ်လုပ်ပြီ၊ ဖွင့်လို့ရပြီဆိုတာပဲ ဖြစ်မှာပါ ..

 

အဲ့တော့ ဒီလို Mask တပ်ပြီး FaceID ဖွင့်လို့ရပြီဆိုပြီဆိုတာက ဘယ်လိုအလုပ်လုပ်တာလဲ၊ ကိုယ့် Device ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးရော စိတ်ချရရဲ့လား ..။

 

အရင်ဆုံး ဒီ Feature ရဲ့ အလုပ်လုပ်ပုံကို Apple က ပြောတာက -

 

“ Mask တပ်ထားလို့ မျက်နှာရဲ့ အောက်တစ်ခြမ်းက “ကာ/ကွယ်” နေမယ်ဆိုရင်၊ မျက်လုံးတွေရဲ့ ဧရိယာနားတစ်ဝိုက်မှာရှိတဲ့ ထူးခြားတဲ့ အရာလေးတွေကို မှတ်ထားပြီး FaceID ကဖွင့်ပေးတာ ဖြစ်ပါတယ် ..” ဒီလို ပြောထားပါတယ်။

 

Mask တပ်ထားပြီး FaceID ဖွင့်ဖွင့်၊ Mask မတပ်ထားဘဲ ဖွင့်ဖွင့် အတူတူပွင့်နေမှာ ဖြစ်ပါတယ် ဘာလို့ဆိုရင် ဒီ Features (၂) ခုက တစ်လှည့်စီ သူ့ဘာသာသူ အလုပ်လုပ်နေမှာမို့ပါ။

 

ဒါပေမဲ့ Mask တပ်ထားပြီး FaceID ဖွင့်လို့ရမဲ့ Feature က နေကာမျက်မှန်တွေနဲ့ဆို အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလို မျက်လုံးနားတစ်ဝိုက်က ထူးခြားတဲ့အရာလေးတွေကို မှတ်ထားပြီး ဖွင့်ပေးမှာမို့လို့ ဖြစ်ပါတယ်။

 

■ Device နဲ့ပတ်သက်ပြီးတော့ရော စိတ်ချရပါ့မလား။

 

Apple အနေနဲ့ ပြောတာက “မျက်နှာ တစ်ခုလုံးကို သေချာလေး set up လုပ်ပြီး သုံးရင်တော့ FaceID က ပိုပြီးတော့ တိကျမှာ ဖြစ်ပါတယ် ..” ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ မျက်နှာ တစ်စိတ်တစ်ပိုင်းနဲ့ ဆိုရင် လုံခြုံမှု ဘယ်လောက် ရှိမလဲ၊ မရှိဘူးလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး ..။

 

ကိုယ့်ဖုန်းကို Mask တပ်ထားတဲ့ တခြားသူတစ်ယောက်နဲ့ Unlock လုပ်ခိုင်းပြီး စမ်းကြည့်တာတော့ Unlock မဖြစ်ပါဘူး။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလို့လည်း ယူဆလို့ မရပြန်ပါဘူး၊ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာရှိတဲ့ တစ်ယောက်ယောက်က ကိုယ်နဲ့ မျက်လုံးရဲ့ ဧရိယာနားတစ်ဝိုက် တချို့နေရာတွေ တူနေမယ်ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါလိမ့်မယ်။

 

Apple က ဒီ Mask တပ်ပြီး FaceID ဖွင့်လို့ရတဲ့ Feature ရယ်၊ ပုံမှန် FaceID ရယ် ဘာတွေ ကွာခြားသွားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သေသေချာချာ အတွင်းကျကျ in-depth ရှင်းပြထားတာမျိုးလည်း မရှိသေးသလို ဒီ Feature က လုံခြုံမှု အားနည်းစေမလားဆိုတာမျိုးကိုလည်း တိတိကျကျ ပြောထားတာမျိုး မရှိသေးပြန်ပါဘူး ..။

 

NOTE: လောလောဆယ် ဒီ FaceID with a Mask Feature က iPhone 12 Series နဲ့ iPhone 13 Series တို့မှာပဲ အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။

.

.

Top