❝ ၂၀၂၂ ရဲ့ ပထမဆုံး Apple Event ❞

Date: 11/03/2022

၂၀၂၂ ရဲ့ ပထမဆုံး Apple Event မှာ မိတ်ဆက်သွားတာတွေကတော့ rumors တွေ ထွက်ထားပြီးသား အတိုင်းပါပဲ ..

 

■ iPhone 13 | 13 Pro new Color

■ iPhone SE 3

■ iPad Air 5th Gen

■ M1 Ultra Chip

■ new Mac Studio & Studio Display တို့ပဲ ဖြစ်ပါတယ်။




■ iPhone 13 Series new Color

iPhone 13 Series Lineup မှာ အရောင်အသစ်တွေ ထပ်တိုးလာပါတယ်။ iPhone 13 Pro နဲ့ 13 Pro Max မှာဆို Alpine Green Color နဲ့ iPhone 13 နဲ့ 13 mini မှာဆိုရင်တော့ Green Color ဆိုပြီး တိုးလာတာပါ ..။ ဒီအရောင်အသစ်တွေက ဒီဘက်မှာဆို ခန့်မှန်း March 20 နောက်ပိုင်း ဝန်းကျင်လောက်ဆို ဝယ်လို့ ရနိုင်မယ်လို့ မှန်းထားပါတယ်။





■ iPhone SE 3

4.7-inch နဲ့ iPhone SE 3 ကိုလည်း 5G Support, A15 Bionic Chip, Home button with Touch ID, IP67 Water Resistant စတဲ့ Features တွေနဲ့ မိတ်ဆက်သွားပါတယ်။ အရင် ပုံစံမျိုးတွေအတိုင်းပဲကိုမှ အမြန်နှုန်းတွေ၊ Battery ၊ Camera စတာတွေ ပိုပြီး ကောင်းသွားပါမယ်။





■ iPad Air 5th Gen

iPad Air ရဲ့ new generation ဖြစ်ပါတယ်။ M1 Chip နဲ့ ဖြစ်ပြီးတော့ 5G Support, 12MP Ultra Wide Front Camera ကို Center Stage Features တွေဘာတွေနဲ့ ဖြစ်ပါမယ်။ iPad Air 5th Gen ကို Magic Keyboard, Apple Pencil 2nd Generation တို့နဲ့လည်း တွဲပြီး သုံးလို့ရမှာ ဖြစ်ပါတယ်။ iPad Air 5th Gen မှာ Grey, Pink, Purple, Blue, Starlight ဆိုပြီး ရွေးစရာ အရောင် အနေနဲ့ (၅) ရောင်ရှိမှာ ဖြစ်ပြီးတော့ ဒီဘက်ကိုတော့ မတ်လ လကုန်ပိုင်းလောက်မှာတော့ ခန့်မှန်း ဝင်နိုင်ပါလိမ့်မယ်။



■ iPad Air 5th Gen

■ M1 Ultra Chip

Apple Silicon Chip ရဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံးလို့ ပြောရမဲ့ Chip တစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာလာမဲ့ Mac တွေ နောက်ပြီး ဒီ event မှာပဲ တစ်ခါတည်း မိတ်ဆက်လိုက်တဲ့ Mac Studio တို့မှာ သုံးပေးထားပါတယ်။ ပုံမှန် PC Desktops တွေထက်စာရင် 90% နှုန်းလောက် Performance ပိုမြန်ပြီး Power Consumption ကလည်း သိသိသာသာကို ပိုပြီး သက်သာမှာ ဖြစ်ပါတယ်။ အသေးစိတ် ဆက်ပြီး ဖတ်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ် -> https://www.apple.com/.../apple-unveils-m1-ultra-the.../ မှာ ဖတ်လို့ရပါတယ်။ 





■ new Mac Studio & Studio Display

Video Editing သမားတွေ၊ Powerful သုံးချင်တဲ့သူတွေအတွက် new Mac Studio ဖြစ်ပါတယ်။ M1 Max နဲ့ အသစ်မိတ်ဆက်သွားတဲ့ M1 Ultra Chip ဆိုပြီး (၂) ခု ရွေးလို့ရပါမယ်။ 27-inch 5K Retina display, a 12MP Ultra Wide camera with Center Stage, and a high-fidelity six-speaker sound system with spatial audio စတဲ့ Features တွေကို support လုပ်တဲ့အပြင် CPU ရော GPU Performance က လန်ပြန်ထွက်နေအောင် ရမဲ့ Powerful Mac ဖြစ်ပါမယ်။
.
new Mac Studio နဲ့တွဲပြီး သုံးဖို့အတွက် Studio Display ကိုလည်း မိတ်ဆက်သွားပါတယ်။ 27-inch 5K Retina Display, True Tone Technology စတဲ့ Features တွေအပြင် 12MP Ultra Wide camera with Center Stage လည်း ပါဝင်မှာ ဖြစ်ပါတယ်။
.
Note: Mac Studio က ထွက်ထားခဲ့တဲ့ Mac mini တို့ဘာတို့လိုမျိုး Desktop Design ဖြစ်ပါတယ်။ သူ့ကို တခြား ကိုယ်ကြိုက်တဲ့ Monitor တွေနဲ့လည်း တွဲဖက်ပြီး သုံးလို့ရမှာ ဖြစ်ပြီးတော့ Apple ရဲ့ Studio Display ကတော့ Monitor ဖြစ်ပါတယ်။ သီးခြားစီ ခွဲပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ ပစ္စည်းတွေက Apple Store မှာ စမှာလို့ ရနေပြီဖြစ်ပြီးတော့ March 18 နောက်ပိုင်း ရနိုင်မှာ ဖြစ်ပါတယ်။





iPhone 13 Pro | iPhone 13 Pro Max  - Alpine Green Color (New**)



iPhone 13 Mini | iPhone 13  - Green Color (New**) 





iPhone 13 Pro | iPhone 13 Pro Max color variants (included new color, alpine green) 






iPhone 13 Mini | iPhone 13 color variants (included new color, alpine green) 







iPhone SE 3 





iPad Air 5th Gen with Apple Pencil 2 



|

iPad Air 5th Gen with Smart Keyboard 





iPad Air 5th Gen Type-C port connected with External HDD 





iPad Air 5th Gen with Smart Keyboard 

Top