ဝင်းမိုဘိုင်းလ်ဝေါလ် ဆိုင်ခွဲအသစ်

Date: 23/02/2022

မင်္ဂလာပါ။

အားပေးသူမိတ်ဆွေများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်စေဖို့အတွက် ဝင်းမိုဘိုင်းလ်ဝေါလ်ရဲ့ ဆိုင်ခွဲအသစ်ကို ဒုတိယထပ်၊ Terminal-M Leisure Mall မှာ မကြာခင် ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း​ ကြိုတင်ပြီး သတင်းကောင်းပါးချင်ပါတယ် ..။

 

Terminal-M Leisure Mall က အမှတ် (၃) လမ်းမကြီးနဲ့ ခရေပင်လမ်းထောင့်မှာ တည်ရှိပြီး ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်ရဲ့ အကြီးဆုံး Shopping Mall ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ ဆိုင်ခွဲမှာလည်း ကျွန်တော်တို့ ဝင်းမိုဘိုင်းလ်ဝေါလ်ရဲ့ ထုံးစံအတိုင်းပဲ ပစ္စည်းတွေကို မဝယ်ယူခင်မှာ စိတ်တိုင်းကျ လက်တွေ့ စမ်းသပ်၊ ကိုင်တွယ် ကြည့်ရှုပြီးမှ ဝယ်ယူနိုင်စေဖို့အတွက် Live Display Units တွေကိုလည်း ထားရှိပေးသွားမှာ ဖြစ်ပါတယ် ..။

 

အဲ့ဒါအပြင် Laptops တွေ၊ Gadgets ပစ္စည်းတွေ ဝယ်ယူချင်တဲ့သူတွေအတွက်လည်း တစ်ခါတည်း စုံစုံလင်လင်နဲ့ ထားရှိပေးသွားမှာ ဖြစ်ပါကြောင်းနဲ့ ဆိုင်စတင်ဖွင့်လှစ်တဲ့ အနေနဲ့ ပစ္စည်းတွေ ဝယ်ယူတဲ့အခါ လက်ဆောင်ပစ္စည်းတွေကိုလည်း ပေးသွားဖို့ ရှိတယ်ဆိုတာကို ထပ်မံပြီးတော့ သတင်းကောင်းလေး ပါးလိုက်ပါရစေခင်ဗျာ ..

 

ဒါကြောင့်မို့ Terminal-M Leisure Mall မှာရှိတဲ့ ကျွန်တော်တို့ ဝင်းမိုဘိုင်းလ်ဝေါလ်ရဲ့ ဆိုင်ခွဲအသစ်ကို လာရောက်လည်ပတ် လေ့လာကြဖို့အတွက် နွေးထွေးစွာနဲ့ ဖိတ်ခေါ်ပါလိုက်ပါတယ်ခင်ဗျာ ..။

 

■ Win Mobile World (Terminal-M Branch)

 

02-11A,12, 2nd Floor, Terminal-M Leisure Mall,

No. (196), Corner of No.(3) Road and Khayae Pin Road,

Mingalardon Township, Yangon.

09 885 900 400, 09 784 500 800

Top