ရိုးရိုး TV တလုံးကို Android Smart TV တလုံးအဖြစ်ပြောင်းသုံးကြမယ်

Date: 22/01/2021

Smart TV လို့ပြောလိုက်တာနဲ့ Xiaomi ရဲ့ Mi TV တွေကလည်း လူကြိုက်များတဲ့အထဲမှာ ပါဝင်ပါတယ်။ Xiaomi ဟာ Mi TV တွေအပြင် Mi TV Box/ Mi TV Stick လို့ခေါ်တဲ့ Devices တွေကိုလည်း ထုတ်လုပ်ပါတယ်။ အလွယ်ပြောရရင်တော့ Mi TV Box တို့ Mi TV Stick တို့ဟာ သာမာန်ရိုးရိုး TV တွေကို Android Smart TV အဖြစ်ပြောင်းလဲအသုံးပြုဖို့အတွက် ဖြစ်ပါတယ်ခင်ဗျာ။

အခုမိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့ Mi Box ကိုမှ Global Version အဖြစ်ထွက်ရှိထားတဲ့ Mi Box S 4K ပဲဖြစ်ပါတယ်။ Global Version ဖြစ်တာကြောင့် Google Apps တွေလည်း ပါဝင်ပြီးသားဖြစ်သလို/ Netflix ကိုလည်း Original Quality အတိုင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Android TV OS နဲ့လာတာဖြစ်တာကြောင့် Google Play Store မှာ Android TV OS အတွက် Supported ပေးတဲ့ Apps တွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် Mi Box S ဟာ Smart TV Box ဖြစ်တာမို့ Android TV OS နဲ့လာတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ Smartphone တလုံးလို Functions အားလုံးအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Memory Stick (or) External HDD တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေထည့်သွင်းပြီးတော့လည်း ကြည့်ရှုနိုင်သလို WiFi ချိတ်ဆက်အသုံးပြုနိုင်တာမို့ Online Stream လည်းကြည့်ရှုလို့ရပါတယ်။

Mi Box S မှာ Chromecast build-in ပါဝင်တာဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ Smartphone, Tablet, Laptop တွေကနေပြီးတော့ Movie, Music, Game စတာတွေကိုလည်း Screen Cast ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်သလို Google Assistant လည်းပါဝင်ပါသေးတယ်ခင်ဗျာ။ Remote Control အပြင် Bluetooth Mouse (or) Bluetooth Keyboard တို့နဲ့ချိတ်ဆက်အသုံးပြုနိုင်သလို USB Port တစ်ခုလည်းပါဝင်တာမို့ လိုအပ်တာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

Mi TV Stick အကြောင်း ပို့စ်တင်ပေးထားတာကို အပြည့်အစုံသိရအောင်လို့ ယခင် ဒီပို့စ်လေးမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ - https://www.facebook.com/winmobileworld/posts/2906301976119689

  • Output Resolution: 4K (3840p x 2160p)
  • 2GB DDR3 RAM
  • 8GB eMMC Storage
  • Socket - HDMI 2.0a, USB 2.0, Audio Output, Power
  • Packing List - Remote Control, User Manual, Batteries, Power Adapter, HDMI Cable

❱ Mi Box S 4K (Global Version) - 130,000 MMK

❱ Mi TV Stick (Global Version) - 980,000 MMK

◉ 1 Year Warranty Included

 

Top