အိပ်ယာခင်းနဲ့ Sofa ခုံတွေအသုံးပြုပြီး Allergy ဖြစ်သလို ခန္ဓာကိုယ်ယားယံတာမျိုးတွေဖြစ်နေပြီလား...?

Date: 21/01/2021

Xiaomi ရဲ့ Mijia Wireless Mites Vacuum Cleaner လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ အိပ်ယာခင်း၊ Sofa ခုံ၊ ကားအတွင်းပိုင်းတို့ကို သန့်ရှင်းရေးလုပ်နိုင်တဲ့ ကြိုးမဲ့ဖုန်စုပ်စက် ဖြစ်ပြီး 850,000 rpm ရှိတဲ့ High-speed Motor ကို အသုံးပြုပေးထားပြီး 16kPa Suction ထိရှိတာမို့ စုပ်ယူမှုအားအတော်လေးကောင်းတယ်။ ဒါ့အပြင် Multi-vertex Cyclone Separation Technology ကိုအသုံးပြုထားပြီး Four-fold Filtration System ကြောင့် ဖုန်မှုန့်တွေအပြင် ပိုပြီးသေးငယ်တဲ့ 0.3 Microns အရွယ်အမှုန့်တွေကို 99.97% ထိစုပ်ယူနိုင်ပါတယ်။

12800 Beats/ Minutes ထိရှိတဲ့ High-Frequency Depth Tapping စနစ်၊ Hot Air Drying စနစ်နဲ့ UV Light တို့ပါဝင်တာကြောင့် Dust Mites လို့ခေါ်တဲ့ အင်မတန်သေးငယ်ပြီး သာမာန်မျက်လုံးနဲ့မမြင်နိုင်ပဲ ၊ ခန္ဓာကိုယ် ယားယံခြင်း၊ Allergy (ဓါတ်မတည့်ဖြစ်ခြင်း) နဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဟာ Dust Mites တွေထပ်မံမွေးဖွားခြင်းနဲ့ ကြီးထွားရှင်သန်ရာနေရာကို ထိရောက်စွာရှင်းလင်းပေးနိုင်ပါတယ်။ နောက်ပြီး အမှုန်တွေကိုစုပ်တဲ့နေရာမှာ ပိုပြီးအားကောင်းဖို့အတွက် 20cm Open-type ရှိတဲ့ Suction Port ပါရှိပြီး၊ လက်ကိုင်ကလည်း ကြီးပြီး ကိုင်ရတာ ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

Honeycomb Filter, Multi-cone Cyclone Separation Filter, Hepa Filter နဲ့ High-density Sponge စတဲ့ Filter တွေပါဝင်ပြီး Mites Vacuum Cleaner ဖြစ်တာမို့ အခြားသော စာရွက်အတိုအစတွေလိုမျိုးတွေကို စုပ်ယူခြင်းမပြုစေဖို့အတွက်လည်း Cover ပါဝင်လို့ အတော်လေးအဆင်ပြေတယ်။ အလွယ်တကူအသုံးပြုလို့ရအောင် လက်ကိုင်မှာပဲ Control Button ပါဝင်ပြီး Standard Mode, Smooth Suction Mode, Smooth Suction Heating နဲ့ Standard Heating Mode ဆိုပြီး (၄) မျိုးပါဝင်ပါတယ်ခင်ဗျာ။

Wireless Model ဖြစ်တာမို့ 2000mAh ရှိတဲ့ Build-in Battery ပါဝင်ပြီး တစ်ကြိမ်အားအပြည့်သွင်းထားရင် (၂၈) မိနစ်ခန့်အသုံးပြုနိုင်မှာမို့ သန့်ရှင်းရေးလုပ်ဖို့အချိန် အပြည့်အဝအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Packing Box ထဲမှာ Special Charging Board တစ်ခုပါဝင်ပြီး အားသွင်းလို့ပြည့်တာနဲ့ အလိုအလျောက် ပိတ်ပေးနိုင်တဲ့ Function လည်းပါဝင်ပြီး 0% to 100% ပြည့်ဖို့ အချိန် (၃) နာရီခွဲခန့်ကြာမှာဖြစ်ပါတယ်ခင်ဗျာ။

❱ Mijia Wireless Mites Vacuum Cleaner - 159,000 MMK

◉ 6 Months Warranty Included

Top