ရုံးသုံး၊ ကျောင်းသုံး လုပ်မလား? ပေါ့ပေါ့ပါးပါး ခရီးသွားရင် သုံးမလား?

Date: 19/01/2021

Xiaomi ရဲ့ Design လန်းပြီး လူကြိုက်များတဲ့ Backpack တွေထဲက Urban Life Style Backpack လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Model က ပထမဆုံးထုတ်ခဲ့တဲ့ Urban Life Style Backpack ရဲ့ တချို့လိုအပ်ချက်လေးတွေကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ထည့်သွင်းပြီး ထုတ်လုပ်ထားတဲ့ Urban Life Style Backpack 2 ဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း Design ကလန်းတော့ အထာကျကျနဲ့ ရုံးတက်ရတဲ့သူတွေသုံးမလား? ကျောင်းသုံးအတွက်လည်း အဆင်ပြေသလို၊ ပေါ့ပေါ့ပါးပါး ခရီးတိုလေးတွေထွက်တဲ့အခါမှာလည်း အသုံးပြုလို့အဆင်ပြေအောင်လုပ်ထားတဲ့ Design မျိုးဖြစ်ပြီး အမျိုးသား/ အမျိုးသမီး ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရောင်အားဖြင့် Grey, Deep Grey နဲ့ Blue ဆိုပြီး (၃) မျိုး ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်သလို၊ Laptop ထည့်ဖို့အတွက် သီးသန့်အကန့်လေးပါရှိပြီး 15.6" Laptop ထိထည့်လို့ရမယ်၊ အခြား Tablet ထည့်ဖို့အတွက် သီးသန့်အကန့်လေးတွေပါရှိသလို၊ အခြား အသုံးအဆောင်ပစ္စည်းတွေ အစုံထည့်လို့ရတယ်။ Lightweight Design ဖြစ်တာမို့ ပေါ့ပေါ့ပါးပါးရှိတယ်။

အလွယ်တကူ ရေမစိုနိုင်တဲ့ အသားနဲ့ပြုလုပ်ထားတာမို့ မတော်တဆ ရေစိုတာခံနိုင်သလို အညစ်အကြေး အစွန်းအထင်းတွေကိုလည်း သန့်ရှင်းရေးလုပ်ရတာ လွယ်ကူတယ်။ ဒီဇိုင်းအသစ်ကြောင့် အလေးချိန်ကို သိသိသာသာလျော့ကျစေပြီး အချိန်ကြာကြာလွယ်ထားရင်တောင် ချွေးထွက်တာမျိုးတွေ မဖြစ်စေဘူး။

အရင် Model မှာတုန်းကမပါခဲ့တဲ့ ခရီးဆောင်အိတ် (Luggage) လက်ဆွဲမှာ ချိတ်သွားလို့ရတဲ့ Strap လေး နောက်ကျောဘက်မှာ ပါဝင်လာတယ်။ Zipper ကလည်း အရင်လို ကြိုးနဲ့မဟုတ်တော့ပဲ YKK Zipper ကိုသုံးထားလို့ ကြာလာရင် ဆွေးပြီး ပြုတ်တာ/ ပြတ်တာမျိုးမဖြစ်တော့သလို အိတ်ထိပ်ဘက်က လက်ကိုင်ကိုလည်း ပိုမိုကျစ်လစ်တဲ့ Nylon သားနဲ့လုပ်ပေးထားတာ တွေ့ရပါတယ်ခင်ဗျာ။

❱ Xiaomi Urban Life Style Backpack 2 - 36,000 MMK

Top