ကျန်းမာရေးနဲ့ညီညွတ်စေပြီး အရသာရှိတဲ့ အစားအစာတွေ လုပ်စားနိုင်ဖို့အတွက်...

Date: 14/01/2021

ခုနောက်ပိုင်း လူပြောအများဆုံး မီးဖိုချောင်သုံး Gadget တစ်ခုကတော့ Air Fryer ပါပဲ။ Air Fryer တွေဟာ အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက် စတာတွေကို ဆီသုံးစရာမလိုပဲ ကြော်/ လှော်/ ကင် လုပ်လို့ရပါတယ်။ Air Fryer တွေက Hot Air Flow System နဲ့ အိုးထဲမှာ လေပူကိုလှည့်ပတ်စေပြီး အသားငါးတွေဆိုရင်လည်း သူ့ထဲကအဆီနဲ့ပဲ ပြန်ကြော်တာ၊ ကင်တာမျိုးလုပ်ပေးတာမို့ သဘာဝအတိုင်းအရသာ၊ အဟာရကို ရရှိစေနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးချင်တဲ့သူတွေဖြစ်စေ၊ ဝိတ်လျှော့ချင်တဲ့သူတွေအတွက်ဖြစ်စေ အသုံးပြုလို့ရသလို Air Fryer တွေက အပေါ်မှာပြောသလို အသား/ ငါး ဟင်းသီးဟင်းရွက်တင်မဟုတ်ပါဘူး။ ကိတ်၊ ပေါင်မုန့်၊ ပူတင်း စတဲ့မုန့်မျိုးစုံကိုလည်း Air Fryer ကို အပူချိန်နဲ့ ကြာချိန်ကို ရွေးတတ်ပြီး ကောင်းကောင်း သုံးတတ်သွားပြီဆိုရင် လုပ်စားလို့ရတာမို့ စွယ်စုံအသုံးပြုလို့ရပါတယ်ခင်ဗျာ။

အခုမိတ်ဆက်ပေးမယ့် Air Fryer လေးကတော့ LIVEN ကနေထုတ်လုပ်ထားတာဖြစ်ပြီး အပူချိန် 90 °C ကနေ 210 °C ထိအသုံးပြုနိုင်ပြီး ကြာချိန်ကို (၁)​ မိနစ်ကနေ မိနစ် (၆၀) ထိ ထားလို့ရပါတယ်။ ဒါ့အပြင် အဆီဓာတ်များတဲ့ အစားအစာတွေဆိုရင် သာမာန် ကြော်/ လှော်/ ကင် တာတွေနဲ့ ယှဥ်လိုက်ရင် 80% ထိ အဆီဓာတ်ကိုလျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်ခင်ဗျာ။

နောက်ပြီး သူ့မှာ Protective Cover ပါဝင်တာမို့ ကြော်/ လှော်/ ကင် လုပ်နေတဲ့ချိန် ဆီပူတွေလာစင်တာမျိုးတွေမဖြစ်ဘူး။ Heat-resistant Tempered Glass နဲ့မို့ Safe Cooking ဖြစ်ပြီး Transparent Cover ဖြစ်တာမို့ အချိန်မရွေး အခြေအနေကိုလှမ်းကြည့်လို့ရတယ်။ လက်ကိုင်ကိုလည်း အပူကူးစက်မှုမဖြစ်အောင်လုပ်ထားသလို အထဲမှာအသုံးပြုထားတဲ့ Material တွေကလည်း Detachable Non-stick Mesh ဖြစ်တာမို့ ဖြုတ်တပ်သန့်ရှင်းရေးလုပ်ရတာ ပိုပြီးလွယ်ကူစေပါတယ်ခင်ဗျာ။

❱ KZ-J5000A Liven Oil-Free Fryer 5L Electric Hot Air Fryer - 74,000 MMK

◉ Available Color: Black & White

◉ 6 Months Warranty Included

Top