Design လှ၊ Quality ကောင်းပြီး အသုံးခံတဲ့ Xiaomi ဓာတ်ခဲကိုသုံးကြမယ်

Date: 13/01/2021

ကျွန်တော်တို့ နေ့စဥ်အသုံးအဆောင် လျှပ်စစ်ပစ္စည်းအတော်များများမှာ Battery တွေကို အသုံးပြုကြပါတယ်။ ဥပမာ - အိမ်နံရံမှာတပ်ထားတဲ့ နာရီတွေ၊ Electronic Devices တွေအတွက်အသုံးပြုတဲ့ Remote Control တွေ၊ စသည်ဖြင့် နောက်ဆုံး ကလေးကစားစရာအရုပ်တွေအထိ အသုံးပြုလေ့ရှိတဲ့ AA Battery နဲ့ AAA Battery တွေထဲမှာမှ Quality အထူးကောင်းမွန်ပြီး Design လေးတွေလည်းလှတဲ့ Xiaomi ရဲ့ Battery လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

Xiaomi ကထုတ်လုပ်ထားတဲ့ Battery လေးတွေက AAA Size အတွက် Alkaline Battery ဖြစ်ပြီးတော့ AA Size အတွက်ကတော့ Lithium Battery ဖြစ်ပါတယ်ခင်ဗျာ။ Xiaomi ကထုတ်လုပ်ထားတာဖြစ်တာမို့ Quality ပိုင်းစိတ်ချရပြီးတော့ Battery အတွင်းပိုင်းတွေကို သေချာစနစ်တကျလုပ်ဆောင်ထားတာတွေ့ရပြီး Safety အတွက် Testing အဆင့်တွေအများကြီး လုပ်ထားတယ်လို့ဆိုထားပါတယ်ခင်ဗျာ။

Xiaomi ရဲ့ Rainbow AAA Alkaline Battery လေးတွေက Quality လည်းကောင်းသလို၊ အရောင်လေးတွေနဲ့ Design လေးတွေကလည်း လှတယ်။ အခြားသော Alkaline Battery တွေထက်လည်း ပိုပြီးစျေးနှုန်းသက်သာတယ်။ AA Mijia Super Battery ဆိုရင်လည်း Lithium Battery ဖြစ်တာမို့ စျေးပိုကြီးသွားပေမယ့် အဆင့်မြင့်နည်းပညာတွေအသုံးပြုပေးထားတယ်။

Alkaline Battery တွေက Zinc နဲ့ Manganese Oxide ကိုအသုံးပြုပြီး စွမ်းအင်ထုတ်ပေးတာဖြစ်ပြီး Lithium Battery တွေကတော့ Lithium Metal (သို့) သူ့ရဲ့ Anode အဖြစ် Compounds တွေကို အသုံးပြုပြီး စွမ်းအင်ထုတ်ပေးတာဖြစ်ပါတယ်။ အရင်ကတော့ Lithium Battery တွေကို များသောအားဖြင့် သေးငယ်တဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်ကြတဲ့ နာရီ၊ ဂဏန်းပေါင်းစက်၊ Remote Control အသေးလေးတွေမှာပဲ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှသာ AA နဲ့ AAA Version တွေအထိ ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။

Lithium Battery တွေက အဆင့်မြင့်ခေတ်ပေါ်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာဖြစ်သလို Alialine Battery တွေထက် Voltage (၂) ဆ ပိုမိုထုတ်လုပ်ပေးနိုင်ပြီး ပိုပြီးတော့ တာရှည်အသုံးခံသလို အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာဖြစ်တာမို့ AA Lithium နဲ့ AAA Lithium Batteries တွေဟာ AA Alkaline နဲ့ AAA Alkaline Batteries တွေထက် အနည်းငယ်ပိုပြီး စျေးကြီးရခြင်းဖြစ်ပါတယ်ခင်ဗျာ။

❱ Alkaline AAA/ Rainbow Battery (10 pcs) - 4,000 MMK

❱ Lithium AA/ Mijia Super Battery 2900mAh (4 pcs) - 6,000 MMK

Top