ဆီးချိုသမားများ၊ အဆီဓာတ်၊ အချိုဓာတ် ရှောင်ချင်သူများအတွက် ထမင်းပေါင်းအိုး...

Date: 06/01/2021

ဆီးချိုရောဂါ (သွေးချိုဟုလည်းခေါ်) သည် ကမ္ဘာပေါ်မှာအဖြစ်အများဆုံး နာတာရှည်ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆီးချိုရောဂါဖြစ်ပြီဆိုတာနဲ့ သွေးတွင်းသကြားဓါတ်မြင့်တက်လာပြီး အချိန်အတိုင်းအတာတစ်ခုရောက်ရင် ဦးနှောက်၊ နှလုံး၊ ခြေလက်တို့ရှိ အာရုံကြောများ၊ မျက်လုံးနှင့် ကျောက်ကပ်တို့ကို ထိခိုက်လာနိုင်ပါတယ်။

ဆီးချိုရောဂါကို တချို့သေချာကုသမှုမပြုကြတာကြောင့် မျက်စိကွယ်ခြင်းအပါအဝင် ဆိုးရွာတဲ့ ခန္ဓာကိုယ်မသန်စွမ်းမှုတွေဖြစ်စေနိုင်သလို ဆီးချိုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ပြီး နေထိုင်စားသောက်မှုပုံစံကို စနစ်တကျထိန်းသိမ်းမည်ဆိုပါက သာမာန်ကျန်းမာသော လူကောင်းပကတိအတိုင်း သက်ရှည်စွာနေထိုင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဆီးချိုအတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် အဆီဓာတ်၊ အချိုဓာတ်ကို ရှောင်ချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့နေ့စဥ်စားသုံးနေကြတဲ့ ဆန် (ထမင်း) ကိုလည်း စနစ်တကျစားသောက်ပေးဖို့လိုအပ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ရဲ့ Zhenmi ကနေထုတ်လုပ်ထားပြီး ဆန် (ထမင်း) ထဲမှာပါဝင်နေတဲ့ ကစီဓာတ် နဲ့ အချိုဓာတ်ကို လျှော့ချပေးနိုင်တဲ့ ထမင်းပေါင်းအိုးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

ဒီထမင်းပေါင်းအိုးလေးက သာမာန်လျှပ်စစ်ထမင်းပေါင်းအိုးတွေလို ရေခမ်းချက်ပေးတာမျိုးမဟုတ်ပဲ ထမင်းရေငှဲ့ချက်လို့ရတဲ့ လျှပ်စစ်ထမင်းပေါင်းအိုးဖြစ်ပါတယ်။ နောက်ပြီးတော့ ဆန်ထဲမှာပါဝင်တဲ့ ကစီဓာတ်ပါဝင်မှု (၄၄%) နဲ့ သကြားဓာတ်ပါဝင်မှု (၃၃%) နှုန်းကို လျှော့ချပေးနိုင်တာမို့ ဆီးချိုသမားတွေဖြစ်စေ၊ အဆီဓာတ်၊ အချိုဓာတ်ကိုရှောင်ချင်တဲ့သူတွေအတွက်ဖြစ်စေ အထူးသင့်လျော်မှာပဲဖြစ်ပါတယ်။

လျှပ်စစ်ထမင်းပေါင်းအိုးကို ရေငှဲ့ချက်ပေးတယ်ပြောလို့ လက်နဲ့ကိုယ်တိုင်ငှဲ့ပေးစရာမလိုပါဘူး။ သူ့မှာပါတဲ့ ထမင်းအိုးထဲကို ဆန်နဲ့ရေထည့်ပြီး ခလုတ်နှိပ်လိုက်တာနဲ့ (၁၅) မိနစ်ခန့် အပူချိန်ပေးပြီး ပြုတ်ပါတယ်။ ပြီးတာနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း သူ့ရဲ့အိုးမှာပါဝင်တဲ့ အောက်က Slot လေးထဲကို ထမင်းရည်တွေရောက်ရှိစေတာမျိုးဖြစ်ပြီး ကျန်ခဲ့တဲ့ ဆန် (ထမင်း) ကို အပေါ်အောက် အပူမျှတစွာပေးပြီး ထမင်းကျက်အောင်လုပ်ဆောင်တာဖြစ်ပါတယ်။

ထမင်းချက်တာအပြင် Boiling, Draining, Steaming, Desugarging Functions တွေပါဝင်တာမို့ ကြက်သား၊ ငါး၊ အသီးအရွက်တွေကို ပေါင်းတာ၊ ကြက်ဥမုန့်လုပ်တာ၊ ခေါက်ဆွဲပြုတ်တာ၊ ဆန်ပြုတ်လုပ်တာနဲ့ အခြားဟင်းချိုချက်တာတွေကို ပြုလုပ်နိုင်ပါတယ်။ မိသားစု ကျန်းမာရေးအတွက် အရမ်းအသုံးဝင်ပြီး အသုံးပြုပုံအတွက်လည်း ဝယ်ယူပြီးတာနဲ့ (မြန်မာလို) စာရွက်ထုတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

❱ ZHENMI Desugared Rice Cooker 3L - 194,000 MMK

Top