WiFi လိုင်းသိပ်မမိလို့ အခန်းအပြင် ခဏခဏထွက်နေရသူများအတွက်...
ISP (Internet Service Provider) တွေ အပြိုင်အဆိုင်များပြားလာကြသလို အိမ်တွေမှာ Fiber Internet လိုင်းတွေ၊ WiFi Access တွေ တပ်ဆင်လာကြပါတယ်။ များသောအားဖြင့် ISP ဘက်ကတပ်ဆင်ပေးတဲ့ Router တွေနဲ့ပဲ အသုံးပြုကြပေမယ့် တချို့လည်း 2.4GHz/ 5GHz နှစ်မျိုးစလုံးမိတဲ့ Router တွေ ထပ်ခံပြီးအသုံးပြုကြပါတယ်။
ဆိုတော့ အခုမိတ်ဆက်ပေးချင်တဲ့ပစ္စည်းလေးက အိမ်တွေမှာ ISP Cable ကြိုးဝင်တဲ့နားမှာပဲ Router တွေကိုထားတတ်ကြတာမို့ အခန်းအနေအထားကြောင့်ဖြစ်စေ၊ ကြားထဲမှာ အတားအဆီးတွေများနေတာကြောင့်ဖြစ်စေ အခန်းထဲကအင်တာနက်သုံးရင် လိုင်းသိပ်မမိတာမျိုးတွေ ဖြစ်တတ်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။
အခန်းထဲမှာ အင်တာနက်သုံးနေတာဖြစ်ဖြစ်၊ Netflix ကြည့်နေတာဖြစ်ဖြစ်၊ Game ဆော့နေတာဖြစ်ဖြစ်၊ Video Call ပြောနေတာဖြစ်ဖြစ် လိုင်းက မိလိုက် မမိလိုက်ကြောင့် အပြင်ခဏခဏထွက်နေရလို့ အဆင်မပြေဖြစ်နေပြီဆိုရင်တော့ ဒီ Xiaomi Wifi Repeater Pro လေးက အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်မှာပါခင်ဗျာ။ ဒီ Devices လေးနဲ့ပါတ်သတ်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းလေးတွေကို Q&A ပုံစံမျိုးလေး အောက်မှာဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
- Q: WiFi Speed ကို ပိုမြန်စေတာလား?
- A: မဟုတ်ပါဘူး။ မူရင်း WiFi လွှင့်ပေးတဲ့ Router နဲ့ ဝေးတဲ့အခန်းနေရာတွေမှာ WiFi Signal သိပ်မမိတာမျိုးတွေကို Signal Extend လုပ်ပေးတာပါ။ 2x2 dBi Antenna ပါဝင်ပြီး 300Mbps Speed ထိရတာကြောင့် Open Area တွေမှာဆိုရင် 120 Meter အများဆုံးထိရနိုင်ပြီး Closed Area တွေဆိုရင်တော့ 80 Meter လောက်ထိရနိုင်ပါတယ်။
- Q: Device ဘယ်နှစ်ခုလောက်ထိ ချိတ်ဆက်အသုံးပြုနိုင်လဲ?
- A: Xiaomi ကတော့ Devices (64) ခုထိ ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ ဖော်ပြပေးထားပေမယ့် Devices (24) ခုလောက်ထိပဲ Recommend လုပ်ပါတယ်ခင်ဗျာ။ အိမ်တစ်အိမ်အတွက် Devices (24) ခုဆိုတာ လုံလောက်တာထပ်ကို ပိုတဲ့အရေအတွက်ဖြစ်ပါတယ်ခင်ဗျာ။
- Q: Dual Band WiFi (2.4GHz/ 5GHz) နှစ်မျိုးစလုံးရလား?
- A: မရပါဘူး။ ဒါလေးက စျေးနှုန်းလည်းသက်သာတာကြောင့် 2.4GHz အတွက်ပဲ Support လုပ်နိုင်ပါတယ်ခင်ဗျာ။
- Q: ISP ဘက်ကပေးတဲ့ Router ကိုဖြုတ်ပြီး ဒါတပ်သုံးရတာလား?
- A: မဟုတ်ပါဘူး။ အဲ့ဒီ WiFi Router က ထွက်တဲ့ WiFi လိုင်းကိုပဲ ပြန်ဖမ်းပြီးတော့ Extend လုပ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် WiFi Router နဲ့ တွဲပြီးအသုံးပြုရမှာဖြစ်ပါတယ်။ Mi Home App (Mijia App) မှတဆင့် ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
- Q: SIM Card ထည့်ပြီးသုံးလို့ရလား?
- A: မရပါဘူး။ SIM Router မဟုတ်တာကြောင့် SIM Card ထည့်သုံးလို့မရပါဘူး။ SIM Card ထည့်သုံးချင်ရင် ZMI Router လိုမျိုးဝယ်သုံးနိုင်ပါတယ်ခင်ဗျာ။
➧ Xiaomi WiFi Repeater Pro - 30000 MMK
◉ 1 Year Warranty Included