ဘယ်သွားသွား အလွယ်တကူယူသွားလို့ရတဲ့ Portable Fruit Blender

Date: 26/12/2020

ကျန်းမာရေးအတွက် အသီးအရွက်စားသုံးပေးခြင်းက အရိုးများသန်မာစေဖို့ များစွာအထောက်အကူဖြစ်စေသလို ဗီတာမင် C ကြွယ်ဝပြီး အရိုးများအသစ်ဖြစ်ပေါ်ခြင်းကို လှုံ့ဆော်ပေးသလို အရိုးဆဲလ်များထိခိုက်ပျက်ဆီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ အသီးအရွက်များစားသုံးပေးခြင်းက ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။

အသီးအရွက်တွေကို ပုံစံမျိုးစုံနဲ့ စားသုံးနိုင်သလို/ ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် သစ်သီးမျိုးစုံကို ဖျော်ရည်အဖြစ်သောက်သုံးခြင်းကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ အသင့်သောက်သုံးတဲ့ ဖျော်ရည်တွေမှာဆိုရင် သကြားဓာတ်များခြင်း၊ ကယ်လိုရီပါဝင်တဲ့ အချိုရည်များသောက်သုံးခြင်းတွေကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အခုမိတ်ဆက်ပေးချင်တဲ့ Gadget လေးက Xiaomi ရဲ့ Brand ခွဲတစ်ခုကထုတ်တဲ့ 17Pin Star Fruit mini Portable Blender Juicer လေးပဲဖြစ်ပါတယ်။ Safety ဖြစ်အောင် Food Grade Material တွေအသုံးပြုပေးထားပြီး Portable ဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ဘယ်သွားသွား/ ခရီးသွားလည်း ယူသွားလို့ရသလို ရုံးတက်ရတဲ့သူတွေအတွက်လည်း အလုပ်ကိုအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။

Safety အတွက် Cutter Blades ကိုလည်း မမြင်ရအောင် Hidden လုပ်ပေးထားပြီးတော့ ခွက်အကျယ် 400ml ရှိပါတယ်။ Battery Life ကိုလည်း ကြာရှည်အောင်လုပ်ပေးထားပြီး အားအပြည့်သွင်းထားရင် (၁၅) ကြိမ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery Charging ပိုင်းကိုလည်း Magnetic Charging အသုံးပြုပေးထားပါတယ်။

အသီးအရွက်ဖျော်ပြီးလို့ ချက်ခြင်းမသောက်ရင်တောင် အနံ့အရသာကို နဂိုအတိုင်းရှိနေအောင် ထိန်းထားပေးနိုင်ပါတယ်။ အသုံးပြုပြီးတာနဲ့ သန့်ရှင်းရေးလုပ်ရတာလည်း အင်မတန်လွယ်ကူတာမို့ အထာကျကျ ကိုယ်တိုင်ဖျော်သောက်လို့ရအောင် City Mall St.John မှာရှိတဲ့ Gadget Store by Win Mobile World ကို အခုပဲလာခဲ့လိုက်တော့နော်။

➧ 17Pin Star Fruit mini Portable Blender Juicer - 29,000 MMK

◉ Available Color - White/ Pink

Top