ကြော်မယ်... ချက်မယ်... ပြုတ်မယ်... စားမယ်...
မိသားစုတစ်ခုဖြစ်လာပြီဆိုရင်တော့ နေ့စဥ်နဲ့အမျှ ချက်ပြုတ်စားသောက်နေကြရမှာပါ။ အိမ်တိုင်းအိမ်တိုင်းမှာလည်း ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်အသုံးအဆာင်ပစ္စည်းတွေ အမျိုးမျိုးအသုံးပြုကြပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Xiaomi ကနေထုတ်လုပ်ထားတဲ့ Mijia Induction Cooker A1 လေးပဲဖြစ်ပါတယ်ခင်ဗျာ။ Set လိုက်ဖြစ်တာမို့ Non-stick Wok Pan တခုနဲ့ Stock Pot တခုတခါတည်းပါဝင်ပါတယ်။
Firepower Adjustment ကို Speed (၉) မျိုးနဲ့ လိုအပ်သလိုချိန်ညှိလို့ရတယ်။ 4mm အထူရှိတဲ့ Mirror Microctystalline Panel နဲ့ဖြစ်တာမို့ Design က အရမ်းရိုးရှင်းပြီး အပူချိန် 500 °C ထိခံနိုင်ရည်ရှိတယ်။ နေရာလည်း သိပ်မယူဘူး။ 150mm ရှိတဲ့ Double-layer Coil တပ်ဆင်အသုံးပြုထားတယ်။ ခလုတ်တွေအားလုံးကလည်း Touch ဖြစ်တာမို့ ရိုးရှင်းလွယ်ကူတယ်။
ချက်ပြုတ်မယ့်အပေါ်မူတည်ပြီး အဓိကကျတဲ့ Cooking Modes (၇) မျိုးရွေးချယ်လို့ရတာမို့ ပိုပြီးအဆင်ပြေတယ်။ ချက်ပြုတ်တဲ့နေရာမှာ ဘယ်လောက်ကြာကြာထားမယ်ဆိုတဲ့ Timing ကိုလည်း လိုအပ်သလိုပေးလို့ရပြီး အမြင့်ဆုံး (၄) နာရီကြထိ ပေးထားလို့ရတယ်။ လျှပ်စစ်အန္တရာယ်တွေအတွက်လည်း Protection စနစ် (၅) မျိုးတပ်ဆင်ပေးထားပါတယ်။
2 Hours Smart Insulation System ပါဝင်တာမို့ အဲ့ဒီ Function ကိုအသုံးပြုပြီး 200W Power နဲ့ လိုအပ်သလို မီးအားအနည်းငယ်နဲ့ နွေးတာမျိုးတွေပြုလုပ်နိုင်တယ်။ ချက်ပြုတ်တဲ့အချိန်မှာ အသံဆူညံခြင်းမရှိအောင်လည်း Fan တွေဘာတွေနဲ့ Exhaust စနစ်တွေနဲ့ စနစ်တကျပြုလုပ်ထားတာတွေ့ရတယ်။
လုံခြုံရေးစနစ်အတွက် Temperature Sensor နဲ့ Circuit Protection System ပါဝင်တာမို့ Fuselage Overheat ဖြစ်လာရင် အချက်ပြပေးတယ်။ No Pot Alarm, Dry Burning Protection, Overheating Protection, IGBT Protection, Circuit Abnormality Protection စတဲ့ Protection စနစ် (၅) မျိုးပါဝင်တာမို့ သာမာန် Cooker တွေထက် Safety ဖြစ်ပါတယ်ခင်ဗျာ။
➧ Mijia Induction Cooker A1 - 49,000 MMK