Laptop အသုံးများလို့ ဇက်နာ ခါးနာ ဖြစ်နေပါသလား...?
ဒီဘက်ခေတ်မှာ ကွန်ပျူတာသုံးပြီး အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် Laptop/ Notebook/ MacBook တွေသုံးပြီးအလုပ်လုပ်ရတဲ့အခါ အချိန်ကြာလာရင် အာရုံစူးစိုက်ပြီးအလုပ်လုပ်ရတာဖြစ်တာမို့ Position မမှန်တဲ့အခါ ခါးနာတာ၊ ဇက်နာတာတွေ ဖြစ်တတ်ပါတယ်။ ခုလို Work from Home ကာလမှာဆို ပိုတောင်ဖြစ်တတ်ကြမယ်လို့ထင်ပါတယ်။
အဓိကတော့ အဲ့လိုဖြစ်တာတွေက ကွန်ပျူတာသုံးတဲ့အခါ ထိုင်တဲ့ပုံစံ၊ အသုံးပြုတဲ့ Position အနေအထား၊ Eye-level စတာတွေ မညီမျှမှုတွေကြောင့် အဖြစ်များကြပါတယ်။ အဲ့လိုတွေဖြစ်လာတဲ့အခါ အလုပ်မှာ Productivity ကျလာတတ်ပါတယ်။ ဒါကြောင့် အဲ့လိုဖြစ်တာတွေကို သက်သာစေဖို့အတွက် Laptop အသုံးများတဲ့သူတွေ အသုံးပြုသင့်တဲ့ Gadget လေးတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
WiWU ကနေထုတ်လုပ်ထားတဲ့ Laptop Stand (၂) မျိုးပါ။ Laptop Stand ဖြစ်တာမို့ အလွယ်တကူ Adjust လုပ်နိုင်တယ်။ Aluminum နဲ့လုပ်ထားတာဖြစ်တာမို့ ပေါ့ပါးတယ်။ အကြမ်းခံတယ်။ Laptop တင်သုံးတာမို့ လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ပေးထားတယ်။ အသုံးပြုပြီးရင်လည်း အလွယ်တကူ ပြန်ခေါက်သိမ်းထားလို့ရတာမို့ နေရာမယူတော့ပါဘူး။
သူတို့နှစ်မျိုးရဲ့ အဓိကကွာခြားချက်ကတော့ WiWU S400 က WiWU S100 ထက် အနည်းငယ်ပိုသေးအောင် ခေါက်လို့ရတယ်။ ဒါကြောင့် ဘယ်သွားသွား အလွယ်တကူသယ်သွားလို့ရတာမို့ ပိုပြီးတော့ အဆင်ပြေတယ်။ ကျန်တဲ့ အသုံးပြုထားတဲ့ Material တွေ အသုံးဝင်ပုံတွေကတော့ အတူတူလောက်ပါပဲခင်ဗျာ။
➧ WIWU S100 Laptop Stand - 27,000 MMK
➧ WIWU S400 Laptop Stand - 28,000 MMK