အားသွင်းမလား...? အင်တာနက်သုံးမလား...?

Date: 17/12/2020

အခုနောက်ပိုင်း လူသုံးများလာတဲ့ ZMI 10000mAh Power Bank Router လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ Power Bank သီးသန့်တင်မဟုတ်ပဲ 4G LTE Hotspot Router အနေနဲ့ပါသုံးလို့ရတာပါပဲ။ ဖုန်းက အင်တာနက်ကိုမသုံးချင်တဲ့သူတွေဖြစ်ဖြစ်၊ အင်တာနက်ကို သီးသန့် Data Card တွေနဲ့သုံးချင်တဲ့သူတွေပဲဖြစ်ဖြစ် အလွယ်တကူ ဘယ်သွားသွား သယ်သွားလို့လည်းရပါတယ်။

အဲ့လိုမဟုတ်ပဲ Mobile Data အတွက် Backup အနေနဲ့ Power Bank ပါတစ်ခါတည်းဆောင်ထားချင်သူတွေအတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ အပြင်တွေဘာတွေသွားတဲ့အခါ FREE WiFi (Public) တွေက မိမိတို့ရဲ့ Personal လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တာတွေရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Hotspot WiFi လေးနဲ့ဆိုတော့ ပိုပြီး Secured ဖြစ်တာပေါ့။

အသုံးလိုတဲ့ သူငယ်ချင်းတွေအတွက်လည်း Hotspot ပြန်လွှင့်ပေးထားလို့ရသလို ဖုန်းကတဆင့်ပြန်လွှင့်ပေးထားတာမဟုတ်တာကြောင့် ဖုန်းအားကုန်မှာတို့၊ ဖုန်းပူလာမှာတို့ စိတ်မပူရတော့ဘူးပေါ့။ 10000mAh Power Bank လည်းဖြစ်တာမို့ 65 Hour Standby Time အနေနဲ့ရပါတယ်။ ဖုန်းအားကုန်လို့ အားသွင်းမယ်ဆိုရင်လည်း အဆင်ပြေတာပေါ့။

4G LTE Router ဖြစ်တာမို့ ပြည်တွင်း Operator တွေအားလုံးရဲ့ SIM Card (Nano-SIM) ထည့်သုံးလို့ရပြီးတော့ Download Speed - 150 Mbps ထိတက်တယ်လို့ဆိုပါတယ်။ တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ Devices (၉) ခုထိ ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်ခင်ဗျာ။

➧ ZMI 10000mAh Power Bank Router - 88,000 MMK

⁍ 1 Year Warranty Included

Top