ဘယ်ကိုသွားသွား Power Bank လေးတစ်ခုတော့ အမြဲဆောင်ထားသင့်ပါတယ်...

Date: 17/12/2020

ခုလို လူတိုင်းနီးပါး Smartphone တစ်လုံးကိုင်ကြတဲ့ခေတ်ကြီးမှာ ဘယ်ကိုသွားသွား Power Bank လေးတစ်ခုကတော့ အမြဲဆောင်ထားသင့်ပါတယ်။ ခရီးထွက်လို့ပဲဖြစ်ဖြစ်၊ ဟိုနားဒီနားသွားတာပဲဖြစ်ဖြစ်၊ ဖုန်း Battery mAh ဘယ်လောက်များပါတယ်ပြောပြော မတော်တဆဆိုတဲ့ အခြေအနေတွေရှိတတ်ပါတယ်။ အဲ့လိုဖြစ်လာပြီဆိုရင် Power Bank လေးတစ်ခုရှိနေတာ အရမ်းအဆင်ပြေပါတယ်။

ကျွန်တော်တို့ မိတ်ဆွေတော်တော်များများက အပြင်သွားရင် Charging ကြိုးဆောင်တတ်ကြပေမယ့် Power Bank ဆောင်ထားတဲ့သူကတော့ နည်းပါတယ်။ ဖုန်းအားကုန်ခါနီးမှ ဟဲ့... Power Bank လေးပါရင် ခဏငှားပါဦးလို့ ကြုံဖူးသူတွေရှိကြမှာပါ။​ ခုမိတ်ဆက်ပေးမယ့် Power Bank လေးက Redmi Power Bank 10000mAh ဆိုတော့ အရမ်းလည်း Battery mAh မများသလို အရမ်းလည်း မနည်းပါဘူး။ အလေးချိန်ကလည်း အသင့်အတင့်ပါပဲ။

10000mAh ဖြစ်တာမို့ အားပြည့်နေရင် အနည်းဆုံးတော့ ဖုန်း (၃) လုံးလောက်ကို အသာလေး အားသွင်းလို့ရပါတယ်။ Dual Port Output ဖြစ်တာမို့ တစ်ပြိုင်တည်း ဖုန်းနှစ်လုံးအားသွင်းလို့ရသလို Charging ပြန်သွင်းဖို့အတွက်လည်း Input အတွက် ကြိုးမရှားတော့ပါဘူး။ microUSB Port ပါသလို USB Type-C Port ပါ ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။

9-Layer Circuit Chip Protection စနစ်ပါဝင်တာမို့ Charging သွင်းတဲ့အချိန်မှာလည်း Safety ဖြစ်အောင် လုပ်ပေးထားပါတယ်။ ဒါ့အပြင် Micro Current Charging အတွက်လည်း Support ဖြစ်တာမို့ ဖုန်းတွေမှာတင်မက Earphone တွေ Mi Band တို့လိုမျိုး Gadget တွေကိုပါ အားသွင်းနိုင်ပါတယ်ခင်ဗျာ။ ပြည်ပခရီးသွားတတ်သူတွေအတွက်လည်း 10000mAh ဖြစ်တာမို့ ကိုယ်နဲ့အတူ Hand-carry ထဲမှာ ယူဆောင်သွားခွင့်ရှိပါတယ်။

➧ Redmi Power Bank 10000mAh Standard Edition - 19,000 MMK

⁍ 1 Year Warranty Included

Top