Budget Model တွေဖြစ်တဲ့ Redmi 6/ Redmi 6A တို့ကို Xiaomi မိတ်ဆက်

Date: 27/06/2019

အားလုံးပဲမင်္ဂလာပါခင်ဗျာ...

ဒီကနေ့ June 12 ရက်နေ့မှာ Xiaomi ကနေ သူ့ရဲ့ Budget Devices Model အသစ်တွေဖြစ်တဲ့ Redmi 6 နဲ့ Redmi 6A ကို မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီ Budgets Model အသစ်မှာ ယခင်ထွက်ရှိထားတဲ့ Model တွေနဲ့ ဘာတွေကွာခြားသွားမလဲ ? ဘာတွေအသစ်အသစ်တွေပါဝင်လာမလဲဆိုတာကို ကျွန်တော်တို့မိတ်ဆွေများအတွက် တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ အရင်ဆုံး Redmi 6/ 6A ရဲ့ Highlight လေးတွေကြည့်လိုက်ရအောင်ခင်ဗျ... 

Highlight Specs of Redmi 6

• CPU: MediaTek Helio P22 SoC (Based on 12nm)

• Rear Camera: 12MP + 5MP (Dual Camera)

• Front Camera: 5MP (AI Supported)

• Display: 5.45 Inches (18:9 Full View Display)

• Security: AI Face Unlock

• Variants: 3/32GB and 4/64GB


Highlight Specs of Redmi 6A

• CPU: MediaTek Helio A22 SoC (Based on 12nm)

• Rear Camera: 13MP (AI Portrait)

• Front Camera: 5MP (AI Supported)

• Display: 5.45 Inches (18:9 Full View Display)

• Security: AI Face Unlock

• Variants: 2/16GB


CPU/ RAM/ ROM

Redmi 6 ရဲ့ CPU SoC ပိုင်းမှာတော့ MediaTek ရဲ့ Helio P22 SoC ကိုအသုံးပြုပေးထားတာတွေ့ရပါတယ်။ အဆိုပါ SoC ရဲ့ Performance က ကျွန်တော်တို့ Qualcomm ရဲ့ Snapdragon 625 SoC နီးနီးရှိတဲ့ MediaTek SoC တခုဖြစ်ပါတယ်။ အဆိုပါ SoC ဟာ Octa-core 12nm process ဖြစ်တာကြောင့်လည်း 28nm Chipsets တွေနဲ့ယှဉ်ရင် Power စားအားသက်သာတာ၊ Heat တက်တာတွေကို ပိုပြီးသက်သာစေမှာဖြစ်ပါတယ်။ အဆိုပါ Redmi 6 ကို 3/32GB နဲ့ 4/64GB ဆိုပြီး Variants (၂) မျိုးထုတ်လုပ်ပေးထားတာဖြစ်ပြီး မကြာခင် စျေးကွက်အတွင်း စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

Redmi 6A ရဲ့ CPU SoC ကိုတော့ Redmi 6 နဲ့မတူပဲ MediaTek Helio A22 SoC ကိုအသုံးပြုပေးထားတာတွေ့ရပြီး ၎င်း SoC ရဲ့ Performance ပိုင်းကတော့ Qualcomm ရဲ့ Snapdragon 425 SoC နီးပါးရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Helio A22 SoC ဟာလည်းပဲ 12nm process ပဲဖြစ်တာကြောင့် Redmi 6 လို Battery အားစားပိုသက်သာမယ်၊ Heat တက်တာလည်း ပိုသက်သာစေမှာပါ။ Redmi 6A မှာတော့ 2/16GB Variant တမျိုးတည်းကိုသာ ထုတ်လုပ်ပေးထားတာတွေ့ရပါတယ်ခင်ဗျာ။


Display/ Body

Redmi 6 နဲ့ Redmi 6A ရဲ့ Display ကိုတော့ 18:9 (Full View Display) ကိုသာအသုံးပြုထားတာဖြစ်ပြီး Screen size: 5.45 Inches ရှိပါတယ်ခင်ဗျာ။ Redmi 6 နဲ့ Redmi 6A ရဲ့ Body တခုလုံးကို သတ္တုကိုယ်ထည်ကိုအသုံးပြုထားကာ Redmi 6 မှာတော့ Fingerprint sensor ကိုု Body နောက်ဖက်မှာထည့်သွင်းအသုံးပြုပေးထားပြီး Redmi 6A မှာတော့ Fingerprint sensor ပါဝင်ခြင်းမရှိပါဘူးခင်ဗျာ။

Camera/ Sensor

Redmi 6 ရဲ့ Camera ပိုင်းကို 12MP + 5MP (Dual Camera) အသုံးပြုပေးထားတာဖြစ်ပြီး Main sensor ဟာ 1.25µm pixels ရှိတာကြောင့် Low light conditions မှာလည်း Noise ထတာတွေကိုလျော့ချပေးနိုင်တဲ့အပြင် ဒီစျေးတန်းရှိတဲ့ ဖုန်းတွေထဲမှာ Photo Quality ကောင်းကောင်းရှိတဲ့ ဖုန်းတလုံးလို့ပြောရမှာပါခင်ဗျာ။ Front Camera/ Selfie Camera ပိုင်းမှာတော့ 5MP ရှိတဲ့ Camera ကိုအသုံးပြုပေးထားပြီး Xiaomi ရဲ့ AI Portrait Mode အသုံးပြုနိုင်တာမို့Single Lens နဲ့ဖြစ်ပေမယ့် Bokeh effect ပုံအလန်းတွေရိုက်ကူးနိုင်ဦးမှာပါ။ 

Redmi 6A ရဲ့ Camera ပိုင်းကိုတော့ Redmi 6 ရဲ့ Budget Model ဖြစ်တာမို့ သူ့လိုတော့ Dual Camera အသုံးပြုပေးထားတာမဟုတ်ပဲ 13MP Camera တလုံးတည််အသုံးပြုထားတာဖြစ်ပြီး Front Camera/ Selfie Camera ကိုလည်း 5MP Camera ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် Redmi 6A ရဲ့ Camera နှစ်ခုစလုံးဟာ Single Lens ဖြစ်ပေမယ့် Xiaomi ရဲ့ AI Portrait Mode ပါဝင်တာကြောင့် Back/ Front (၂) ခုစလုံးမှာ Bokeh Effect/ Portrait Photos တွေရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ 


Battery/ OS/ Others

Redmi 6 နဲ့ Redmi 6A Model (၂) ခု စလုံးရဲ့ Battery ကိုတော့ 3000mAh Battery ကိုအသုံးပြုပေးထားတာတွေ့ရပြီး အခြားသော AI Functions တွေလည်းပါဝင်တဲ့အတွက် အဆိုပါ Model (၂) ခုစလုံးမှာ AI Face Unlock Features ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Redmi series ဖြစ်တာကြောင့် SIM Slot ကို Hybrid SIM Slot ကိုပဲအသုံးပြုပေးထားတဲ့အတွက် SIM 2 Slot မှာ Dual SIM အသုံးမပြုဘူးဆိုရင် microSD Card ကို 256GB ထိထပ်မံစိုက်ပြီး Storage ပွားပြီးအသုံးပြုနိုင်မှာဖြစ်ပြီး Charging Ports ကိုတော့ Micro USB Port ကိုပဲ အသုံးပြုပေးထားတာဖြစ်ပါတယ်။

Operating System (OS) ပိုင်းအနေနဲ့ Xiaomi ရဲ့ MIUI 9 OS နဲ့ပဲ ထွက်ရှိလာမှာဖြစ်ပြီး MIUI 10 ကတော့ Xiaomi Devices အားလုံးနီးပါးမှာ ခန့်မှန်း နောက် (၃) လဝန်းကျင်လောက်မှပဲ Stable Version ကို Public ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Redmi 6 နဲ့ Redmi 6A ကို Silver, Blue, Gold နဲ့ Rose Gold ဆိုပြီး အရောင် (၄) မျိုးထုတ်လုပ်ပေးထားတာဖြစ်ပြီး လာမည့် June 15 ရက်နေ့ကစတင်ပြီး တရုတ်ပြည်မှာစတင်ရောင်းချပေးတော့မှာဖြစ်တာကြောင့် ဒီလကုန်ဝန်းကျင်နဲ့ လာမည့်လထဲလောက်ဆိုုရင် ကျွန်တော်တို့ပြည်တွင်းမှာဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ စျေးနှုန်းကိုတော့ ပစ္စည်းရောက်မှပဲ သေချာသိရပါမယ်ခင်ဗျာ။ 

Top