OIS (Optical Image Stabilization) ဆိုတာနဲ့ မိမိ၀ယ်ယူမဲ့ Smartphone မှာ OIS ပါသင့်/ မပါသင့်

Date: 27/06/2019

မင်္ဂလာပါခင်ဗျ... 

Online ပေါ်မှာပဲဖြစ်ဖြစ် Phone တစ်လုံးရဲ့ Specs တွေကို အတိအကျလိုက်ကြည့်ရင်ပဲဖြစ်ဖြစ် Camera Phone တွေရဲ့ Detail တွေကိုလိုက်ကြည့်ရင်ပဲဖြစ်ဖြစ် OIS (Optical Image Stabilization) ဆိုတာကို မကြာမကြာ ကြားဘူးကြမှာ အမှန်ပါပဲ။ အဲ့ဒီတော့ OIS ဆိုတာဘာလဲ ? OIS ဆိုတာ မိမိ၀ယ်ယူမဲ့ Smartphone မှာ ပါသင့်သလား ? မပါသင့်ဘူးလား ? 


OIS ဆိုတာ Image တွေမှာ ခပ်ဝါးဝါးဖြစ်တဲ့ Blur Image တွေ အနည်းဆုံး ထွက်ပေါ်နိုင်ဖို့အတွက် အထောက်အကူပြုပြီး Video ရိုက်တဲ့အခါမှာလည်း လက်တုန်ယင်မှုကြောင့် ဖြစ်ပေါ်တဲ့ Video တွေ ဝါးတာမျိုးတွေအတွက် အတတ်နိုင်ဆုံး Control လုပ်ပေးပြီး Smooth ဖြစ်တဲ့ Video တွေကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။ OIS ဟာ 1990 ပြည့်နှစ်များ အလယ်လောက်မှာ Commercially ထွက်ပေါ်လာပြီး Camera သေးသေးလေးတွေနဲ့ SLR Lens တွေမှာ စတင်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ 

နှစ်ပေါင်း (၂၀) ခန့်ကြာမြင့်လာတဲ့အခါမှာတော့ Flagship Smartphones တွေရဲ့ Camera မှာ အဓိက မပါမဖြစ် Main Point တစ်ခုလို ဖြစ်လာပါတယ်။ တော်တော်လေးလည်း အသုံးဝင်လာတဲ့ Feature တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ Smartphone တွေမှာ အသုံးပြုတဲ့ Camera Sensor တွေဟာ ပုံမှန် Camera တွေမှာ ပါ၀င်တဲ့ Sensor တွေထက် သေးငယ်ပြီး တစ်ခါတစ်ရံမှာ အလင်းဝင်ရောက်မှု အားနည်းချက်တွေကြောင့် ဒုက္ခရောက်တာတွေလည်း ရှိတတ်ပါတယ်။

OIS ဘယ်လိုအလုပ်လုပ်သလဲဆိုရင် Lens ကနေ ဖြတ်ပြီး Sensor ဆီကိုလာတဲ့ ပုံရိပ်ရဲ့ လမ်းကြောင်းကို Control လုပ်ပေးပါတယ်။ ဘယ်လို Control လုပ်သလဲဆိုရင် Camera ရဲ့ ရွေ့လျှားမှုတွေကို Gyroscopes Sensors တွေလိုမျိုး Sensor တွေကို အသုံးပြုပြီး Camera Lens တွေ ဘယ်လောက် ရွေ့လျှားမှု လုပ်ရမလဲဆိုတာမျိုးတွေကို ဆုံးဖြတ်ပေးပါတယ်။ ပုံမှန်အားဖြင့် Electromagnet Motors မျိုးတွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။ ဒါတွေအကုန်လုံးက Camera ရဲ့ရွေ့လျှားမှုကြောင့်ဖြစ်တဲ့ Blur Image တွေကို လျော့ချပေးတာပဲ ဖြစ်ပါတယ်။ 


Smartphone Photographers တွေရဲ့ OIS ပါ၀င်တာကို ကြိုက်နှစ်သက်ရခြင်းအကြောင်းရင်းများက လက်ထဲမှာ အလွယ်တကူ ကိုင်ဆောင်လို့မရတဲ့အချိန်မှာ ကိုင်ထားရတာ အဆင်မပြေဖြစ်တဲ့အချိန်မှာတောင် Camera ကောင်းကောင်း ရိုက်နိုင်ခြင်း၊ Low-light setting တွေ၊ အနီးကပ် (Close-up) ရိုက်တာမျိုးတွေမှာ အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်တာမို့လည်း ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် OIS ပါ၀င်တာနဲ့တော့ မည်သည့် ပုံရိပ်မျိုးမဆို Blur (ဝါး) ခြင်းမှ ကျိန်းသေပေါက် ကာကွယ်ပေးနိုင်မှာတော့မဟုတ်ပါဘူး။ ဥပမာ - မိမိရိုက်မဲ့ Image က အရမ်းမြန်မြန်ရွေ့လျှားနေတာမျိုးတွေမှာတော့ မဝါးအောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုမျိုးတွေမှာကာကွယ်ပေးသလဲဆိုရင် Camera ကို ကိုင်ဆောင်ထားတဲ့အခါမှာ မငြိမ်မသက်ဖြစ်ခြင်းကြောင့် ပုံရိပ်တွေ ဝါးရတာမျိုးတွေကို ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ 

တစ်ခုရှိတာကတော့ OIS ကို High-end (Flagship) Smartphone တွေမှာ ပါ၀င်တာကို တွေ့မြင်ရလေ့ရှိပြီး နောက်ဆုံးထွက် Smartphones တော်တော်များများမှာ ပါ၀င်ပါတယ်။ Smartphone Brand တော်တော်များများရဲ့ OIS အားလုံးက ပုံစံအတူတူ ဖန်တီးထားတာတော့မဟုတ်ပါဘူး။ Manufacturers အများစုကတော့ သူတို့ရဲ့ Image Stabilization တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ပြလေ့ ထည့်သွင်းလေ့ရှိကြတာကိုလည်း တွေ့ရပါတယ်။ Traditional Camera Manufacturers တွေကတော့ သူတို့ရဲ့ Image Stabilization တွေကို Shutter Speed မြန်ပေးလိုက်တာနဲ့ အတူတူပါပဲဆိုပြီး ထွက်လာတဲ့ ပုံရိပ်နှစ်ခုကို နှိုင်းယှဉ် ကြည့်စေကြပါတယ်။ 

ဘယ်လိုပဲပြောပြော Camera ကောင်းတဲ့ဖုန်းတစ်လုံးရွေးချယ်တဲ့နေရာမှာလည်း OIS, EIS စတာတွေက ထည့်သွင်းစဉ်းစားရမဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါမှလည်း မိမိရိုက်ကူးလိုက်ပြီးထွက်လာတဲ့ ပုံရိပ်ဟာ လုံးဝ အလန်းစားနဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေ ဖြစ်မှာ အမှန်ပါပဲခင်ဗျ။ 

(P/S - Camera ပိုင်းနှင့်ပတ်သက်ပြီး ရေးသားထားသည်များ အမှားအယွင်းများ ရှိခဲ့ပါက ကျွန်တော်တို့ရဲ့ နားလည်လေ့လာမှု အားနည်းခြင်းကြောင့် နားလည်ခွင့်လွှတ်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျားးး )

Ref: New Atlas

Photo Credit: Simon Crisp/ Gizmag

Top