Win Mobile World ရဲ့ လစဥ်ကံစမ်း ငွေကျပ် (၈) သန်း နှင့် အခြားဆုမဲပေါင်းများစွာပါဝင်တဲ့ Lucky 2020 Promotion

Date: 07/02/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

ကျွန်တော်တို့ Win Mobile World ကို စဥ်ဆက်မပြတ်အမြဲအားပေးလာကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Lucky 2020 Promotion အစီအစဥ်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်ပြီး ဧပြီလ (၃၀) ရက်နေ့ထိ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Lucky 2020 မှာ လစဥ် ငွေကျပ် (၈) သန်းနှင့်အတူ အခြားဆုမဲပေါင်းများစွာလည်း ပါဝင်ဦးမှာဖြစ်တဲ့အတွက် ရင်ခုန်စရာကြီးပါပဲ။

Lucky 2020 အစီအစဥ်လေးက ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၀ ခုနှစ် မှစတင်ပြီး ဧပြီလ (၃၀) ရက်၊ ၂၀၂၀ ခုနှစ် ထိ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဝယ်ယူထားကြတဲ့ မိတ်ဆွေတွေလည်း ပါဝင်ကံစမ်းနိုင်ပါတယ်ခင်ဗျာ။

Lucky 2020 အစီအစဥ်ကိုပါဝင်နိုင်ရန်အတွက် Win Mobile World ရဲ့ တရားဝင်ဆိုင်ခွဲတွေဖြစ်တဲ့ Win Mobile World (Shan Kone), Win Mobile World (Myanmar Plaza), Win Mobile World (St.John City Mall), Win Mobile World (Kantharyar) တို့မှာဝယ်ယူပြီး ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

💥 Lucky 2020 မှာ ပါဝင်တဲ့ ဆုမဲများ 💥

• လစဥ် ငွေကျပ် (၈) သန်း (ဆုမဲတစ်ဆုလျှင် (၁၀) သိန်းကျပ်ဖြင့် ကံထူးသူ (၈) ဦး)
• Mi Smart Full View TV 43" (၃) ဆု
• JBL Charge 4 Portable Bluetooth Speakers (၅) ဆု
• OSMO Mobile 3 - Smartphone Gimbal (၅) ဆု
• BeatsX Earphone (၅) ဆုနှင့်
• နှစ်သိမ့်ဆု (၁၀၀) ဆုအနေနဲ့ Huawei Premium Wireless Charger အခု (၁၀၀) တို့ဖြစ်ပါသည်။

💥 Lucky 2020 ပါဝင်ကံစမ်းရန် လုပ်ဆောင်ရမည့်အချက်များ 💥

• Win Mobile World တွင် ငွေကျပ် (၁) သိန်းနှင့်အထက် စျေးဝယ်ပါ။
• Win Mobile World ဆိုင်ခွဲတိုင်းတွင်ထားရှိပေးထားသော QR Code များကို (ဝယ်ယူသည့်ဆိုင်ခွဲအလိုက်) Scan ဖတ်ပါ။
• Scan ဖတ်ပြီးပါက Facebook Messenger သို့ အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်ပါသည်။
• Messenger ထဲတွင် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ခွင့် ရရှိမည်ဖြစ်ပါသည်။
• ဝယ်ယူထားသော ဘောင်ချာ (၁) စောင်အတွက် (၁) ကြိမ်သာ အချက်အလက် ဖြည့်စွက်ခွင့်ရရှိမည်ဖြစ်ပါသည်။
• ဘောက်ချာနံပါတ် တူ (၁) ကြိမ်ထက်ပိုသော အချက်အလက် ဖြည့်စွက်ခြင်းများ ပြုလုပ်၍ရနိုင်မည်မဟုတ်ပါ။
• Win Mobile World မှ တာဝန်ရှိသူများမှ စီစစ်ပြီးပါက ကံစမ်းခွင့် အခွင့်အရေး အကြိမ်အရေအတွက်နှင့် မှန်ကန်သော (Valid Voucher) ဖြစ်ကြောင်း အကြောင်းပြန်ကြားမှုများကို နေ့စဉ် ရုံးချိန်အတွင်း အကြောင်းပြန်ကြားသွားမည်ဖြစ်သည်။
• လစဥ် လဆန်းရက်များတွင် Win Mobile World ၏ Facebook Page တွင် တိုက်ရိုက် (Live) ထုတ်လွှင့်၍ ကံထူးရှင် ရွေးချယ်ပေးသွားမည်ဖြစ်သည်။

💥 Lucky 2020 Tickets 💥

• Lucky 2020 Ticket လေးတွေက ငွေကျပ် (၁) သိန်းကို Ticket (၁) စောင်ရရှိမှာဖြစ်တာကြောင့်၊ Lucky 2020 အစီအစဥ်မှာပါဝင်နိုင်ဖို့အဆိုရင် အနည်းဆုံး (၁) သိန်းဖိုး စျေးဝယ်ပြီး၊ ဝယ်ယူတဲ့ ငွေပမာဏများရင်များသလို Tickets တွေအများကြီးရရှိမှာဖြစ်သလို ကံထူးနိုင်မယ့် အခွင့်အရေးလည်း ပိုများမှာဖြစ်ပါတယ်။

💥 Lucky 2020 - Terms & Conditions 💥

• Win Mobile World - Lucky 2020 ၏ “လစဥ်ကံစမ်း ငွေကျပ်ရှစ်သန်း” ကံစမ်းမဲ အစီအစဉ်သည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၁) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး တစ်လလျှင် (၁) ကြိမ် ကံစမ်းရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။
• Lucky Draw အတွက် ကံထူးရှင်များကို မဲနှိုက်ရွေးချယ်ရာတွင် Win Mobile World Co., Ltd. ၏ တရားဝင် Facebook Page မှ လစဥ် တိုက်ရိုက် Live ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
• အားပေးသူမိတ်ဆွေလူကြီးမင်းများအနေဖြင့် ဤ အစီအစဉ်အား ပါဝင်ကံစမ်းရာတွင် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်ပြီး၊ ဝယ်ယူထားသော ဘောက်ချာများကိုလည်း သေချာစွာသိမ်းဆည်းထားရန်လိုအပ်ပါသည်။
• လစဥ် ကံစမ်းမဲနှိုက်ရာတွင် ကံထူးရှင်ဖြစ်ပါက မှတ်ပုံတင် (NRC/ Passport) နှင့် ဘောက်ချာ (မူရင်း) လက်ရောက် တင်ပြနိုင်မှသာ ဆုမဲများကို ပေးအပ်မည်ဖြစ်ပါသည်။
• ကံထူးရှင်များသည် Win Mobile World Co., Ltd. သို့ တိုက်ရိုက်ဆက်သွယ်ပြီး ဆုမဲများကို ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ကိုယ်စားထုတ်ယူလိုသူများသည် ကိုယ်စားလှယ်လွှဲစာ (သို့) မူလပိုင်ရှင်၏ မှတ်ပုံတင် (NRC/ Passport) မိတ္တူ (Copy) နှင့် ဝယ်ယူထားသော ဘောက်ချာ (မူရင်း) လက်ရောက် တင်ပြနိုင်မှသာ ကိုယ်စားထုတ်ပေးမည် ဖြစ်ပါသည်။
• မည်သည့်အကြောင်းရင်းနှင့်မျှ ဘောက်ချာ (မူရင်း) ပျက်စီး၊ ပျောက်ဆုံး၊ စုတ်ပြဲ၊ ပြင်ဆင်ထားခြင်း ဖြစ်ပါက ဆုမဲအားလက်ခံရရှိနိုင်မည်မဟုတ်ပါ။
• ကံထူးရှင်လူကြီးမင်းများကို ဆုမဲလာရောက်ထုတ်ယူရာတွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး Win Mobile World ၏ တရားဝင် Social Media များနှင့် Marketing (Promotion) ဆိုင်ရာ အသုံးပြုမှုများတွင် မှတ်တမ်းအဖြစ် ဖော်ပြမည်ကို သဘောတူညီရမည် ဖြစ်ပါသည်။
• ဆုမဲများနှင့် အရေအတွက်များအား Win Mobile World Co., Ltd ဘက်မှ ကြိုတင်အကြောင်းကြားထားခြင်း မရှိပဲ အခါအားလျှော်စွာ ပြောင်းလဲပိုင်ခွင့်ရှိပါသည်။
• ကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက Win Mobile World Co., Ltd. ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
• ပါဝင်ကံစမ်းကြသော မိတ်ဆွေလူကြီးမင်းများသည် ယခု ကံစမ်းမဲ စည်းမျဉ်းစည်းကမ်းများကို လက်ခံသဘောတူသည်ဟု ယူဆပါသည်။
• Lucky Draw အစီအစဉ်တွင် Win Mobile World Co., Ltd. မှဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် Lucky Draw Promotion အတွက်အသုံးပြုထားသော Developer Company မှ ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်မရှိပါ။

Win Mobile World - Lucky 2020 နှင့်ပါတ်သတ်သည့် အသေးစိတ်အချက်အလက်များကို - https://luckydraw.winmobileworld.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Top