ProMotion Technology အကြောင်း တစေ့တစောင်း

Date: 15/01/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

ဒီနေ့ပြောပြချင်တဲ့ Knowledge Sharing လေးအကြောင်းကတော့ Apple iPad Pro တွေရဲ့ Display မှာအသုံးပြုထားတာဖြစ်တဲ့ ProMotion Technology ဆိုတာဘာလည်း? အဲ့ဒီ Technology က ဘာတွေအလုပ်လုပ်တာလဲ? သူ့ကြောင့် ဘာတွေပိုကောင်းသွားတာလဲ? စသဖြင့် ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

ProMotion Technology ဆိုတာ Apple ရဲ့ 2017 ခုနှစ်မှာပြုလုပ်ခဲ့တဲ့ WWDC မှာ မိတ်ဆက်ပေးခဲ့တဲ့ Display Technology တခုဖြစ်ပါတယ်။ အဲ့ဒီ Technology ကို ProMotion လို့ခေါ်တာဖြစ်ပါတယ်။ လက်ရှိချိန်ထိ iPad Pro တွေမှာသာ ပါသေးတဲ့နည်းပညာတခုလည်းဖြစ်ပါတယ်ခင်ဗျာ။ Display Technology တခုဆိုပေမယ့် ProMotion Technology ကြောင့် Device ရဲ့ Battery Life ကိုထိခိုက်မှုမရှိစေပဲ Device ကိုပိုမြန်စေဦးမှာပါ။

နောက်တခုကတော့ ProMotion Technology ကြောင့် iPad Pro တွေမှာ Screen Refresh Rate ကို 60Hz ကနေ 120Hz ထိ အလိုအလျောက် Delivers လုပ်ပေးနိုင်တဲ့ Features တခုဖြစ်သလို Hardware Component ကို iOS (iPadOS) နဲ့တွဲဖက်ပြီး လိုက်လျောညီထွေဖြေအောင် ပေါင်းစပ်လုပ်ဆောင်စေတာမျိုးဖြစ်ပါတယ်။ iPad Pro ကို ပုံမှန်အသုံးပြုနေတဲ့အချိန်မျိုးမှာ ဒီ Features က မသိသာပေမယ့် Display ရုပ်ထွက်ကို ပိုကောင်းမွန်စေအောင်လို့ အထောက်အပံ့ပေးပြီးတော့ Apple Pencil အသုံးပြုတဲ့အခါ တကယ်အပြင်မှာရေးနေသလိုမျိုး ခံစားရစေမှာဖြစ်ပါတယ်ခင်ဗျ။

Display မှာရှိနေတဲ့ ရုပ်ထွက်အပေါ်မူတည်ပြီး Refresh Rate ကိုအလိုအလျောက်ချိန်ညှိပေးနေတာဖြစ်သလို slow-motion Video တွေ၊ Frame Rate များတဲ့ Video Clip တွေမှာဆိုရင် သိသိသာသာ Smooth ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ Apple Pencil ရဲ့ Latench Rate ကိုလည်း လျော့ကျအောင်လုပ်ပေးတာဖြစ်တဲ့အတွက် Apple Pencil နဲ့ ပုံဆွဲတဲ့သူတွေအတွက်ကတော့ အရမ်းအသုံးဝင်တဲ့ Features တခုဖြစ်ပါတယ်ခင်ဗျာ။

iPad Pro တွေဟာ Model တခုပြီးတခု အတော်လေးကို စွမ်းဆောင်ရည်တွေမြင့်မားလာကြပါပြီ။ Sketch ဆွဲတဲ့သူတွေဖြစ်စေ၊ Designer တွေဖြစ်စေ၊ Architects သမားတွေဖြစ်စေ အထာကျကျအသုံးပြုနိုင်တဲ့ iPad Pro ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Win Mobile World မှာ iPad Pro နဲ့ Apple Pencil, Keyboard စတာတွေကို အစုံဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

Top