iOS 13 မှာ စတင်ပါဝင်လာတဲ့ Find My အကြောင်း တစေ့တစောင်း

Date: 15/01/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျ...

မနှစ်ကကျင်းပခဲ့တဲ့ WWDC 2019 မှာ iOS 13 မှာ စတင်ပါဝင်လာတဲ့ Features တခုဖြစ်တဲ့ Find My (Find My iPhone + Find My Friends) အကြောင်းလေးကို Knowledge Sharing အဖြစ်တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ Find My အကြောင်းက သေချာနားလည်ဖို့အတွက် အစအဆုံး သေချာဖတ်ပေးဖို့လိုအပ်ပါမယ်ခင်ဗျာ။

iPhone တွေမှာ အရင်ကဆိုရင် Find My iPhone/ Find My Friends ဆိုပြီးရှိပေမယ့် အခုအသစ်ထွက်ရှိထားတဲ့ iOS 13 မှစတင်ပြီး Find My iPhone နဲ့ Find My Friends တို့ကိုပေါင်းစပ်လိုက်တာကြောင့် Find My ဆိုပြီးဖြစ်သွားပါပြီခင်ဗျာ။

အရင်ဦးဆုံး Find My ကနေ ဘာတွေပြန်ရှာလို့ရလည်းဆိုတော့ iPhone, iPad, iPod touch, Mac, AirPods, Apple Watch စတာတွေကို ပြန်ရှာလို့ရပါတယ်။ အရင်က Find My iPhone နဲ့မတူတာက အခု iOS 13 မှ စတင်ပါဝင်လာတဲ့ Find My က Device Offline ဖြစ်နေရင်တောင် ပြန်ရှာလို့ရနိုင်တယ်ဆိုတာပါပဲခင်ဗျာ။ Offline Tracking ရတာဖြစ်တဲ့အတွက် အရင်ထက်ပိုတွေ့နိုင်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုရမှာပါခင်ဗျာ။

ဒီ Functions အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်ချက်လေးတွေတော့ရှိပါတယ်။ အဲ့ဒါကဘာလည်းဆိုတော့ Apple Devices အနည်းဆုံး (၂) ခုရှိဖို့နဲ့၊ မိမိပျောက်သွားတဲ့ iDevices အနီးနားမှာ အခြားသူတယောက်ယောက်ရဲ့ Apple Devices ရှိဖို့လိုပါတယ်။ iPhone ပဲဖြစ်ဖြစ် iPad ပဲဖြစ်ဖြစ်၊ MacBook တွေပဲဖြစ်ဖြစ် ဘာကြောင့် ဒီလို လိုအပ်ချက်တွေရှိတာလည်းဆိုတော့ ဒီ Function ရဲ့အဓိကလုပ်ဆောင်ချက်က User Privacy ကိုလုံခြုံစိတ်ချရဖို့အတွက် Bluetooth ကနေ လုပ်ဆောင်တာကြောင့်ဖြစ်ပါတယ်ခင်ဗျာ။

iDevices ကို Apple ID (iCloud) ထည့်ပြီး Find My iPhone ကနေ လိုအပ်တဲ့ Setup လုပ်ပြီးတာနဲ့ အဲ့ဒီ Device မှာ Private Key တခု Auto Generate လုပ်ပါတယ်။ အဲ့ဒီ Key ကို မိမိရဲ့ အခြားသော iDevices ကိုထပ်ပြီး Share လုပ်ပါတယ်။ ဒီ Process က User အနေနဲ့ ဘာမှလုပ်စရာမလိုပဲ iOS က သူ့ဘာသာလုပ်တာဖြစ်တာကြောင့် End-to-end Encryption နည်းလမ်းနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရပါတယ်ခင်ဗျာ။

အဲ့ဒီ Private Key Generate လုပ်တဲ့ iDevices တွေကနေပဲ ထပ်ပြီး Public Key ဆိုတာကို Generate လုပ်ပါတယ်။ အဲ့ဒီ Public Key ကို Bluetooth ကနေတဆင့် Signal လွှင့်ပြီးတော့ iDevices တခုနဲ့တခု ချိတ်ဆက်ပြီး ပျောက်သွားတဲ့ iDevices ကို Tracking လုပ်တဲ့နည်းစနစ်ဖြစ်ပါတယ်ခင်ဗျာ။ အဆိုပါ Public Key တွေကိုလည်း Public Key ကို Encrypt လုပ်ဖို့အတွက် မိမိရဲ့ iDevices တွေမှာ Generate လုပ်ထားတဲ့ Private Key လိုပါတယ်။ ဒီ Function အတွက် လုံခြုံရေးပိုင်းကိုလည်း အခြားကနေ Tracking လုပ်လို့မရအောင် Advanced Cryptography Technology ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် Find My Function အတွက် iDevices (၂) ခု အနည်းဆုံးလိုတာဖြစ်ပါတယ်ခင်ဗျာ။

ဒီအဆင့်ထိဖတ်ပြီးပြီဆိုရင်တော့ Find My Function ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်လောက်ပါပြီခင်ဗျာ။ ဒါဆို အပေါ်က Setup တွေလုပ်ပြီးတဲ့ မိမိရဲ့ iDevice တခုပျောက်သွားပြီဆို ပျောက်သွားတဲ့ iDevice နားမှာရှိတဲ့ အခြားသော iDevices တွေကနေတဆင့် Public Key ကို Bluetooth Signal ကတဆင့်လက်ခံရရှိမှာဖြစ်ပါတယ်။ အဲ့ဒီကတဆင့် iDevices Location ကို Encrypt လုပ်ပြီးတော့ iCloud Server ကိုပို့ပေးပါတယ်ခင်ဗျာ။ အဲ့ဒီ Location ကိုပို့တဲ့စနစ်ကလည်း Public Key ကို Hash Function ပြောင်းပီးမှပို့တာဖြစ်တာကြောင့် Private Key ရှိတဲ့ iDevices ကသာ ခြေရာခံလို့ရမှာဖြစ်ပါတယ်။

ဒါဆို မိမိလက်ထဲက iDevice ကနေ iCloud / Find My ကနေ Login ဝင်ပြီး ပျောက်သွားတဲ့ iDevice ကို စရှာပြီဆိုတာနဲ့ မိမိ iDevice က Publie Key ကို Hash function နဲ့ iCloud Server ကို ပို့ပါတယ်။ အဲ့ဒီအဆင့်မှာ ပျောက်သွားတဲ့ iDevice ရဲ့ Key နဲ့ ပြန်ရှာတဲ့ iDevice က Key နဲ့တိုက်စစ်ပြီး တူမှသာ ပျောက်သွားတဲ့ iDevice ရဲ့ Encrypted Location ကို iCloud Server ကနေ ပြန်ပို့ပေးမှာဖြစ်ပါတယ်။​ အဲ့ဒါကို မိမိ iDevice ရဲ့ Private Key နဲ့ Decrypt လုပ်ပြီး ပျောက်နေတဲ့ iDevice ဘယ်မှာဆိုတာ သိရမှာဖြစ်ပါတယ်ခင်ဗျာ။

ကဲ ဒီလောက်ဆိုရင် iOS 13 မှာစတင်ပါဝင်လာတဲ့ Find My က အရင် Find My iPhone စနစ်တွေထက်အများကြီးပိုပြီး တွေ့နိုင်ဖို့ ရာခိုင်နှုန်းများတယ်ဆိုတာ သဘောပေါက်လောက်ပါပြီခင်ဗျာ။ အရင်နည်းလမ်းက ပျောက်နေတဲ့ iDevice က အင်တာနက်ရှိနေမှသာ Location ကိုသိနိုင်တာဖြစ်ပြီး၊ အခုနည်းလမ်းကတော့ စက်ပိတ်ထားရင်တောင် iDevices အချင်းချင်း Bluetooth Signal နဲ့ Tracking လုပ်တဲ့နည်းလမ်းဖြစ်တာကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။

iOS 13 ကို iPhone တွေမှာဆိုရင် iPhone 6s မှစတင်ပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 11 Series ထိ တင်လို့ရတာကြောင့် iOS Update (Latest Version) မတင်ထားရသေးတဲ့မိတ်ဆွေများအတွက် iOS 13.3 (Latest Version) ကို Update ပြုလုပ်ပြီး ဒီပို့စ်လေးထဲကအတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

Top