အသစ်ထွက်ရှိမယ့် OnePlus Device တွေမှာပါဝင်လာမယ့် Deep Dive 120Hz Fluid Display

Date: 15/01/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

OnePlus လို့ပြောလိုက်တာနဲ့ Smartphone Brand တွေထဲမှာ လူကြိုက်များတဲ့ Brand တခုဖြစ်သလို Flagship Killer လို့လည်း တင်စားကြပါတယ်။ OnePlus ဟာ သူ့ရဲ့ Smartphone တွေကို OnePlus 7 Pro ကနေစတင်ပြီး OnePlus 7T, OnePlus 7T Pro တို့မှာ 90Hz Fluid Display ကို စတင်သုံးဆွဲခဲ့တာဖြစ်ပြီး DisplayMate ရဲ့ A+ Top Tier Display Rating ရရှိခဲ့တာဖြစ်ပါတယ်။

အခု 2020 အတွင်းမှာ OnePlus ဟာ သူ့ရဲ့အသစ်ထွက်ရှိမယ့် Device အသစ်တွေမှာ Next Generation Display ဖြစ်တဲ့ 120Hz Fluid Display ကို စတင်သုံးဆွဲတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ "Never Settle" ဆိုတာ Specification သက်သက်ကိုပဲပြောတာမဟုတ်ပဲ Display Technology အတွက်ပါ OnePlus အနေနဲ့ Users တွေကို Experience အသစ်တွေခံစားစေတော့မှာဖြစ်ပါတယ်ခင်ဗျာ။

Smartphone တွေရဲ့ Frame Rate, 90Hz, 120Hz အကြောင်းလေးတွေ အသေးစိတ်သိရှိချင်ရင်တော့ ဒီပို့စ်လေးမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ - http://bit.ly/frame_rate

OnePlus/ Never Settle ဟာ သူတို့ရဲ့ အသစ်ထွက်ရှိလာမယ့် 120Hz Fluid Display ဟာ "Fast and Smooth" ဖြစ်ရမယ်လို့ဆိုထားပါတယ်။

OnePlus ဟာ OnePlus 7 Pro, OnePlus 7T, OnePlus 7T Pro တို့မှာအသုံးပြုခဲ့တဲ့ 2K+ 90Hz Fluid Display ပြီးတဲ့နောက် အသစ်ထွက်ရှိလာမယ့် Device တွေအတွက် SAMSUNG ရဲ့ AMOLED Display နဲ့အတူ 120Hz Refresh Rate ကိုအသုံးပြုထုတ်လုပ်မှာဖြစ်ပါတယ်။ အဆိုပါ Display မှာ Organic Light-emitting Materials ကိုအသုံးပြုထားပြီး 1000 nits ထက်ပိုတဲ့ Peak Brightness ရှိတာကြောင့် Responsive Touch Experience ဟာ 240Hz Rate ထိမြှင့်တင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

OnePlus ရဲ့ R&D Team ရဲ့ 7% Single Frame ထိ Rendering Speed ကိုမြှင့်တင်နိုင်တဲ့ Optimization Solution ကြောင့် အသစ်ထွက်ရှိလာမယ့် 120Hz Display ဟာ Click Response, Scroll Response တွေဟာ ယခင်အသုံးပြုခဲ့တဲ့ Display တွေထက်ပိုပြီး တိကျမှန်ကန်တဲ့ Display တခုဖြစ်လာစေမှာပါခင်ဗျာ။

OnePlus Team ရဲ့ စမ်းသပ်မှုတွေပြီးတဲ့နောက်မှာ Major Apps တော်တော်များများမှာ OnePlus ရဲ့ 120Hz Display ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာဖြစ်ပေမယ့် Video Contents တွေမှာတော့ အသုံးပြုထားတဲ့ 24fps, 30fps, 60fps အပေါ်မူတည်ပြီး 120Hz နဲ့မကိုက်ညီတာတွေရှိနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် OnePlus ဟာ Video Playback ကောင်းမွန်ဖို့အတွက် MEMC Technology ကိုထည့်သွင်းအသုံးပြုထားတယ်လို့သိရပါတယ်ခင်ဗျာ။

MEMC Technology ဟာ High-end TVs တွေမှာ ပါဝင်တာဖြစ်ပြီးတော့ 24fps, 30fps နဲ့ Video File တွေကို 60fps, 120fps ထိ Playback ရအောင် လုပ်ဆောင်နိုင်တဲ့ နည်းပညာတခုဖြစ်ပါတယ်ခင်ဗျာ။ High-end TVs တွေမှာသုံးတဲ့ နည်းပညာဖြစ်တာမို့ Smartphone တွေမှာ အသုံးပြုနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် OnePlus အနေနဲ့ Hardware-based MEMC Solution အသုံးပြုထားတာကြောင့် အဆင်ပြေစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Designer တွေဖြစ်ဖြစ်၊ Photographers တွေဖြစ်ဖြစ် Top-notch Color Accuracy ဟာ မရှိမဖြစ်အရေးပါတဲ့အပိုင်းဖြစ်ပါတယ်။ JNCD လို့ခေါ်တဲ့ "Just Noticeable Color Difference" ဟာ Color Accuracy ကိုတိုင်းတာတဲ့စနစ်ဖြစ်ပြီး DisplayMate အပါအဝင် Display ထုတ်လုပ်တဲ့ Company တွေအသုံးပြုကြပါတယ်။ လက်ရှိ Display အကောင်းဆုံးဆိုတဲ့ Device တွေမှာ JNCD ဟာ Less than 1, 2 ထိရှိတာဖြစ်ပြီးတော့ OnePlus ရဲ့ JNCD Ratio ကတော့ Less than 0.8 ထိ သူ့ရဲ့ 120Hz Fluid Display မှာရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် OnePlus ရဲ့ 120Hz Fluid Display မှာ 10-bit Color နဲ့ Primary Color တခုချင်းစီအတွက် 1024 Shades, 1.07 Billion Possible Colors ကိုလည်းထောက်ပံ့ပေးထားပါသေးတယ်။ ဒါကြောင့် Content တွေကြည့်တဲ့အခါ ပိုပြီးတော့ Natural Gradients ကို ရရှိမှာဖြစ်ပါတယ်။ OnePlus အနေနဲ့ Automatic Color Calibration Machine ကိုလည်း ထည့်သွင်းထုတ်လုပ်ထားတာကြောင့် ပိုပြီးတော့ Color ပိုင်းကိုကောင်းမွန်စေဦးမှာပါခင်ဗျာ။

Top