iPhone တွေမှာ Single SIM နဲ့ Dual SIM ဘာတွေကွာလဲ? eSIM ဆိုတာကရောဘာလဲ?

Date: 08/01/2020

အားလုံးပဲမင်္ဂလာပါခင်ဗျာ...

iPhone တွေမှာ iPhone XR, iPhone XS, iPhone XS Max တွေကစတင်ပြီး အခုထွက်ရှိထားတဲ့ iPhone 11, iPhone 11 Pro, iPhone 11 Pro Max စတဲ့ Model တွေမှာ Single SIM နဲ့ Dual SIM ဆိုပြီးထွက်ပါတယ်။ အဲ့ (၂) မျိုးက စျေးလည်းကွာခြားတာကြောင့် ဘာရွေးချယ်ဝယ်ယူရမလဲဆိုတာကို ခေါင်းစားနေတဲ့ မိတ်ဆွေများအတွက် ရှင်းရှင်းလင်းလင်းဖြစ်အောင် အမေးများနေတဲ့အတွက် ရှင်းပြပေးချင်ပါတယ်ခင်ဗျာ။

𝑸: Single SIM ဆိုတာဘာလဲ?

𝑨: iPhone တွေမှာ Single SIM ဆိုတာ iPhone XR, iPhone XS, iPhone XS Max မှစတင်ပြီး အခုထွက်ရှိထားတဲ့ iPhone 11 Series တွေထိ SIM တကဒ်နဲ့ eSIM ပေါင်းပြီး Dual SIM အဖြစ်အသုံးပြုနိုင်ပါတယ်။ (ဒါကြောင့် အလွယ်ပြောရရင် iPhone တွေမှာ Single SIM/ Dual SIM ခွဲထားပေမယ့် eSIM သုံးနိုင်ရင် Dual SIM ပဲဖြစ်ပါတယ်)

𝑸: Dual SIM ဆိုတာဘာလဲ?

𝑨: iPhone တွေမှာ Dual SIM ကို iPhone XR, iPhone XS, iPhone XS Max မှစတင်ပြီး ယခုထွက်ရှိထားတဲ့ iPhone 11 Series ထိ Mainland China, Hong Kong နဲ့ Macao Region အတွက် သီးသန့်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Dual SIM ဆိုတဲ့အတွက် SIM + SIM (Physical SIM) (၂) ကဒ်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။ Apple အနေနဲ့ နောက်ထွက်တဲ့ Model တွေမှာလည်း ယခုလိုပဲ Dual SIM Supports ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

𝑸: eSIM ဆိုတာဘာလဲ?

𝑨: eSIM ဆိုတာ Embedded SIM ကို အတိုကောက်ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ တချို့ Electronic SIM လို့လည်းခေါ်ကြပါတယ်။ (အတူတူပါပဲ)။ ပုံမှန်အားဖြင့် ကျွန်တော်တို့ဖုန်းတွေမှာထည့်သွင်းအသုံးပြုနေကြတဲ့ ဆက်သွယ်ရေး Operator (MPT, Ooredoo, Telenor, MyTel, MECTel, etc...) တွေရဲ့ SIM Card တွေက လက်နဲ့ကိုင်လို့ရတဲ့ SIM တွေဖြစ်ပြီး Physical SIM လို့ခေါ်ကြပါတယ်။ ဖုန်းထဲမှာ အဲ့ဒီ SIM Card ထည့်မှပဲ ဖုန်းခေါ်ဆိုတာ၊ SMS ပို့တာ၊ Mobile Data သုံးတာ စတာတွေ အသုံးပြုလို့ရတာမျိုးဖြစ်ပါတယ်။

Physical SIM တွေမှာ SIM Card Slot ပေါ်မူတည်ပြီး SIM Card Size တွေလည်း အမျိုးမျိုးကွဲသွားပါတယ်။ ပုံမှန်အားဖြင့် Standard SIM, Micro SIM, Nano SIM ဆိုပြီး (၃) မျိုးရှိပါတယ်။ iPhone တွေမှာက Nano SIM တွေထည့်သွင်းအသုံးပြုရတာဖြစ်ပါတယ်ခင်ဗျာ။

eSIM ဆိုတာကျတော့ Physical SIM တွေလို လက်နဲ့လည်းကိုင်လို့မရသလို၊ အရွယ်အစားလည်းမရှိ ဖုန်းထဲကို SIM Card ကြီးထည့်သုံးစရာလည်းမလိုပါဘူး။ အဲ့ဒါဆို ဖုန်းထဲဘယ်လိုထည့်ကြမလဲဆိုတော့ eSIM ဝယ်လိုက်တာနဲ့ QR Code လေးနဲ့ လာမှာပါ။ အဲ့ဒါလေးကို eSIM Supports ဖြစ်တဲ့ဖုန်းမှာ Scan ဖတ်ပြီး Configure လုပ်ပေးရုံနဲ့ သာမာန် SIM Card တွေလို သူ့နံပါတ်နဲ့သူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကျွန်တော်တို့ပြည်တွင်းက ဆက်သွယ်ရေး Operators (MPT, Ooredoo, Telenor, MyTel, MECTel, etc...) တွေမှာ eSIM တရားဝင်မိတ်ဆက်ထားတာဆိုလို့ MyTel တခုပဲရှိပါမယ်။ ကျန်တဲ့ Operator တွေကတော့ eSIM တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အခု MyTel ရဲ့ eSIM Supports ကိုလည်း MyTel က အရောင်းပိတ်ထားပြီဖြစ်တာမို့ ဝယ်ယူလို့ရဦးမှာမဟုတ်ပါဘူးခင်ဗျာ။

eSIM ကို iPhone တွေမှာသာအသုံးပြုနိုင်တာမဟုတ်ပဲ အခြား Apple Products ဖြစ်တဲ့ Apple Watch Series 3, Series 4, Series 5 တို့ရဲ့ Cellular Version မှာအသုံးပြုနိုင်ပါတယ်။ အဲ့ဒီလိုပဲ အခြား Products တွေရဲ့ eSIM Supports ဖြစ်တဲ့ Devices တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ဒါဆို Physical SIm မဟုတ်ပဲ eSIM သုံးလို့ရရင် ဘာတွေပိုကောင်းသွားလဲလို့လည်း မေးလို့ရပါတယ်။ ဥပမာ - Physical SIM သုံးထားတဲ့ iPhone တလုံးပျောက်သွားရင် ရသွားတဲ့သူ/ ယူသွားတဲ့သူက SIM Card ကိုထုတ်လိုက်ရင် ဖုန်းက Internet မရတော့တဲ့အတွက် Find My iPhone ကတဆင့် ကျွန်တော်တို့ ပြန်ရှာရင် အလွယ်တကူမရနိုင်တော့ပါဘူး။

အဲ့လိုမဟုတ်ပဲ မိတ်ဆွေက ကို့ရဲ့ iPhone မှာ eSIM သုံးထားပြီး Mobile Data ကိုလည်း eSIM နဲ့သုံးထားတယ်ဆိုင် တကယ်လို့ မတော်တဆ ဖုန်းပျောက်သွားခဲ့ရင် eSIM က Physical SIM လိုမျိုး အလွယ်တကူ SIM Pin လေးနဲ့ ဆွဲထုတ်လို့မရတဲ့အတွက် ဖုန်း Settings ထဲဝင်ပြီး Remove eSIM လုပ်မှသာ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း Settings ထဲဝင်ဖို့အတွက် ဖုန်းမှာခံထားတဲ့ Passcode/ Password လိုပါတယ်။ အဲ့ဒါမသိရင် ဖုန်းက Mobile Data ရနေတဲ့အတွက် ဖုန်းပျောက်တာနဲ့ Find My iPhone ကတဆင့် ဖုန်းရဲ့ Location ကိုသိဖို့/ ရှာဖွေဖို့ အချိန်တခုရနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ဒါဆို Control Center ကနေ Airplane Mode ဖွင့်ထားလိုက်ရင်ရတာပေါ့်ဆိုရင်လည်း Settings ထဲမှာ Lock Screen အနေအထားမှာ Control Center Access ကို ပိတ်ထားလိုက်ရင် Airplane Mode ဖွင့်မရတော့တဲ့အတွက် iPhone ရသွားတဲ့သူ/ ယူထားတဲ့သူက ဖုန်းကို Power ပိတ်ထားရုံကလွဲလို့ တခြားဘာမှလုပ်မရတော့ပါဘူး။ တကယ်လို့ ဖုန်းပြန်ဖွင့်တာနဲ့ Last Location တမ်းပီး Find My iPhone မှာ လာပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာ။

𝑸: Single SIM နဲ့ Dual SIM ဘယ်ဟာကလိုင်းဆွဲအားပိုကောင်းတာလဲ?

𝑨: တချို့လည်း လိုင်းပေါ်မှာ အထင်အမြင်ပြောကြတာရှိပါတယ်။ Single SIM က လိုင်းဆွဲအားပိုကောင်းတယ်၊ Dual SIM က လိုင်းဆွဲအားပိုကောင်းတယ် စသဖြင့် ပြောကြပါတယ်။ တကယ်တော့ Single SIM ပဲဖြစ်ဖြစ် Dual SIM ပဲဖြစ်ဖြစ် လုပ်ဆောင်ချက်တူသလို ကျန်တဲ့ Specifications အားလုံးလည်း အတူတူပဲဖြစ်တာမို့ ဘာမှကွာခြားချက်မရှိပါဘူးခင်ဗျာ။

𝑸: Single SIM ထက် Dual SIM က ဘာလို့စျေးပိုများနေရတာလဲ?

𝑨: ဟုတ်ပါတယ်... ကျွန်တော်တို့ဆီမှာ Dual SIM က Single SIM ထက် အနည်းငယ်စျေးပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ Warranty Handling ပိုင်းမှာ Dual SIM က Mainland China, Hong Kong နဲ့ Macao Region အတွက်သာထုတ်ထားတာဖြစ်တာကြောင့် Factory Fault တခုခုဖြစ်ရင် သက်ဆိုင်ရာ Region ကိုပဲ ပြန်ပို့လို့ရပါတယ်။ (iPhone တွေက အရင်တုန်းကလို International Warranty မပေးတော့ပါဘူး)

iPhone အားလုံးက Single SIM ပဲဖြစ်ဖြစ်၊ Dual SIM ပဲဖြစ်ဖြစ် Apple Official Warranty 1 Year ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် Dual SIM က Warranty Handling ပိုင်းလုပ်မယ်ဆိုရင် Mainland China, Hong Kong နဲ့ Macao Region အလိုက် ပြန်ပို့ရတာဖြစ်တဲ့အတွက် Single SIM ထက် အနည်းငယ်အချိန်ပိုကြာတဲ့အတွက် Single SIM က ပိုပြီး စျေးသက်သာရခြင်းဖြစ်ပါတယ်ခင်ဗျာ။

𝑸: Single SIM နဲ့ Dual SIM ဘယ်ဟာဝယ်ရမလဲ?

𝑨: အတော်များများမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ တကယ်လို့ မိတ်ဆွေက Oversea ခဏခဏသွားတတ်တဲ့သူများဖြစ်ဖြစ်၊ ဖုန်းနံပါတ် (၂) မျိုးသုံးနေကျသူပဲဖြစ်ဖြစ် Dual SIM ကို ရွေးချယ်ဝယ်ယူပါ။ Oversea သွားရင်လည်း မိမိသုံးနေကျ Local SIM ကို Roaming ဖွင့်ထားပြီး သုံးလို့ရသလို၊ တဖက်နိုင်ငံက ခဏဝယ်သုံးတဲ့ SIM Card လည်းထည့်သုံးနိုင်တာကြောင့်ဖြစ်ပါတယ်ခင်ဗျာ။ အဲ့လိုမဟုတ်ပဲ SIM တကဒ်ပဲသုံးနေကျဖြစ်ပြီး တကဒ်ပဲ သုံးရတာနှစ်သက်တယ်ဆိုရင်တော့လည်း Single SIM ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ eSIM ရခဲ့ရင်လည်း Backup အနေနဲ့ ထည့်ထားလို့ရတာပေါ့။ ကျန်တာအားလုံးကတော့ အတူတူပဲဖြစ်ပါတယ်။

𝑸: Win Mobile World မှာရော Single SIM/ Dual SIM (၂) မျိုးစလုံးဝယ်လို့ရသလား?

𝑨: ဟုတ်ကဲ့... ကျွန်တော်တို့ Win Mobile World မှာ iPhone တွေကို Single SIM/ Dual SIM (၂)​ မျိုးစလုံးဝယ်ယူရရှိနိုင်ပါတယ်။ မိတ်ဆွေတို့အဆင်ပြေရာ၊ ကိုယ်နဲ့အသုံးတည့်ရာကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ Warranty ပိုင်းအနေနဲ့ကတော့ အပေါ်မှာရှင်းပြခဲ့ပြီးဖြစ်သလို (၂) မျိုးစလုံးမှာ Apple Official Warranty 1 Year ပါဝင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ Win Mobile World မှာ အခြား After Sales Services တွေလည်း ရရှိဦးမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ -

✅ 1 Year Apple Official Warranty ပါဝင်ခြင်း

✅ 1 Year FREE Service လုပ်လို့ရခြင်း

✅ Apple ID Account တခု ဖွင့်ပေးခြင်း (Email Address ပေးဖို့လို)

✅ Factory Fault တခုခုကြောင့် Warranty ပြန်ပို့ရတဲ့အခါ ဆိုင်ဘက်မှအားလုံးတာဝန်ယူပို့ဆောင်ပေးခြင်း

✅ Warranty ပို့ထားသည့်ကာလအတွင်း အသုံးပြုရန် iPhone တလုံးအစားထုတ်ပေးထားခြင်း

✅ iPhone Model အသစ်ပေါ်သည့်အခါ Model အသစ်နဲ့ အလိုက်ပေးလဲလှယ်တာမျိုး ပြုလုပ်နိုင်ခြင်း

(စသည့် Premium After-Sale Services တို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာ)

ကဲ... ဒီလောက်ဆိုရင် ကျွန်တော်တို့မိတ်ဆွေများ iPhone တလုံးဝယ်တော့မယ်ဆိုရင် ခေါင်းစားနေရတဲ့ အရာလေးတွေ နားလည်သဘောပေါက်ပြီး အဆင်ပြေပြေ ဝယ်ယူနိုင်ပြီလို့ ယူဆပါတယ်ခင်ဗျာ။

Top