Gaming Phone တွေနဲ့ Refresh Rate, Frame Rate များအကြောင်း

Date: 19/09/2019

အားလုံးပဲမင်္ဂလာပါခင်ဗျ...

ဒီပို့စ်လေးကတော့ ကျနော်တို့ Mobile Gaming သမားတွေကြားထဲမှာ အမြဲကြားနေရမယ့် Refresh Rate (Hz) တွေ၊ Frame Rate (FPS) တွေ အကြောင်းပဲဖြစ်ပါတယ်။ ဆိုတော့ ယခုတလောကမှ အသစ်ထွက်ရှိထားတဲ့ Xiaomi နဲ့ Black Shark တို့ရဲ့ Black Shark 2 Pro နဲ့ ASUS ရဲ့ ROG Phone II တို့ရဲ့ Refresh Rate တွေ၊ FPS တွေအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

❝ Refresh Rate ဆိုတာဘာလဲ? ❞

Smartphone တလုံးမှာပါရှိတဲ့ Display ရဲ့ Refresh Rate ကို Frequency (Hz) နဲ့တိုင်းတာပါတယ်၊ Display မှာ တစက္ကန့်မှာ ပုံအရေအတွက်ဘယ်လောက်ပြောင်းသလဲဆိုတာကို ပြောတာဖြစ်ပါတယ်။ Smartphone တွေရဲ့ Refresh Rate တွေက Game ကစားတဲ့နေရာမှာ အတော်အရေးပါပါတယ်။ ဘာလို့ဆိုတော့ ပုံရိပ်တွေကို Display မှာ Refresh... (Update) လုပ်ပြီး ပြပေးတာဖြစ်ပါတယ်။ 

ဒါကြောင့် Gaming Phone တွေမှာ Graphic ကောင်းသလို Refresh Rate လည်းကောင်းနေတာဖြစ်ပါတယ်။ (Graphic ကောင်းမှလည်း Frame Rate များများထုတ်ပေးနိုင်သလို၊ Refresh Rate များမှလည်း Display မှာ Game တခုက FPS ထုတ်သလောက်ပြပေးနိုင်မှာဖြစ်ပါတယ်)

❝ FPS ဆိုတာဘာလဲ? ❞

FPS ဆိုတာ Frame Per Second ကို အတိုကောက်ရေးထားတာဖြစ်ပါတယ်။ တနည်းအားဖြင့် အချိန် တစက္ကန့်မှာပြပေးနိုင်တဲ့ Frame အရေအတွက်ကိုပြောတာပါ။ Frame Rate ကို (fps) နဲ့တိုင်းတာပါတယ်။ တနည်းအားဖြင့် Frame Rate (fps) ဆိုတာ ကိုယ်အသုံးပြုနေတဲ့ ဖုန်း၊ ဒါမှမဟုတ် Game တခုခုကနေ တစက္ကန့်အတွင်းထုတ်ပေးတဲ့ Frame ပမာဏကိုပြောတာဖြစ်ပါတယ်။ 

ဆိုတော့... အပေါ်မှာပြောခဲ့တဲ့ Black Shark 2 Pro နဲ့ ROG Phone II မှာဆိုရင် Black Shark 2 Pro က Refresh Rate (60Hz) ရှိတာကြောင့် 60fps နဲ့ အောက်ရှိတဲ့ Game တွေကို ကောင်းကောင်း ရုပ်ထွက်ကောင်းအောင်၊ ဆော့လို့ပေါ့ပါးနေစေပါတယ်၊ ROG Phone II ရဲ့ Refresh Rate (120Hz) ရှိတာကြောင့် 90fps-120fps ရှိတဲ့ Game တွေကို ကောင်းကောင်းကြီး သာသာယာယာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ (အများစုသော High-end Smartphone အတော်များများမှာ Refresh Rate (60Hz) ရှိပါတယ်)

ပုံမှန်အရည်အသွေးရှိပြီး၊ ကြည့်လို့ကောင်းတယ်လို့ပြောလို့ရတဲ့ Frame Rate က 30fps ဝန်းကျင်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 60Hz/ 60fps ရှိတဲ့ Smartphone တွေနဲ့ ပိုပြီး Refresh Rate မြင့်တဲ့ Smartphone တွေမှာ PUBG ဆော့ကြည့်ရင် Smooth ဖြစ်တာကိုခံစားဖူးကြမယ်ထင်ပါတယ်။

အရမ်း Technical နည်းကျကျကြီးမပြောပဲ အလွယ်ပြောရရင်တော့ Frame Rate (FPS) ဆိုတာ များများရှိလေ ဂိမ်းတကယ်ဆော့တဲ့သူအတွက် ကောင်းလေပါပဲ၊ FPS များလေ ဆော့ရတာ ပေါ့ပေါ့ပါးပါး ရှိလေပါပဲ။ အဲ့လိုမဟုတ်ရင် ဆော့ရတာ အရမ်းလေးပြီး၊ ထစ်သလိုလို ဘာလိုလိုနဲ့ PUBG လိုဂိမ်းမျိုးမှာဆို ကြက်သားမစားရပဲ ကိုယ်ကြည့်ခဏခဏသေနေမှာ 😛 (ROG Phone II လို 120fps ရတဲ့ ဖုန်းနဲ့ PUBG ဆော့ရင်တော့ရှယ်ပဲ)

Gaming Phone အသုံးပြုသူများအတွက် 120fps ထိထုတ်ပေးနိုင်ပြီး ဆော့လို့ကောင်း၊ ဆော့သင့်တဲ့ Game တွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

• 1. Mortal Kombat

• 2. Dead Trigger 2

• 3. Assassin's Creed Rebellion

• 4. Gear.Club - True Racing

• 5. Trials Frontier

• 6. Batman: The Enemy Within

• 7. CSR Racing 2

• 8. DEAD TARGET: Offline Zombie Shooting - Gun Games

• 9. Deer Hunter 2018

• 10. FZ9: Timeshift - Legacy of The Cold War

• 11. Golf Clash

• 12. Golf Star

• 13. Hill Climb Racing 2

• 14. MARVEL Contest of Champions

• 15. Minecraft

• 16. PAC-MAN

• 17. PAC-MAN 256 - Endless Maze

• 18. Real Racing 3

• 19. Sonic Dash 2: Sonic Boom

• 20. Star Forces: Space shooter

• 21. Subway Surfers

• 22. Temple Run 2

• 23. Vainglory

• 24. WWE Champions 2019

• 25. UNKILLED - Zombie FPS Shooting Game

Top