မနေ့ညက Apple Event နဲ့ပတ်သက်ပြီး အသိချင်ဆုံးဖြစ်မဲ့ အချက်တွေကိုပဲ ပြောပြထားပါတယ်

Date: 13/09/2022

❝ မနေ့ညက Apple Event နဲ့ပတ်သက်ပြီး အသိချင်ဆုံးဖြစ်မဲ့ အချက်တွေကိုပဲ ပြောပြထားပါတယ် ❞

.

မနေ့ည (၁၁း၃၀) မှာတော့ အားလုံးစောင့်နေခဲ့ကြတဲ့ Apple ရဲ့ 2022 Spetember Event လေးကတော့ ပြီးသွားပါပြီ။ မိတ်ဆက်သွားတဲ့ products တွေကတော့ -

.

■ iPhone 14 Pro | 14 Pro Max

■ iPhone 14 | 14 Plus

■ AirPods Pro (2nd Gen)

■ Apple Watch Ultra

■ Apple Watch Series 8

■ New Apple Watch SE တို့ပဲ ဖြစ်ပါတယ်။

.

တော်တော်များများရဲ့ Newsfeed မှာလည်း ဒီ Apple Event နဲ့ ပတ်သက်တာတွေ တွေ့ပြီး မြင်ပြီးလောက်ဖြစ်ပြီမို့လို့ အရမ်းရှည်ရှည်ဝေးဝေးတော့ မပြောပြတော့ပါဘူး။ တိုတိုတုတ်တုတ်နဲ့ လိုရင်းကို အသိချင်ကြဆုံး အချက်ကိုပဲ ပြောရမယ်ဆိုရင် -

.

“ပစ္စည်းတွေက ဘယ်တော့လောက် ရောက်နိုင်လဲနဲ့ ဘယ်စျေးလောက် ရှိမှာလဲ”

.

■ iPhone 14 Pro | 14 Pro Max

*******************************

Store မှာ 9th Sept ကနေစပြီး pre-order တင်လို့ရမှာဖြစ်ပြီး 16th Sept မှာ ပစ္စည်းစရမယ်ဆိုပြီး ပြောထားတာဆိုတော့ ဒီဘက်ထဲကို စက်တင်ဘာလ တတိယပတ်လောက်မှာ ပစ္စည်းစဝင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ (ခန့်မှန်းတာ ဖြစ်တာမို့ နည်းနည်းကွာကောင်းကွာနိုင်ပါတယ်)

.


 

■ iPhone 14 | 14 Plus

************************

နှစ်ခုလုံးက 9th Sept ကနေစပြီး pre-order တင်လို့ရမှာ ဖြစ်ပြီးတော့ iPhone 14 ကတော့ 16th Sept ဖြစ်ပြီးတော့ iPhone 14 Plus ကတော့ 7th Oct မှာမှ ပစ္စည်း ရမယ်လို့ ပြောထားပါတယ်။ ဒီဘက်ထဲကို iPhone 14 က အပေါ်က 14 Pro | 14 Pro Max တွေနဲ့ အတူတူ စက်တင်ဘာလ တတိယအပတ်လောက်မှာ ပစ္စည်းစဝင်နိုင်ပြီးတော့ iPhone 14 Plus ကတော့ (၃) ပတ်ကနေ တစ်လလောက် နောက်ကျနိုင်မှာပါ။

.



 

■ AirPods Pro (2nd Gen)

************************

AirPods Pro (2nd Gen) ကတော့ စက်တင်ဘာလ လကုန်ပိုင်းလောက်ဆို ပစ္စည်းဝင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

.


 

■ Apple Watch Ultra | Series 8 | SE

************************

Apple Watch အသစ်လေးတွေမှာ Watch Ultra လေးတွေက စက်တင်ဘာလ လကုန်ပိုင်းလောက်မှာ ပစ္စည်းဝင်နိုင်ပြီးတော့ Series 8 နဲ့ SE အသစ်လေးတွေကတော့ စက်တင်ဘာလ တတိယအပတ်လောက်မှာ ပစ္စည်းဝင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ပစ္စည်းအသစ်တွေ ဝင်တဲ့အခါမှာတော့ အရောင်နဲ့ရွေးချယ်စရာတွေက စစချင်း နည်းနည်းကနေ တဖြည်းဖြည်း များများ ရွေးချယ်စရာလေးတွေ ရှိလာနိုင်မှာပါ။



 

 

စျေးနှုန်းတွေကရော ဘယ်လောက်ရှိမှာလဲ။

************************

စျေးနှုန်းတွေအနေနဲ့ကတော့ အခြေအနေအကြောင်းအမျိုးမျိုးပေါ်ကို မူတည်တာကြောင့် အခုအချိန်မှာ ဘယ်လိုမှကို ခန့်မှန်းလို့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။ Win Mobile World ရဲ့ အစဉ်အလာမပြတ်ထုံးစံလေးအတိုင်းပဲ စိတ်ဝင်စားတဲ့ ပစ္စည်းလေးတွေရှိတယ်ဆိုရင် အခကြေးငွေ တစ်စုံတစ်ရာ ကြိုပေးထားစရာမလိုအပ်ဘဲ Page Messenger ကနေဖြစ်ဖြစ် Hotline ဖုန်းနံပါတ်တွေကို ဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ နာမည်ရယ် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ရယ်ကို ပေးထားလို့ရပါတယ်။ ပစ္စည်းရောက်တာနဲ့ ဆက်သွယ်အကြောင်းကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

.

■ WMW HOTLINE - 09 885 900 800, 09 443 222 888, 09 785 222 888

.

■ Telegram Channel >> (t.me/winmobileworld)

■ Instagram >> (instagram.com/winmobileworld)

■ Facebook >> (facebook.com/winmobileworld)

■ Messenger >> (m.me/winmobileworld)

■ Twitter >> (twitter.com/winmobileworld)

■ Youtube >> (YouTube.com/winmobileworldMM)

■ LinkedIn >> (https://www.linkedin.com/company/winmobileworld/)

■ Website >> (eshop.winmobileworld.com)

 

Top