MIUI 11 မထွက်ခင် Xiaomi ရဲ့ MIUI အကြောင်းတစေ့တစောင်း

Date: 17/09/2019

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

Xiaomi Smartphone တွေ လူကြိုက်များတဲ့အချက်တွေထဲမှာ အားလုံးသဘောကျနှစ်သက်ကြတဲ့ Price to Performance အပြင် MIUI ကလည်း တခုအပါအဝင်ပါ။ MIUI ဆိုတာ Xiaomi (MI) ရယ် User Interface (UI) ရယ်ကိုပေါင်းပြီးပေးထားတဲ့ အမည်တခုပါ။ MIUI (အမ်အိုင်ယူအိုင်) လို့အသံမထွက်ပဲ Me You I (မီယူအိုင်) လို့အသုံထွက်ပါတယ်။ MIUI ဟာ Google ရဲ့ Android Operating System ပေါ်မှာ အခြေခံတည်ဆောက်ထားပြီးတော့ Xiaomi ကနေထုတ်လုပ်တဲ့ Smartphone တွေနဲ့ Tablet တွေမှာအသုံးပြုတဲ့ Redefined Android (Customized Operating System) ဖြစ်ပါတယ်။

အခုဆိုရင် MIUI Version 10 ထိ ထွက်ရှိထားပြီး၊ လာမယ့် Sept 24 ရက်နေ့မှာ MIUI 11 ကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် MIUI 11 မှာ ဘာ Features အသစ်အသစ်တွေပါဝင်လာမလဲဆိုတာ မသိရသေးခင် ယခင်ထွက်ရှိခဲ့တဲ့ MIUI 1 ကနေ MIUI 10 ထိ အကျဥ်းချုပ် ဗဟုသုတအဖြစ်သိရအောင် Xiaomi Fans များအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

❝ MIUI v1 ❞

MIUI ရဲ့ ပထမဦးဆုံး Initial Release ဖြစ်တဲ့ MIUI v1 ကို August 16, 2010 မှာစတင်ပြီး Release လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က Android Version 2.1 (Eclair) ပေါ်မှာ အခြေခံထားတဲ့ MIUI ဖြစ်ပါတယ်။ အဲ့ဒီအချိန်က Android Eclair ဟာ Google ရဲ့ (၅) ခုမြောက် Operating System ဖြစ်ပါတယ်။

❝ MIUI v2 ❞

အဲ့ဒီနောက် ပထမဦးဆုံး MIUI v1 ကို UI Redesigned ပြုလုပ်ခဲ့ပြီး Android 2.1 (Eclair)၊ Android 2.2 (Froyo)၊ Android 2.3 (Gingerbread) တို့ပေါ်မှာ အခြေခံပြီး MIUI v2 ကို Upgrade လုပ်ပေးခဲ့ပါတယ်။

❝ MIUI v3 ❞

Android 2.3.x မှာ Voice Search ပိုင်းနဲ့ပါတ်သတ်ပြီး Bugs ရှိခဲ့တာကြောင့် Google ကနေ Android 2.3.6 ကို Voice Search Bugs ကို Fixed လုပ်ပေးခဲ့တာကြောင့် Xiaomi အနေနဲ့ MIUI v3 ကို အနည်းငယ် Redesigned ပြုလုပ်ပြီး Update ထုတ်ပေးခဲ့ပါတယ်။

❝ MIUI v4 ❞

တဖြေးဖြေးနဲ့ Android UI ကလည်း အသစ်အဆန်းပြောင်းလဲလာသလို ICS လို့ အများခေါ်ကြတဲ့ Android 4.0.4 (Ice Cream Sandwich) ကနေ Android 4.1 (Jelly Bean) ရောက်တဲ့ထိ UI အသစ် ပြောင်းလဲခဲ့တဲ့အပြင် MIUI ရဲ့ လူကြိုက်များတဲ့ Features တခုဖြစ်တဲ့ MIUI Anti-Virus Feature ကို MIUI v4 မှာ စတင်ထည့်သွင်းပေးခဲ့ပါတယ်။

❝ MIUI v5 ❞

ဒီနေရာမှာ တခုထည့်ပြောချင်တာလေးရှိပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ တရုတ်ဖုန်းတွေက ဘာလို့ Google မပါတာလည်းဆိုတဲ့ အတော်များများမသိကြတာလေးကို တိုတိုတုတ်တုတ်ရှင်းပြပေးချင်ပါတယ်။ တရုတ်အစိုးရအနေနဲ့ နိုင်ငံအတွင်းက Data ကို နိုင်ငံရဲ့ Privacy, Data Security, National Interest တွေအရ Online Service တွေနဲ့ Online Products တော်တော်များများကို သူတို့နိုင်ငံရဲ့ Product/ Service တွေကိုသာ အဓိကအသုံးပြုစေတာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ Google နဲ့ Chinese Government ကြားထဲမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

တရုတ်မှာ Google Services တွေ Blocked လုပ်ခံထားရတာကြောင့် Xiaomi အနေနဲ့ Google Play Services ပါဝင်တဲ့ သူ့ရဲ့ Smartphone တွေကို Mainland China ကို တင်ပို့ရောင်းချလို့မရပါဘူး။

အဲ့ဒီလိုနဲ့ Android 4.1.2 (Jelly Bean) နဲ့ Android 4.4.2 (KitKat) ရောက်တဲ့အချိန်မှာ User Interface အသစ်နဲ့အတူ Xiaomi Chinese Version တွေအတွက် အဆိုပါ MIUI v5 ကနေစတင်ပြီး Google Services တွေကို Remove ပြုလုပ်ခဲ့ရပါတယ်။ (MIUI v5 ကို အဆိုပါ ပြောင်းလဲမှုတွေနဲ့အတူ March 1, 2013 မှာ စတင် Release လုပ်ပေးခဲ့တာဖြစ်ပါတယ်)

ဒါပေမယ့် Xiaomi ဟာ သူ့ရဲ့စျေးကွက်ကို ချဲ့ထွင်တဲ့အနေနဲ့ Google Play Services အပြင် Google Apps တွေဖြစ်တဲ့ Gmail, Google Maps, Google Play Store (Pre-installed) ပါဝင်တဲ့ Smartphone တွေကို Global Version အနေနဲ့ ထုတ်လုပ်ပြီး တရုတ်ပြည်ပြင်ပနိုင်ငံတွေကို တင်ပို့ရောင်းချပါတယ်။ (MIUI Global Versions တွေဟာ Google Certified ဖြစ်ပါတယ်)

❝ MIUI v6 ❞

အဲ့ဒီနောက် August 29, 2014 မှာ User Interface အသစ်ပြောင်းလဲပြီး Android 4.4.2 (KitKat) နဲ့ Android 5.0.2 (Lollipop) ပေါ်အခြေခံထားတဲ့ MIUI v6 ကို Release လုပ်ပေးခဲ့ပါတယ်။

❝ MIUI v7 ❞

ဒီအချိန်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း မှတ်မိနေပါသေးတယ် :D Xiaomi ရဲ့ MIUI ကို ကြီးကြီးမားမား အပြောင်းအလဲတခု စတင်ခဲ့တဲ့အချိန်မို့ပါ။ August 13, 2015 မှာ MIUI v7 ကို Release လုပ်ပေးခဲ့ပြီးတော့ အဲ့ဒီ Update မှာ Xiaomi ရဲ့ တချို့ Selected Old Model တွေအပါအဝင် အသစ်ထုတ်လုပ်တဲ့ ဖုန်းတိုင်းကို Bootloader Locked စတင်ပြုလုပ်ခဲ့ပါတယ်။ ( မှတ်မှတ်ရရ Redmi Note 3/ Pro တွေနဲ့စကြုံရတော့တာပဲ :3 )

❝ MIUI v8 ❞

အဲ့ဒီနောက် UI အနည်းငယ်အပြောင်းအလဲပြုလုပ်ပြီး၊ System Apps အချို့ကို Update လုပ်ပေးပြီးတော့ MIUI မှာ လူကြိုက်များတဲ့ Second Space နဲ့ Dual Apps Features ကို စတင်ထည့်သွင်းပေးပြီး June 16, 2016 မှာ MIUI v8 ကို Release လုပ်ပေးခဲ့ပါတယ်။

❝ MIUI v9 ❞

ပြီးတော့ MIUI Developer တွေက Split Screen Features ကို စတင်ထည့်သွင်းခဲ့ပြီး UI အနည်းငယ်ပြောင်းလဲမှုနဲ့အတူ အခြားသော Minor Improvement လေးတွေပြုလုပ်ခဲ့ပြီး August 10, 2017 မှာ MIUI v9 ကို Release လုပ်ပေးခဲ့ပါတယ်။

❝ MIUI v10 ❞

အဲ့ဒီနောက် Recent Apps Screen, Volume Control, Clock, Calendar နဲ့ Notes Apps တွေကို UI အသစ်ပြောင်းလဲခဲ့ပြီး Notifications နဲ့ပါတ်သတ်ပြီး အနည်းငယ်ပြင်ဆင်မှုလေးတွေနဲ့အတူ XiaoAI အဓိကပါဝင်လာပြီး MIUI v10 ကို June 19, 2018 မှာ Release လုပ်ပေးခဲ့ပါတယ်။ (MIUI v10 ကိုတော့ Devices တိုင်းအတွက်မပေးတော့ပဲ​ Android 6.0 (Marshmallow) နဲ့အထက်ကိုပဲ အသုံးပြုစေခဲ့ပါတယ်)

❝ MIUI v11 ❞

Android Version 7.0 (Nougat) နဲ့ အထက် Xiaomi Devices အသုံးပြုတဲ့ Xiaomi Fans အားလုံးရင်ခုန်စွာမျှော်လင့်စောင့်စားလို့ရမယ့် မကြာခင်ရက်ပိုင်းအတွင်း မိတ်ဆက်ပေးတော့မှာဖြစ်တဲ့ MIUI v11 မှာ -

✓ System-wide Dark Theme ပါဝင်လာမယ်

✓ Monochrome ultra power saving mode ပါဝင်လာမယ်

✓ Icons လေးတွေ အသစ်ဖြစ်သွားမယ်

✓ MIUI Animations တွေ ပိုပြီး Smooth ဖြစ်လာမယ်

✓ Automatic Screenshot Management Features ပါဝင်လာမယ် (Screenshot လုပ်ပြီးရင် Edit လုပ်လို့ရမယ့် Options နဲ့အတူ Screenshot Shared လုပ်ပြီးရင် အလိုအလျောက်ဖျက်ပေးမယ့် Features)

✓ Opt-Out Of Adverts Settings ပါဝင်လာမယ် (Ads တွေကို Avoid လုပ်နိုင်မယ့် Features)

စတဲ့စတဲ့ Features တွေကတော့ ပါဝင်လာမှာ သေချာသလောက်ပါပဲ။

ဆိုတော့ MIUI 11 မှာ အဲ့ဒီ Features အသစ်တွေအပြင် အခြားသော ဘာတွေအသစ်အသစ်တွေပါဝင်လာဦးမလဲ? ပြီးတော့ အသစ်ထွက်ရှိမယ့် Mi 9 Pro 5G နဲ့ Mi Mix 5G ကရော ဘယ်လို Specs အလန်းစားတွေနဲ့ ထွက်လာဦးမလဲ?​ Price to Performance ကရော ဒီတခေါက်မှာ ဘယ်လိုအခြေအနေရှိမလဲ? စသဖြင့် စသဖြင့် မေးချင်တာတွေ၊ သိချင်တာတွေကို လာမယ့် September 24, 2019 မှာ ကျွန်တော်တို့နဲ့အတူ စောင့်မျှော်ကြည့်ကြဖို့ ကြိုတင်အသိပေး ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

Top