ရိုးရိုးရှင်းရှင်းနဲ့ Classic ဆန်ဆန် နာရီကြိုက်နှစ်သက်သူတွေအတွက်...
Xiaomi ရဲ့ Eco Products တွေအတော်များများကို အဓိကထုတ်လုပ်နေတဲ့ Mijia ကနေထွက်ထားတဲ့ Classic Edition နာရီလေးတစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း Design ကတော့ အရမ်းကို ရိုးရှင်းပြီးတော့ Classic နာရီတွေလိုမျိုး Design နဲ့လုပ်ထားတာမို့ ဆွဲဆောင်မှုအပြည့်ရှိတယ်။
Display Size ကလည်း 40mm ဖြစ်ပြီး Unisex Design ဖြစ်တာမို့ အမျိုးသား/ အမျိုးသမီး ကြိုက်နှစ်သက်သလို အသုံးပြုနိုင်တယ်။ Body မှာ အသုံးပြုထားတဲ့ Material တွေကလည်း 316L Stainless Steel ဖြစ်တာမို့ အမြဲတောက်ပနေမှာဖြစ်သလို အကြမ်းလည်းခံတယ်။ Display ကိုလည်း Curved Display အပြင် Scratch Resistance Glass နဲ့မို့ တော်ရုံအဆင်းတွေဘာတွေထင်တာမျိုးမဖြစ်ဘူး။
Classic Edition ဖြစ်တာမို့ Build-in Battery အနေနဲ့မဟုတ်ပဲ CR2430 Battery ပြားလေး ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး Battery တစ်ခါထည့်ထားရင် (၂) နှစ်လောက်ထိ ခံနိုင်ရည်ရှိမယ်လို့ဆိုပါတယ်။ Battery ကုန်သွားရင်လည်း နာရီဆိုင်တွေမှာဖြစ်ဖြစ် လဲလို့ရပါတယ်။ အော်... ဒါနဲ့ Mijia Quartz Watch Classic Edition က 3ATM Waterproof ဖြစ်လို့ မိုးရေစိုတာဖြစ်ဖြစ် လက်ဆေးရင်းရေစိုတာမျိုးဖြစ်ဖြစ် ခံနိုင်ရည်ရှိပါတယ်ခင်ဗျာ။
❱ Mijia Quartz Watch Classic Edition with Black Strap - 49,000 MMK
◉ 1 Year Warranty Included