မနက်စာအစုံလုပ်စားလို့ရတဲ့ Donlim 3 in 1 Breakfast Maker
ကျွန်တော်တို့တွေဟာ မနက်စာကို ကြိုက်နှစ်သက်ရာ အမျိုးမျိုးစားသုံးတတ်ကြပါတယ်။ တချို့လည်း ကိုယ်တိုင်လုပ်စားကြသလို တချို့လည်း နီးစပ်ရာဝယ်ယူစားသုံးကြပါတယ်။ အခုမိတ်ဆက်ပေးချင်တဲ့ မီးဖိုချောင်းသုံး Gadget လေးကတော့ မနက်စာကို ကိုယ်တိုင်စနစ်တကျလုပ်စားချင်သူများအတွက် ပေါင်မုန်မီးကင်လို့ရမယ်၊ ကြက်ဥကြော်တာအပြင် ချက်ပြုတ်တာတွေလည်းလုပ်လို့ရဖို့ Pan နဲ့ အိုးတလုံးလည်းပါတဲ့ 3 in 1 Breakfast Maker လေးပဲဖြစ်ပါတယ်ခင်ဗျာ။
ပေါင်မုန့်မီးကင်တာကို အဆင့် (၆) ဆင့်နဲ့ နှစ်သက်တဲ့အနေအထားအထိ ကင်နိုင်တယ်။ 1.2L ဆန်တဲ့ အိုးကတော့ ချက်တာပြုတ်တာတွေအတွက် သုံးလို့ရမယ်။ Pan ကလည်း Non-stick Coated ဖြစ်တာမို့ အိုးကပ်တာတွေဘာတွေ မရှိသလို ဆေးကြောသန့်ရှင်းရတာလည်း လွယ်ကူတယ်။ အသုံးပြုထားတဲ့ Material တွေအားလုံးကလည်း 304 Food Grade Stainless Steel ဖြစ်တာမို့ ကျန်းမာရေးအတွက် စိတ်ချရပါတယ်ခင်ဗျာ။
❱ DL-3405 Donlim 3in1 Breakfast Maker, Bread Maker - 69,000 MMK