ပေါ့ပေါ့ပါးပါး အစားအစာအစုံလုပ်စားလို့ရတဲ့ QCOOKER Multifunction Electric Cooker
မီးဖိုချောင်သုံး Gadget အလန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ Xiaomi ရဲ့ Eco Brand Company တစ်ခုထုတ်လုပ်ထားပြီး Multifunction Electric Cooker ဖြစ်တာမို့ Boiling Pot, Shelf Steamer, Pan တို့ပါဝင်ပြီး ပေါ့ပေါးပါးပါး အစားအစာတွေ အစုံလုပ်စားလို့ရမှာဖြစ်ပါတယ်။
ကျန်းမာရေးအတွက် Safety ဖြစ်အောင်လည်း အသုံးပြုထားတဲ့ Material တွေက 304 Food Grade Stainless Steel ကိုအသုံးပြုထားတယ်။ Boiling Pot ကိုသုံးပြီး ခေါက်ဆွဲပြုတ်တာ၊ ဆန်ပြုတ်ပြုတ်တာ၊ Hotpot လုပ်စားတာ စသည်ဖြင့် အစုံလုပ်စားနိုင်တယ်။ Self Steamer လေးကတော့ ဖက်ထုတ်၊ ပေါက်စီ၊ ကြက်ဥ စတာတွေအပြင် အခြားပေါင်းလို့ရတဲ့ အစားအစားလေးတွေအတွက် အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ကြက်ဥ (၇) လုံးလောက်ထိဆန့်တဲ့ အံခွက်လေးတစ်ခုလည်းပါဝင်ပြီး Pan ကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို ကြော်စားဖို့အတွက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ Cooking Mode (၆) မျိုးထိပါဝင်ပြီး လျှပ်စစ်အန္တရာယ်ကာကွယ်ပေးဖို့အတွက် Over Temperature Protection/ Dry Burning Protection တို့ကို ထည့်သွင်းအသုံးပြုပေးထားပါတယ်ခင်ဗျာ။
ကျွန်တော်တို့မိတ်ဆွေများ အသုံးပြုရလွယ်ကူစေရန်အတွက်လည်း တရုတ်စာတွေကို ဘယ်ခလုတ်က ဘာအသုံးပြုတယ်ဆိုတာကို သေချာရှင်းပြပေးမှာမို့ Gadget Store by Win Mobile World မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။
❱ CR-DR01 QCOOKER Multifunction Electric Cooker - 59,000 MMK