iPhone မှာ Fast Charging စနစ်ရအောင် ဘယ်လိုလုပ်ရမလဲ ?

Date: 27/06/2019

မင်္ဂလာပါခင်ဗျ...

Apple iPhone တွေဟာ ပုံမှန်အားဖြင့် စဝယ်ပြီဆိုကတည်းက ဖုန်းဗူးခွံထဲမှာ 5W Charging Adapter တွေကိုထည့်ပေးပါတယ်။ ၎င်း Adapter ကိုအသုံးပြုပြီး အားသွင်းခြင်းဖြင့် ဖြေးဖြေးနဲ့ ကြာကြာအသုံးခံနိုင်အောင် အားသွင်းပေးတဲ့ စနစ်မျိုးနဲ့ Charging သွင်းစေတာဖြစ်ပါတယ်။ ဒါကြောင့် အားသွင်းကြာချိန်ကတော့ iPhone Model အမျိုးအစားအလိုက် ကွာခြားနိုင်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးဟာ ကျွန်တော်တို့မိတ်ဆွေများအတွက် အားသွင်းမြန်ဆန်အောင် လုပ်ဆောင်လို့ရတဲ့နည်းလမ်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

iPhone တွေမှာ ပုံမှန် Original Adapter တွေနဲ့ အားသွင်းမယ်ဆိုရင် - 0% to 100% (Full Charged) ကို 2:30 (Charging Time) ဝန်းကျင်ခန့်အားသွင်းမှရပါတယ်။ မိတ်ဆွေက Online Game (Eg; Mobile Legend (or) PUBG) အမြဲဆော့နေတဲ့သူဆိုရင်တော့ Original Adapter အသုံးပြုသူအနေနဲ့ အားပြန်ပြည့်ဖို့နေနေသာ အားသွင်းကြိုးတန်းလန်းနဲ့သာဆော့နေရတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗူးခွံထဲမှာပါတဲ့ 5W Charging Adapter အနေနဲ့ မိနစ် 30 ကို 20% ခန့်သာအားဝင်စေတာကြောင့်ဖြစ်ပါတယ်။ (မှတ်ချက် - ဖုန်းအားသွင်းရင်း ဖုန်းအသုံးပြုတာ၊ ဂိမ်းဆော့တာဟာ မိမိဖုန်းရဲ့ Battery သက်တမ်းကို ပိုအကုန်မြန်ဆန်စေပါသည်)

ဒါဆိုရင် ဒီပြဿနာကိုဘယ်လို ဖြေရှင်းကြမလဲဆိုတော့ Fast Charging စနစ်နဲ့ဖြေရှင်းလို့ရပါမယ်။ အဲ့ဒီလို Fast Charging စနစ်နဲ့ Charging သွင်းတဲ့အတွက် အားမြန်မြန်ပြည့်အောင် ဆောင်ရွက်နိုင်သလို အပေါ်မှာပြောသလို Online Game တွေ၊ အခြား Battery ကုန်မြန်စေတဲ့ Game ကြီးတွေဆော့သူများအတွက် အတော်လေးအသုံးဝင်စေမှာဖြစ်ပါတယ်။

ဟုတ်ပြီ၊ Apple iPhone တွေကို Fast Charging ရအောင်လုပ်ဖို့အတွက် Adapter ရွေးချယ်တဲ့နေရာမှာ 12W Adapter, 29W (USB C Charger Adapter) ဆိုပြီး ရှိပါမယ်ခင်ဗျာ။ ဖုန်းဝယ်ရင်ပါတဲ့ Original 5W Adapter နဲ့သွင်းရင်တော့ မိနစ် (၃၀) ကို 20% ခန့်ပဲ ဝင်မှာဖြစ်ပြီး၊ 12W Adapter နဲ့ဆိုရင် မိနစ် (၃၀) ကို 35% ခန့်၊ 29W Adapter နဲ့ဆိုရင် မိနစ် (၃၀) ကို 50% ခန့် အားသွင်းနိုင်မှာဖြစ်ပါတယ်။ (မှတ်ချက် - iPhone Model အမျိုးအစားအလိုက်တော့ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်ခင်ဗျာ)

12W Charger Adapter တွေကို Fast Charging အဖြစ် iPhone 7/ 7 Plus, iPhone 6s/ 6s Plus, iPhone 6/ 6 Plus, iPhone SE, iPhone 5s, iPhone 5c နဲ့ iPhone 5 တို့မှာ အသုံးပြုနိုင်ပါတယ်။ 

iPhone XS, iPhone XS Max, iPhone XR, iPhone X, iPhone 8/ 8 Plus တို့မှာ Fast Charging စနစ်ရရှိဖို့အတွက် USB Type-C Charger Adapter ခေါင်းဖြစ်တဲ့ 29W USB-C Adapter နဲ့အတူ USB-C to Lightning Cable (1m [or] 2m) ပါတွဲဖက်ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာ။ (USB-C Adapter ဖြစ်တဲ့အတွက် USB-C Port ကနေ iPhone ကိုအားသွင်းလို့ရမယ့် Lightning ခေါင်းကိုကူးပြောင်းပေးဖို့အတွက်ပါ)

ကျွန်တော်တို့ဆိုင်မှာ ဝယ်ယူရရှိနိုင်မယ့် Adapter အမျိုးအစားလေးတွေနဲ့ စျေးနှုန်းလေးတွေကိုလည်း လေးစားတန်ဖိုးထားရတဲ့ မိတ်ဆွေများအတွက် တခါတည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

• Apple 5W USB Power Adapter - 14,000 Ks
• Apple 12W USB Power Adapter - 19,000 Ks
• 29W USB-C Power Adapter - 58,000 Ks
• Lightning to USB Cable (1m) - 15,000 Ks
• USB-C to Lightning Cable (1m) - 35,000 Ks

Top